စတုရန်းပေ(၅၀၀)အခန်းလေးကို အသေးစိတ်ဖန်တီးမှုများဖြင့်စတူရီယိုတိုက်ခန်းလေးဖန်တီးခြင်း

စတုရန်းပေ(၅၀၀)အခန်းလေးကို အသေးစိတ်ဖန်တီးမှုများဖြင့်စတူရီယိုတိုက်ခန်းလေးဖန်တီးခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
20 Sep 2018 12:11 pm တွင် တင်ခဲ့သည်
1692 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အခန်းကျဉ်းလေးတွေကို လှပပြီးနေချင့်စဖွယ်ပြင်ဆင်မွမ်းမံဖို့စိတ်ကူးနေသူတွေအတွက် ဒီတစ်ခေါက် ဖော်ပြပေးလိုက်ချင်တာကတော့ နယူးဂျာစီက အသက် ၃၀နှစ်ဝန်းကျင် စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး တစ် ကိုယ်တည်းနေထိုင်ဖို့အတွက် ပြင်ဆင်ပေးထားတဲ့ စတုရန်းပေ(၅၀၀)သာကျယ်ဝန်းတဲ့ အခန်းလေးပဲဖြစ်ပါတယ် ။

အလုပ်နဲ့လည်းအလှမ်းမဝေးတဲ့နေရာမှာအခြေချနေထိုင်ပြီး တခါတရံမပြီးပြတ်သေးတဲ့အလုပ်တွေ အိမ်ယူ လုပ်ရတဲ့အခါ အဆင်ပြေစေဖို့နဲ့ တစ်နေရာတည်းမှာပဲအစုံအလင်အသုံးပြုကာ နားနားနေနေ၊ သက်သောင့် သက်သာရှိရှိနေထိုင်လိုတဲ့လိုအင်ဆန္ဒတွေနဲ့ အိမ်အတွင်းပိုင်းအလှဆင်ဒီဇိုင်နာ မာရီနာချီဘန်ကို စတူဒီယိုတိုက် ခန်းငယ်လေးအဖြစ်ဖန်တီးပေးဖို့ အပ်နှံခဲ့တဲ့တိုက်ခန်းလေးကို ပြန်လည်ဝေမျှတင်ဆက်ပေးလိုက်ပါတယ်။ လုပ် ငန်းရှင်တစ်ဦးဖြစ်တဲ့အတွက် နေထိုင်မယ့်အိမ်ခန်းလေးကအဆင့်အတန်းလည်းရှိရမယ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ အတွက် အိမ်ခန်းလေးကနူးညံ့တဲ့အပြင်အဆင်တွေနဲ့လှပနေရမယ်၊ အိမ်ခန်းရဲ့အကျယ်အ၀န်းကန့်သတ်မှုရှိတာ ကြောင့် အိမ်ခန်းပိုင်ရှင်အမျိုးသမီးအတွက် အဓိကသုံးစွဲသွားဖို့လိုအပ်တဲ့ပရိဘောဂတွေနဲ့ အပိုအလိုမရှိကွက်တိ ဖြစ်အောင်ဖန်တီးနိုင်ဖို့ဆိုတဲ့ လိုအပ်ချက်တွေအားလုံးကို ဒီစတူဒီယိုတိုက်ခန်းလေးထဲမှာ စိတ်ကူးကောင်း ကောင်းနဲ့ မျှမျှတတထည့်သွင်းဖန်တီးပေးထားတဲ့ မာရီနာချီဘန်ရဲ့ကျွမ်းကျင် လိမ္မာပါးနပ်မှုကိုတော့ဖြင့်မချီးကျူး ဘဲမနေနိုင်အောင်ပါဘဲ။

မာရီနာချီဘန်က ဒီစတူဒီယိုတိုက်ခန်းလေးကိုဖန်တီးရာမှာ အခန်းပိုင်ရှင် ဒီတိုက်ခန်းကိုဝယ်ယူခဲ့တုန်း က ပါလာခဲ့တဲ့ပရိဘောဂတွေကိုပဲ အတတ်နိုင်ဆုံးပြန်အသုံးပြုပေးထားတာဖြစ်ပါတယ်။ လုပ်ငန်းရှင်ပီပီ မလိုအပ် ဘဲအပိုကုန်တာမျိုးကိုမလိုလားတဲ့အခန်းပိုင်ရှင်အမျိုးသမီးရဲ့တောင်းဆိုမှုအတိုင်း ဒီစတူဒီယိုအခန်းအတွက် အတွင်းပိုင်းဒီဇိုင်းနဲ့ကိုက်ညီနိုင်သမျှ ပရိဘောဂတွေပြန်လည်အသုံးပြုထားတာဖြစ်ပါတယ်။ ပရိဘောဂတွေကို နေရာချတဲ့အခါမှာ ၈၄လက်မရှည်တဲ့ သလွန်ဆိုဖာခုံရှည်ကြီးနဲ့ခုတင်ကြီးကို လားရာတူထားရှိကာ နေရာချထား တာဖြစ်ပါတယ်။ အခန်းရဲ့အနေအထားက တိုက်ခန်းအကျယ်ထက် တိုက်ခန်းအရှည်ကပိုနေတာမို့ သလွန်ဆိုဖာ ခုံနဲ့ မျက်နှာချင်းဆိုင်အနေအထားအတိုင်း တီဗွီတင်သစ်သားဘီရိုကိုအရှည်လိုက်နေရာချထားပါတယ်။ ခုတင်ရဲ့ ခေါင်းရင်းဘက်မှာ ထောင့်ချိုးရှိနေတဲ့တိုက်ခန်းနံရံအနေအထားကြောင့် လစ်ဟာနေတဲ့နေရာခွင်ထဲ အ၀တ်ဘီရို ကိုထားရှိထားပြီး အ၀တ်ဘီရိုရဲ့အပေါ်မှာတော့ လုပ်ငန်းရှင်အမျိုးသမီးရဲ့ တန်ဖိုးကြီးလက်ကိုင်အိတ်တွေ စနစ် တကျအစီအရီထားရှိဖို့ နေရာလေးလုပ်ပေးထားပါတယ်။ သလွန်ဆိုဖာဆက်တီရဲ့နောက်ကျောဘက်မှာလုပ်ငန်း ရှင်အမျိုးသမီးရဲ့ ရှည်ရှည်မျောမျောနဲ့ခပ်သေးသေးအလုပ်စားပွဲလေးကို ထားရှိပေးထားပါတယ်။ အခန်းကျဉ်းတဲ့ အတွက် ပရိဘောဂတွေကိုတီဗွီတင်ဘီရိုကလွဲလို့ အကုန်လုံးကိုသန့်သန့်လေးနဲ့အမြင်ရှင်းစေဖို့ အဖြူရောင်ကို သာ ရွေးချယ်အသုံးပြုပေးထားပါတယ်။

