အိမ်ရှင်အိမ်ငှါး နှင့် အိမ်ငှါးရမ်းခပြဿနာ

အိမ်ရှင်အိမ်ငှါး နှင့် အိမ်ငှါးရမ်းခပြဿနာ - Property Knowledge in Myanmar from iMyanmarHouse.com
12 Oct 2018 1:17 pm တွင် တင်ခဲ့သည်
2893 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

‘အိမ်ငှါးရမ်းခက တစ်နှစ်ပြီး တစ်နှစ်တိုးကောက်နေတဲ့ကိစ္စကို ဘယ်လိုညှိနှိုင်းဆောင်ရွက်နိုင်ပါသလဲဆရာ ’ ဟု မိတ်ဆွေတစ်ဦးကစာရေးသူထံ လာရောက်ဆွေးနွေးပါသည် ။

‘ နှစ်ချုပ်နဲ့ ငှါးရမ်းတွေထိုင်တာလား ။နှစ်ချုပ်နဲ့ ငှါးရမ်းနေထိုင်တာလား ။နှစ်ချုပ်ဆိုရင်တော့ ကုန်ဈေးနှုန်းကြီးမြင့်မှုပေါ်မူတည်ပြီး အကြောင်းပြပြီး အိမ်ငှါးရမ်းခတွေ တက်ကြတယ် ’

‘ နှစ်ချုပ်ကတော့ ဟုတ်ပါတယ် ဆရာ ၊ တချို့အိမ်ပွဲစားတွေက ငှါးရမ်းခတိုးလို့ရမယ်ဆိုပြီး ပွဲခရအောင် အိမ်ငှါးပြောင်းတင်းတာမျိုးတွေ လည်း ရှိတတ်ပါတယ် ’

‘ ဟုတ်ပါတယ်။ ဒါကြောင့်မို့ အိမ်ငှါးရမ်းခတွေက မတည်ငြိမ်ဘဲ ကြိုက်ဈေးပေါ်အခြေတည်ပြီး ငှါးရမ်းနေထိုင်ကြတာဖြစ်တယ် ’

‘ ကျွန်တော်တို့က နှစ်ချုပ်ငှါးနေတာမဟုတ်ဘူးဆရာ ။အပျောက်စနစ်နဲ့ဝယ်ထားတာ ။ ဓလေ့ထုံးစံအရ အပျောက်စနစ်နဲ့ဝယ်ထားလည်း မြေရှင်ကို ငှါးရမ်းခပေးနေရတာက အဆင်မပြေဘူးဆရာ ’

‘ ပြောပါဦး ၊ ဘယ်လိုဖြစ်လို့လဲ ။အပျောက်စနစ်နဲ့ ဝယ်ထားတာ ကြာပြီးလာ ။အိမ်ငှါးရမ်းခကို ဘယ်ကို စာချူပ်ဆိုထားပါသလဲ ’

‘ဝယ်ထားတာတော့ (၁၀) နှစ်လောက်ရှိပြီဆရာ ။ကျွန်တော့်မိဘတွေ လက်ထက်ကဝယ်ထားတာပါ ’

‘ ယခင်တုန်းက ဘယ်လောက်ပေးရသလဲ ’

‘ တစ်လ ငါးရာလားပဲဆရာ ။ အခု တစ်ထောင်ကျပ်ပေးရတယ် ။နောက်နှစ်ဆို ထောင့်ငါးရာကျပ်ဆိုပြီးပြောနေလို့ဆရာ ’

‘ မောင့်ရင့်မိဘတွေက ကွယ်လွန်သွားကြပြီးလား’

‘ ဟုတ်တယ်ဆရာ’

‘ ငှါးရမ်းခပြေစာမှာ မိဘအမည်နဲ့ပေါ့ ’

‘ ဟုတ်ပါတယ်ဆရာ ၊ အဖေ့နာမည်နဲ့ ပြေစာဖြတ်ပါတယ် ’

‘ ပြောင်းရင် အမည်ပြောင်းခပေးရမယ် ဆိုလို့ ကျွန်တော်လည်း အမည်မပြောင်းတော့ဆရာ ’

‘အင်း ၊ မြေရှင်တွေကလည်း အမည်ပြောင်းခကို မရမနေတောင်းဆိုတတ်ကြတာကို ။မိဘနဲ့ အတူနေတဲ့ သားသမီးအမည်ပြောင်းတာကိုပဲ အမည်ပြောင်းခလိုချင်ကြတယ် ’

