ခွင့်ပြုချက်မရဘဲ မြေငှါးပေါ်တွင် တည်မြဲသော အဆောက်အဦးဆောက်ခွင့်မရှိ

ခွင့်ပြုချက်မရဘဲ မြေငှါးပေါ်တွင် တည်မြဲသော အဆောက်အဦးဆောက်ခွင့်မရှိ - Property Knowledge in Myanmar from iMyanmarHouse.com
4 Dec 2018 1:16 pm တွင် တင်ခဲ့သည်
1427 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ကျွန်တော်၏ ကျောင်းနေဖက် မိတ်ဆွေဖြစ်သူ ဦးမြတ်သူသည် သူ ဝယ်ယူထားသော သန်လျင်မြို့နယ် ၊ သီလဝါဆိပ်ကမ်းအနီးရှိ မြေကွက်တွင် ငှါးရမ်းထားသော အိမ်ငှါးမှ ပိုင်ရှင်ခွင့်ပြုချက်မယူဘဲ အဆောက်အဦးတည်ဆောက်နေသောကြောင့် ဖယ်ရှားလို၍ မည်သို့ပြုလုပ်ရမည်ကို အကြံညဏ်တောင်းခံလာလေသည် ။ထို့ကြောင့် မိမိမှ ကူညီရှင်းပြပေးရပြန်သည် ။

အဲဒီမြေအငှါးဟာ ပစ္စည်းလွှဲပြောင်းခြင်း ၊ အက်ဥပဒေပုဒ်မ ၁၀၈(တ)တတွင် ငှါးယူသူသည် အငှါးချထားသူ၏သဘောတူညီချက်အရ မဟုတ်ဘဲ ပစ္စည်းတွင် တည်မြဲသော အဆောက်အဦးမဆောက်လုပ်ရဟု ပြဋ္ဌာန်းထားတယ် ။ဒါကြောင့် သူတို့ဟာ ငှါးရမ်းသူ၏ တာဝန်များကို ဖောက်ဖျက်ရာရောက်တဲ့အတွက် “ မောင်ခင်မောင် နှင့် ဒေါ်လှရင် ပါ ၂ ၊ ၁၉၄၈ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာ-၄၈၁ ” အမှုတွင် ငှါးရမ်းသူက အငှါးချထားသူ၏သဘောတူညီချက်မရှိဘဲ ၊ အခိုင်အမာ အဆောက်အဦးကို ဆောက်လုပ်ပါက အငှါးချထားမှု တာဝန်ချိုးဖောက်ရာ ရောက်သဖြင့် အငှါးချထားသူသည် ငှါးရမ်းသူအား ဖယ်ရှားခွင့်ရကြောင်း ထုံးဖွဲ့ထားတယ် ”

“ မြေငှါးတွေဟာ လွယ်လွယ်နဲ့ ဖယ်ရှာပေးမှာ မဟုတ်လို့ ၁၉၆၀ ပြည့်နှစ် ၊ မြို့ပြဆိုင်ရာငှါးရမ်းခ ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂(၁)(က) (ဒုတိယပိုင်း)နှင့် ၁၂(၁)(ဂ)တို့အရ တရားစွဲဆိုရမှာဖြစ်ပြီး တရားစွဲဆိုပိုင်ခွင့် ရှိသည်အချိန်မှစ၍ ကာလစည်းကမ်းသတ်အက်ပဒေပထမဇယားအမှတ်စဉ် ၁၂၀ အရ ၆ နှစ်အတွင်းတရားစွဲဆိုရမယ် ”

“ အိမ်နှင်လိုမှု တရားမစွဲမှီ အိမ်ရှင်က အိမ်ငှါးအား ကြိုတင်အကြောင်းကြားစာများ ပေးပို့ရမည်ဟု ပြဋ္ဌာန်းချက်များမရှိပါ ။ သို့ရာတွင် ပုဒ်မ ၁၂(၁)(က)မှ(စ) အထိ ပြဋ္ဌာန်းချက်များမှာ အိမ်ရှင်က အိမ်ငှါးအပေါ် အိမ်နှင်လိုမှု စွဲဆိုရန်အကြောင်းပြချက်များ ဖြစ်သည့်အတွက် ယင်းပုဒ်မများအရ တရားမစွဲဆိုမှီ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၀၆ အရ အိမ်ရှင်က အိမ်ငှါးအပေါ် အိမ်ရှင်အိမ်ငှါးဆက်သွယ်မှု ရုပ်သိမ်းကြောင်း အကြောင်းကြားစာ ပေးပို့ရန် လိုတယ် ။ နောက်ပြီး ၁၅ရက် ကြိုတင်ပြီး နို့တစ်စာ ရရှိစေရန်ပေးပို့ရမယ် ။ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၀၆ ၌ စာတိုက်မှဖြစ်စေ ၊ လူကိုယ်တိုင်ဖြစ်စေ အကြောင်းကြားစာကို ပေးပို့သည့်အခါ လိပ်စာရှင် သို့မဟုတ် အတူနေလိပ်စာရှင်၏ မိသာစု သို့မဟုတ် အတူနေအိမ်ဖော်သို့ ပေးအိပ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ် ”

