အိမ်ရှင်အိမ်ငှါး နှင့် အိမ်ငှါးရမ်းခပြဿနာ - Property Knowledge in Myanmar from iMyanmarHouse.com
2895 Views

အိမ်ရှင်အိမ်ငှါး နှင့် အိမ်ငှါးရမ်းခပြဿနာ

Knowledge | Posted by Aye Myat Thu

‘အိမ်ငှါးရမ်းခက တစ်နှစ်ပြီး တစ်နှစ်တိုးကောက်နေတဲ့ကိစ္စကို ဘယ်လိုညှိနှိုင်းဆောင်ရွက်နိုင်ပါသလဲဆရာ ’ ဟု မိတ်ဆွေတစ်ဦးကစာရေးသူထံ လာရောက်ဆွေးနွေးပါသည် ။

‘ နှစ်ချုပ်နဲ့ ငှါးရမ်းတွေထိုင်တာလား ။နှစ်ချုပ်နဲ့ ငှါးရမ်းနေထိုင်တာလား ။နှစ်ချုပ်ဆိုရင်တော့ ကုန်ဈေးနှုန်းကြီးမြင့်မှုပေါ်မူတည်ပြီး အကြောင်းပြပြီး အိမ်ငှါးရမ်းခတွေ တက်ကြတယ် ’

‘ နှစ်ချုပ်ကတော့ ဟုတ်ပါတယ် ဆရာ ၊ တချို့အိမ်ပွဲစားတွေက ငှါးရမ်းခတိုးလို့ရမယ်ဆိုပြီး ပွဲခရအောင် အိမ်ငှါးပြောင်းတင်းတာမျိုးတွေ လည်း ရှိတတ်ပါတယ် ’

‘ ဟုတ်ပါတယ်။ ဒါကြောင့်မို့ အိမ်ငှါးရမ်းခတွေက မတည်ငြိမ်ဘဲ ကြိုက်ဈေးပေါ်အခြေတည်ပြီး ငှါးရမ်းနေထိုင်ကြတာဖြစ်တယ် ’

‘ ကျွန်တော်တို့က နှစ်ချုပ်ငှါးနေတာမဟုတ်ဘူးဆရာ ။အပျောက်စနစ်နဲ့ဝယ်ထားတာ ။ ဓလေ့ထုံးစံအရ အပျောက်စနစ်နဲ့ဝယ်ထားလည်း မြေရှင်ကို ငှါးရမ်းခပေးနေရတာက အဆင်မပြေဘူးဆရာ ’

‘ ပြောပါဦး ၊ ဘယ်လိုဖြစ်လို့လဲ ။အပျောက်စနစ်နဲ့ ဝယ်ထားတာ ကြာပြီးလာ ။အိမ်ငှါးရမ်းခကို ဘယ်ကို စာချူပ်ဆိုထားပါသလဲ ’

‘ဝယ်ထားတာတော့ (၁၀) နှစ်လောက်ရှိပြီဆရာ ။ကျွန်တော့်မိဘတွေ လက်ထက်ကဝယ်ထားတာပါ ’

‘ ယခင်တုန်းက ဘယ်လောက်ပေးရသလဲ ’

‘ တစ်လ ငါးရာလားပဲဆရာ ။ အခု တစ်ထောင်ကျပ်ပေးရတယ် ။နောက်နှစ်ဆို ထောင့်ငါးရာကျပ်ဆိုပြီးပြောနေလို့ဆရာ ’

‘ မောင့်ရင့်မိဘတွေက ကွယ်လွန်သွားကြပြီးလား’

‘ ဟုတ်တယ်ဆရာ’

‘ ငှါးရမ်းခပြေစာမှာ မိဘအမည်နဲ့ပေါ့ ’

‘ ဟုတ်ပါတယ်ဆရာ ၊ အဖေ့နာမည်နဲ့ ပြေစာဖြတ်ပါတယ် ’

‘ ပြောင်းရင် အမည်ပြောင်းခပေးရမယ် ဆိုလို့ ကျွန်တော်လည်း အမည်မပြောင်းတော့ဆရာ ’

‘အင်း ၊ မြေရှင်တွေကလည်း အမည်ပြောင်းခကို မရမနေတောင်းဆိုတတ်ကြတာကို ။မိဘနဲ့ အတူနေတဲ့ သားသမီးအမည်ပြောင်းတာကိုပဲ အမည်ပြောင်းခလိုချင်ကြတယ် ’