‘ ဟုတ်တယ်ဆရာ ၊ ဥပဒေအရ အတူနေသားသမီး ၊ အိမ်ငှါးအဖြစ် ဆက်မဖြစ်ဘူးလား ’

‘ ဥပဒေအရတော့ အိမ်ငှါးဆိုသည်မှာ တရားမကျင့်ထုံး ဥပဒေပါ ပုဒ်မ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် တရားဝင်ကိုယ်စားလှယ်များလည်းပါဝင်ပါတယ်လို့ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေး ဥပဒေပုဒ်မ ၂(ဆ)မှာ အဓိပ္ပါယ်ဖွင့်ဆိုထားတယ်’

‘ တရားဝင် ကိုယ်စားလှယ်ဆိုတာက ကွယ်လွန်သွားသူရဲ့ အမွေစားအမွေခံများကို တရားမကျင့်ထုံးအရ တရားဝင်ကိုယ်စားလှယ်များလို့ သတ်မှတ်ပါတယ် ’

‘ ဒါဆိုရင် ကျွန်တော်တို့က အတူနေသားသမီးဆိုတော့ ကွယ်လွန်သွားတဲ့ အဖေရဲ့ တရားဝင်ကိုယ်စားလှယ်လို့ ပြောရင်ဖြစ်တာပေါ့နော် ’

‘ မှန်ပါတယ် ။ဖခင်နဲ့အတူနေခဲ့တဲ့ သားသမီးတွေကတော့ အဆိုပါ အိမ်ခန်းမှာတရားဝင် ကိုယ်စားလှယ်အဖြစ်နဲ့ အိမ်ငှါးဖြစ်လာမှာဖြစ်ပါတယ် ’

‘ ဒါဆိုရင် ဖခင်အမည်နဲ့ လခပေးနေရင်လည်း ကျွန်တော်က တရားဝင်အိမ်ငှါးပေါ့နော်’

‘ ဥပဒေအရတော့မှန်ပါတယ်’

‘ ဒါဆိုရင် ဒီတစ်ခေါက်အိမ်လခတိုးကောက်ရင် တိုးမပေးဘဲနေလို့ ရပါသလားဆရာ’

‘ ပတ်ဝန်းကျင်အဆောက်အဦး တိုက်ခန်းတွေရဲ့ အခြေအနေကိုလည်း လေ့လာထားသင့်ပါတယ် ’

‘ အချို့တိုက်ခန်းပိုင်ရှင်တွေက တိုးပြီးမပေးတော့ဘူးလို့ ပြောကြတယ်ဆရာ’

‘ တစ်တိုက်လုံးက တိုက်ခန်းနေသူတွေ ညီညွတ်ကြရင်တော့ ဖြစ်သွားမှာပါ ’

‘ အိမ်ငှါးခတိုးမပေးလို့ အိမ်လခမယူဘူးဆိုရင် ဘယ်လိုဖြစ်နိုင်သလဲဆရာ ။အချို့ကပြောတာတော့ အိမ်ခန်းက နှင်ချခွင့်ရှိတယ်လို့ ပြောတဲ့ သူတွေလည်းရှိတယ်ဆရာ ’

‘ မပြေလည်းဘူးဆိုရင်တော့ အမှုအခင်းအထိ ဖြစ်တတ်ကြတာ ၊ သဘာဝပဲလေ’

‘ ဥပဒေအရတော့ အိမ်ငှါးက အိမ်လခမပေးလို့ အိမ်နှင်လိုမှုအဖြစ် တရားစွဲခွင့်တော့ရှိပါတယ် ။ ဒါပေမဲ့ အခုကိစ္စက အိမ်လခတိုးကောက်လို့ အိမ်ငှါးတွေက မပေးတာဆိုတော့ အိမ်ငှါးရမ်းခအနည်းအများအပေါ် ကွာခြားမှုကိစ္စက အဓိက ဖြစ်နေတယ် ’

‘ အဲဒီလိုဖြစ်လာရင် ကျွန်တော်တို့က ဘယ်လိုဆောင်ရွက်လို့ရမလဲ ။ဥပဒေအရဘယ်လိုအကာအကွယ်ရနိုင်မလဲဆိုတာ သိထားချင်လို့ ပါ ’