ထိုအခါ ဦးမြတ်သူက “ ဟုတ်ပါပြီ သူငယ်ချင်းရယ် ။အဲဒါတွေကို အကုန်လုံး အမှားအယွင်းမရှိအောင် လုပ်နိုင်ပါတယ် ။ လုပ်လည်း လုပ်ပါမယ် ။ဒါပေမဲ့ ကိုယ်သိချင်တာက ကိုယ်တို့ဖြစ်စဉ်နဲ့တူပြီး အိမ်ငှါများက ဥပစာကနေ ဖယ်ရှားသွားရမျိုးကိုတော့ စီရင်ထုံးရှိသလား” ဟု မေးသဖြင့် ကျွန်တော်က “ ဟာ ရှိပါပြီကော သူငယ်ချင်းရယ် ။တရားရုံးချုပ် အထူးခုံရုံးကတောင် ဆုံးဖြတ်စီရင်ထုံးထားတာရှိတယ် ။ အဲဒါလေးကို ကိုယ်ရှင်းပြပေးပါမယ် ။ မင်းအချိန်ရတယ် မဟုတ်လား ” ဟု ပြောပြီး ဆက်လက်၍

“ ဦးဝင်းနှင့် ဦးဖြူပါ ၂ ၊ ၁၉၉၇ ခုနှစ် ၊မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာ-၁၁၄ ” စီရင်ထုံးကို ညွှန်းဆိုပါရစေ ”

“ အမှုမှာ မြင်းခြံမြို့နယ်တရားရုံး ၊ ၁၉၈၉ ခုနှစ် ၊ တရာမကြီးမှု အမှတ် ၁၄ တွင် အယူခံတရားလို ဦးဝင်းက အယူခံတရားပြိုင်များဖြစ်သော ဦးဖြူနှင့်ဒေါ်ရီတို့အပေါ် ၁၉၆၀ ပြည့်နှစ် ၊ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂(၁)(က) (ဒုတိယပိုင်း) နှင့် ၁၂(၁)(ဂ)တို့အရ ငှါးရမ်းထားသည့် မြေပေါ်မှ ဖယ်ရှားနှင်ထုတ်ပေးစေလိုမှု စွဲဆိုရာ အမှုပလပ်ခြင်း ခံရပါတယ် ။မြို့နယ်တရားရုံးရဲ့ စီရင်ချက်နှင့် ဒီကရီကို မကျေနပ်သဖြင့် မန္တလေးတိုင်းတရားရုံး ၊ ၁၉၉၂ ခုနှစ် ၊ တရားမ အယူခံမှု အမှတ် ၄၅ (မြင်းခြံခရိုင်) ဖြင့် အယူခံ ဝင်ရောက်သော်လည်း အောင်မြင်ခြင်း မရှိပေ ။ဦးဝင်းက တရားရုံးချုပ် (မန္တလေးရုံးထိုင်)သို့ ဆက်လက်အယူခံတင်သွင်းသည့်အခါတွင်လည်းအယူခံလွှာကို အကျဉ်းနည်းဖြင့် ပလပ်ခြင်းခံရတယ် ”

“ တရားရုံးချုပ်၏ ဒီကရီကို တရားစီရင်ရေးဥပဒေပုဒ်မအရ ပြန်လည်စစ်ဆေးစီရင်ပေးရန် ဦးဝင်းက ၁၉၉၄ ခုနှစ် ၊ တရားမအထွေထွေ လျှောက်လွှာအမှတ် (အထူး) ၅ ဖြင့် လျှောက်ထားသောအခါ တရားရုံးချုပ် အထူးခုံရုံးက အောက်ပါပြဿနာများကို စိစစ်ကြားနာရန် အထူးအယူခံဝင်ခွင့်ပြုခဲ့တယ် ”

“ ပြဿနာ(၁)မှာ မြေရှင်၏ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိဘဲ အဆောက်အဦအခိုင်အမာ ဆောက်လုပ်ခဲ့ခြင်းသည် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၀၈ တွင် ပြဋ္ဌာန်း ထားသည် ငှါးရမ်းသူ၏ တာဝန်များကို ဖောက်ဖျက်ရာ ရောက်မရောက်နှင့် ပြဿနာ (၂)မှာ စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိဘဲ အဆောက်အအုံ ဆောက်လုပ်သည့်အတွက် စည်ပင်သာယာရေးဥပဒေအရ ပြစ်မှုထင်ရှားစီရင်ခံရခြင်းအားဖြင့် လျှောက်ထားခံရသူများသည် အချင်းဖြစ်ဥပစာကို တရားဥပဒေနှင့် ဆန့်ကျင်သုံးစွဲခဲ့သည်ဟု ကောက်ယူနိုင်ခြင်း ရှိမရှိကို မေးထားပါတယ် ။