‘ ဟုတ်တယ်ဆရာ ၊ ဥပဒေအရ အတူနေသားသမီး ၊ အိမ်ငှါးအဖြစ် ဆက်မဖြစ်ဘူးလား ’

‘ ဥပဒေအရတော့ အိမ်ငှါးဆိုသည်မှာ တရားမကျင့်ထုံး ဥပဒေပါ ပုဒ်မ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် တရားဝင်ကိုယ်စားလှယ်များလည်းပါဝင်ပါတယ်လို့ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေး ဥပဒေပုဒ်မ ၂(ဆ)မှာ အဓိပ္ပါယ်ဖွင့်ဆိုထားတယ်’

‘ တရားဝင် ကိုယ်စားလှယ်ဆိုတာက ကွယ်လွန်သွားသူရဲ့ အမွေစားအမွေခံများကို တရားမကျင့်ထုံးအရ တရားဝင်ကိုယ်စားလှယ်များလို့ သတ်မှတ်ပါတယ် ’

‘ ဒါဆိုရင် ကျွန်တော်တို့က အတူနေသားသမီးဆိုတော့ ကွယ်လွန်သွားတဲ့ အဖေရဲ့ တရားဝင်ကိုယ်စားလှယ်လို့ ပြောရင်ဖြစ်တာပေါ့နော် ’

‘ မှန်ပါတယ် ။ဖခင်နဲ့အတူနေခဲ့တဲ့ သားသမီးတွေကတော့ အဆိုပါ အိမ်ခန်းမှာတရားဝင် ကိုယ်စားလှယ်အဖြစ်နဲ့ အိမ်ငှါးဖြစ်လာမှာဖြစ်ပါတယ် ’

‘ ဒါဆိုရင် ဖခင်အမည်နဲ့ လခပေးနေရင်လည်း ကျွန်တော်က တရားဝင်အိမ်ငှါးပေါ့နော်’

‘ ဥပဒေအရတော့မှန်ပါတယ်’

‘ ဒါဆိုရင် ဒီတစ်ခေါက်အိမ်လခတိုးကောက်ရင် တိုးမပေးဘဲနေလို့ ရပါသလားဆရာ’

‘ ပတ်ဝန်းကျင်အဆောက်အဦး တိုက်ခန်းတွေရဲ့ အခြေအနေကိုလည်း လေ့လာထားသင့်ပါတယ် ’

‘ အချို့တိုက်ခန်းပိုင်ရှင်တွေက တိုးပြီးမပေးတော့ဘူးလို့ ပြောကြတယ်ဆရာ’

‘ တစ်တိုက်လုံးက တိုက်ခန်းနေသူတွေ ညီညွတ်ကြရင်တော့ ဖြစ်သွားမှာပါ ’

‘ အိမ်ငှါးခတိုးမပေးလို့ အိမ်လခမယူဘူးဆိုရင် ဘယ်လိုဖြစ်နိုင်သလဲဆရာ ။အချို့ကပြောတာတော့ အိမ်ခန်းက နှင်ချခွင့်ရှိတယ်လို့ ပြောတဲ့ သူတွေလည်းရှိတယ်ဆရာ ’

‘ မပြေလည်းဘူးဆိုရင်တော့ အမှုအခင်းအထိ ဖြစ်တတ်ကြတာ ၊ သဘာဝပဲလေ’

‘ ဥပဒေအရတော့ အိမ်ငှါးက အိမ်လခမပေးလို့ အိမ်နှင်လိုမှုအဖြစ် တရားစွဲခွင့်တော့ရှိပါတယ် ။ ဒါပေမဲ့ အခုကိစ္စက အိမ်လခတိုးကောက်လို့ အိမ်ငှါးတွေက မပေးတာဆိုတော့ အိမ်ငှါးရမ်းခအနည်းအများအပေါ် ကွာခြားမှုကိစ္စက အဓိက ဖြစ်နေတယ် ’

‘ အဲဒီလိုဖြစ်လာရင် ကျွန်တော်တို့က ဘယ်လိုဆောင်ရွက်လို့ရမလဲ ။ဥပဒေအရဘယ်လိုအကာအကွယ်ရနိုင်မလဲဆိုတာ သိထားချင်လို့ ပါ ’