‘ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၆ မှာ အိမ်ငှါးက အိမ်ငှါးရမ်းခကို အိမ်ရှင်အားပေးသော်လည်း အိမ်ရှင်က လက်မခံလျှင် အဆိုပါငှါးရမ်းခကို ငှါးရမ်းခကြီးကြပ်ရေးဝန်ထံ ပေးသွင်းနိုင်တယ်လို့ ပြဠာန်းထားပါတယ် ’

‘ ဆရာပြောတဲ့ ငှါးရမ်းခကြီးကြပ်ရေးဝန်ဆိုတာ ဘယ်သူ့ကိုပြောတာလဲဆရာ’

‘ ဥပဒေအရ ငှါးရမ်းခကြီးကြပ်ရေးဝန်ဆိုတာ မြို့နယ်အုပ်ချုပ်ရေှးမှူးကို ဆိုလိုတာဖြစ်တယ်’

‘ ဒါဆိုရင် ကျွန်တော်တို့က အိမ်လခ တိုးမပေးလို့ အိမ်ရှင်ကမယူရင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ သွားရောက်ပေးသွင်းနိုင်တယ်ပေါ့နော် ’

‘ ဒီ သဘောလို့ ပြောရမှာပဲ ။ဒါပေမဲ့ ဒီအတိုင်းပေးသွင်းလို့တော့မရဘူး ။ပေးသွင်းခွင့်လျှောက်လွှာတင်သွင်းရပါတယ် ။အုပ်ချုပ်ရေးမှူးရုံးက အိမ်ရှင်ထံ အကြောင်းကြားပြီး နှစ်ဖက်တင်ပြချက်ပေါ်မူတည်ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ် ’

‘ အိမ်ရှင်ကတော့ ပြောမှာပေါ့ဆရာ ၊ အကြောင်းအမျိုးမျိုးကြောင့် အိမ်လခတိုးကောက်တာကို မပေးလို့ မယူတာဆိုပြီး ပြောမှာပေါ့ဆရာ ။ငှါးရမ်းခကြီးကြပ်ဝန်က အိမ်ငှါးခကို သတ်မှတ်ဆုံးဖြတ်ပေးလို့ရပါသလား ’

‘ ဥပေဒအရတော့ စံငှါးရမ်းခ သတ်မှတ်ပေးပါဆိုပြီး တောင်းဆိုခွင့်ရှိကြောင်း ငှါးရမ်းခကြီးကြပ်ရေး ဥပဒေပုဒ်မ ၂၇ မှာ ပြဠာန်ထားတယ် ’

‘ စံငှါးရမ်းခဆိုတာ ဘယ်လိုငှါးရမ်းခမျိုးလဲ ဆရာ ’

‘ အိမ်ရှင်ကဖြစ်စေ ၊ အိမ်ငှါးကဖြစ်စေ ၊ ကောက်ခံနေတဲ့ ငှါးရမ်းခနဲ့ ပတ်သက်လို နည်းတယ် ၊ များတယ် စသည်ဖြင့် အငြင်းပွားမှုရှိနေရင် ငှါးရမ်းခကြီးကြပ်ရေးဝန်ထံ သင့်လျော်တဲ့ စံငှါးရမ်းခ သတ်မှတ်ပေးဖို့ လျှောက်ထားခွင့်ရှိတယ် ’

‘ ငှါးရမ်းခကြီးကြပ်ရေးဝန်က စုံစမ်းပြီး သတ်မှတ်ပေးရမှာပေါ့နော် ’

‘ ငှါးရမ်းခကြီးကြပ်ရေးဝန်က အိမ်ရှင်အိမ်ငှါးနှစ်ဖက်စလုံးကို ခေါ်ယူပြီး နှစ်ဖက်တင်ပြချက်အပေါ် အခြေတည်လို့ သင့်လျော်တဲ့ အိမ်ငှါးခ (စံငှါးရမ်းခ)ကို သတ်မှတ် အမိန့်ချမှတ်ပေးနိုင်ပါတယ် ’

‘ အဲဒီစံငှါးရမ်းခအမိန့်ကို အိမ်ရှင်က လက်ခံရမှာပေါ့နော် ’

‘ မှန်ပါတယ် ’ ဟု အကြံပြုဆွေးနွေးလိုက်ပါသည် ။

 

Credit: ထီးယု (ဥပဒေအတိုင်ပင်ခံ)

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service