“ မြင်းခြံမြို့ ၊ အကွက်အမှတ် ၂၀/က ၊ ဦးပိုင်အမှတ် ၂/၇၆-၇၇ ၊ ဧရိယာ ၀.၁၂၉ ကျယ်ဝန်သည့် ဘိုးဘွားပိုင် ၊ ဝိုင်းမြေအနက်မှ အရှေ့ ဒေါ်စတီးအငှါးနေသော မြေ ၊ အနောက်လမ်း/တောင်လမ်း ၊ မြောက်ကိုမှု အငှါးနေသောမြေ ၊ နယ်လေးရပ်ကွက်အတွင်းရှိ ဝိုင်းမြေကို ဦးဖြူနှင့် ဒေါ်ရီတို့က မြေရှင်ဒေါ်ထယ်ထံမှ တစ်လလျှင် ငွေကျပ် ၆၀/-နှုန်းဖြင့် လစဉ်ငှါးစနစ်အရ ငှါးရမ်း၍ နေအိမ်ဆောက်လုပ်နေထိုင်ခဲ့တယ်”

“ ၁၉၈၀-၈၁ ခုနှစ်မှာ ၊ မြေရှင် ဒေါ်ထယ် ကွယ်လွန်သွား၍ ဦးဖြူတို့က မြေငှါးခများကို ဦးဝင်းထံ ပေးသွင်းခဲ့တယ် ။ ၁၉၆၀ ပြည်နှစ် ၊ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၂(ဂ)အရ ဦးဝင်သည် ထိုအချိန်မှ စ၍ ဦးဖြူတို့၏ မြေရှင်ဖြစ်လာတယ် ”

“ ပစ္စည်း လွှဲပြောင်းခြင်း အက်ဥပဒေပုဒ် ၁၀၈ (တ)တွင် ငှါးယူသူသည် အငှါးချထားသူ၏ သဘောတူညီချက်အရမဟုတ်ဘဲ ပစ္စည်းတွင် တည်မြဲသောအဆောက်အဦး မဆောက်လုပ်ရဟု ပြဋ္ဌာန်း ထားပါတယ် ”

“မြေရှင်ဦးဝင်း၏ သဘောတူ ခွင့်ပြုချက်ကို ဦးဖြူတို့က ရယူခြင်း မရှိဘဲ ၅ပင် ၃ ပင် ၊ အလျား ၃၄ ပေ ၊ အနံ ၂၄ ပေ ၊ အမြင့် ၉ ပေရှိ သွပ်မိုး ၊ထရံကာ ၊ သမံတလင်းခင်း ၊ အဆောက်အဦးကို ၅ လက်မပတ်လည်တိုင်းများဖြင့် အခိုင်အမာဆောက်လုပ်ခဲ့ပြီးနောက် မြို့သန့်ရှင်းသာယာရေ “ ဂဠုန်” စီမံချက်အရ ၊ မူလအဆောက်အဦးကို ပြင်ဆင်ခြင်းဖြစ်ကြောင်း ချေပတယ် ။ သို့ရာတွင် ထင်ရှားအောင်သက်သေမပြနိုင်ပါ ”

“ အငှါးချထားသူ၏ သဘောတူညီချက်မရဘဲ ဦးဖြူတိုသည် အငှါးချထားသည့် မြေတွင် တည်မြဲသော အဆောက်အဦးအသစ် ဆောက်လုပ်ကြောင်း ပေါ်လွင်ထင်ရှားတယ် ”

“ သို့ဖြစ်ပါ၍ ကြားနားလျက်ရှိသည့် အမှတ် (၁) ပြဿနာနှင့် စပ်လျဉ်း၍ အယူခံတရားပြိုင်တို့သည် အငှါးချထားသည့် မြေပေါ်တွင် မြေရှင်၏ ခွင့်ပြုချက်တစ်စုံတစ်ရာ မရှိဘဲ ၊ အဆောက်အဦးအခိုင်အမာ ဆောက်လုပ်ခဲ့ခြင်းသည် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၀၈ တွင် ပြဋ္ဌာန်းထားသည့် ငှါးရမ်းသူ၏ တာဝန်များကို ဖောက်ဖျက်ရာရောက်ကြောင်း ဖြေဆိုလိုက်တယ် ” “ အမှတ် (၂) ပြဿနာနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်တစ်စုံတစ်ရာ မရှိဘဲ အဆောက်အဦးလုပ်သည့်အတွက် စည်ပင်သာယာဥပဒေအရ ပြစ်မှုထင်ရှား စီရင်ခံရခြင်းကြောင့် အချင်းဖြစ်ဥပစာကို တရားဥပဒေ နှင့် ဆန့်ကျင်သုံးစွဲခဲ့သည်ဟု ကောက်ယူနိုင်ခြင်းမရှိကြောင်း ဖြေကြားကာ ဤအထူးအယူခံကို ခွင့်ပြုပြီး တရားရုံးအဆင့်ဆင့်၏ စီရင်ချက်နှင့် ဒီဂရီကို ပယ်ဖျက်ကာ အယူခံတရားလို ဦးဝင်းအား အနိုင်ဒီဂရီ ဆုံးဖြတ်ချမှတ်ခဲ့ပါတယ် ”

 

Credit: ကြယ်နီလေး (ဥပဒေ)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service