‘ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၆ မှာ အိမ်ငှါးက အိမ်ငှါးရမ်းခကို အိမ်ရှင်အားပေးသော်လည်း အိမ်ရှင်က လက်မခံလျှင် အဆိုပါငှါးရမ်းခကို ငှါးရမ်းခကြီးကြပ်ရေးဝန်ထံ ပေးသွင်းနိုင်တယ်လို့ ပြဠာန်းထားပါတယ် ’

‘ ဆရာပြောတဲ့ ငှါးရမ်းခကြီးကြပ်ရေးဝန်ဆိုတာ ဘယ်သူ့ကိုပြောတာလဲဆရာ’

‘ ဥပဒေအရ ငှါးရမ်းခကြီးကြပ်ရေးဝန်ဆိုတာ မြို့နယ်အုပ်ချုပ်ရေှးမှူးကို ဆိုလိုတာဖြစ်တယ်’

‘ ဒါဆိုရင် ကျွန်တော်တို့က အိမ်လခ တိုးမပေးလို့ အိမ်ရှင်ကမယူရင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ သွားရောက်ပေးသွင်းနိုင်တယ်ပေါ့နော် ’

‘ ဒီ သဘောလို့ ပြောရမှာပဲ ။ဒါပေမဲ့ ဒီအတိုင်းပေးသွင်းလို့တော့မရဘူး ။ပေးသွင်းခွင့်လျှောက်လွှာတင်သွင်းရပါတယ် ။အုပ်ချုပ်ရေးမှူးရုံးက အိမ်ရှင်ထံ အကြောင်းကြားပြီး နှစ်ဖက်တင်ပြချက်ပေါ်မူတည်ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ် ’

‘ အိမ်ရှင်ကတော့ ပြောမှာပေါ့ဆရာ ၊ အကြောင်းအမျိုးမျိုးကြောင့် အိမ်လခတိုးကောက်တာကို မပေးလို့ မယူတာဆိုပြီး ပြောမှာပေါ့ဆရာ ။ငှါးရမ်းခကြီးကြပ်ဝန်က အိမ်ငှါးခကို သတ်မှတ်ဆုံးဖြတ်ပေးလို့ရပါသလား ’

‘ ဥပေဒအရတော့ စံငှါးရမ်းခ သတ်မှတ်ပေးပါဆိုပြီး တောင်းဆိုခွင့်ရှိကြောင်း ငှါးရမ်းခကြီးကြပ်ရေး ဥပဒေပုဒ်မ ၂၇ မှာ ပြဠာန်ထားတယ် ’

‘ စံငှါးရမ်းခဆိုတာ ဘယ်လိုငှါးရမ်းခမျိုးလဲ ဆရာ ’

‘ အိမ်ရှင်ကဖြစ်စေ ၊ အိမ်ငှါးကဖြစ်စေ ၊ ကောက်ခံနေတဲ့ ငှါးရမ်းခနဲ့ ပတ်သက်လို နည်းတယ် ၊ များတယ် စသည်ဖြင့် အငြင်းပွားမှုရှိနေရင် ငှါးရမ်းခကြီးကြပ်ရေးဝန်ထံ သင့်လျော်တဲ့ စံငှါးရမ်းခ သတ်မှတ်ပေးဖို့ လျှောက်ထားခွင့်ရှိတယ် ’

‘ ငှါးရမ်းခကြီးကြပ်ရေးဝန်က စုံစမ်းပြီး သတ်မှတ်ပေးရမှာပေါ့နော် ’

‘ ငှါးရမ်းခကြီးကြပ်ရေးဝန်က အိမ်ရှင်အိမ်ငှါးနှစ်ဖက်စလုံးကို ခေါ်ယူပြီး နှစ်ဖက်တင်ပြချက်အပေါ် အခြေတည်လို့ သင့်လျော်တဲ့ အိမ်ငှါးခ (စံငှါးရမ်းခ)ကို သတ်မှတ် အမိန့်ချမှတ်ပေးနိုင်ပါတယ် ’

‘ အဲဒီစံငှါးရမ်းခအမိန့်ကို အိမ်ရှင်က လက်ခံရမှာပေါ့နော် ’

‘ မှန်ပါတယ် ’ ဟု အကြံပြုဆွေးနွေးလိုက်ပါသည် ။

 

Credit: ထီးယု (ဥပဒေအတိုင်ပင်ခံ)

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service