တိုက်ခန်းမှာထည့်ပြီးအသုံးပြုမယ့် ပရိဘောဂတွေကိုသတ်မှတ်ထားပြီးပြီဆိုတာနဲ့ မာရီနာမီချီဘန်က ဘာတွေအသစ်ဝယ်ယူရမယ်၊ ဘယ်လိုအံဝင်ခွင်ကျဖြစ်အောင်နေရာချထားမလဲဆိုတာကို စဉ်းစားပါတယ်။ ဒီ နေရာမှာ မီချီဘန်ရဲ့အဓိကဦးစားပေးဆုံးဖြတ်မှုက နေရာကျဉ်းတဲ့တိုက်ခန်းလေးထဲ ပရိဘောဂတွေအများကြီးနဲ့ အလွန်အမင်းပြည့်ကျပ်မသွားစေဖို့ဘဲ ဖြစ်ပါတယ်။

ဂိုထောင်နဲ့မတူသွားစေဖို့ ပရိဘောဂတွေကြားမှာလွတ်လပ်စွာသွားလာနိုင်မယ့် လမ်းကြောင်းနေရာ လွတ်ရှိနေရမှာဖြစ်တယ်လို့ မီချီဘန်ကဆိုပါတယ်။ လမ်းကြောင်းရှင်းရှင်းနဲ့ ရိုးရှင်းတဲ့ ဒီဇိုင်းပုံကိုအသုံးပြုတာ ကြောင့် ဘယ်အရာကမှအလွန်အမင်းပြည့်သိပ်နေတာမျိုးမရှိတော့ဘဲ အခန်းတွင်းဖန်တီးမှုဒီဇိုင်းကို ညီညွတ်မျှ တမှုရှိစေတာလို့ မီချီဘန်ကဆိုပါတယ်။ တတ်နိုင်သမျှ ပလတ်စတစ်အကြည်နဲ့ပြုလုပ်ထားတဲ့ ပရိဘောဂတွေ ကိုအသုံးပြုထားပြီး ကြည်လင်ပြီးဖောက်ထွင်းမြင်နိုင်စေတဲ့ ပလတ်စတစ်ပရိဘောဂတွေကြောင့် နေရာကျဉ်းတာ ကိုမသိသာစေတော့ပါဘူး။ ဒါ့ပြင် နံရံမှာကြည့်မှန်ချပ်ကြီးတွေတပ်ထားတာကြောင့်လည်း ကျဉ်းနေတဲ့အခန်းကို ပိုပြီးကျယ်သွားစေပါတယ်လို့ မီချီဘန်က သူရဲ့စတူဒီယိုအခန်းပြင်ဆင်ပုံစိတ်ကူးကို ရှင်းလင်းခဲ့ပါတယ်။

ဒီစတူဒီယိုတိုက်ခန်းလေးထဲမှာ နောက်ထပ်စိန်ခေါ်မှုတစ်ခုအနေနဲ့ မီချီဘန်ရင်ဆိုင်ခဲ့ရတာက အခန်း ရှင်အမျိုးသမီးရဲ့ အ၀တ်အစားတွေနဲ့ဖိနပ်တွေထားရှိပေးဖို့အတွက်နေရာပဲဖြစ်ပါတယ်။ ယခင်နေထိုင်ခဲ့တဲ့ တိုက် ခန်းမှာက အ၀တ်အစားခန်းသီးသန့်ထားရှိခဲ့တာကြောင့် ၀ယ်ယူထားဖြစ်ခဲ့တဲ့အ၀တ်အစားတွေနဲ့ဖိနပ်တွေက အ လွန်များနေခဲ့ပြီး ဒါတွေကိုစနစ်တကျထားရှိသိမ်းထားနိုင်မယ့် နေရာသီးသန့်လိုအပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခန်းရှင်အမျိုးသမီးရဲ့အိပ်ခန်းနဲ့ အ၀တ်အစားဘီရိုကိုတွဲဖက်ထားရှိပေးထားခဲ့ပါတယ်။ အိပ်ရာကိုလည်းအသစ် ၀ယ်ယူထားခဲ့တာဖြစ်ပြီး ရာသီနဲ့မလိုက်ဖက်လို့မ၀တ်ဖြစ်သေးတဲ့အ၀တ်အစားတွေကို သိမ်းဆည်းထားနိုင်မယ့် အောက်ဘက်အံဝှက်ဘီရိုပါတဲ့ ခုတင်အမျိုးအစားကိုရွေးချယ်ဝယ်ယူထားခဲ့တာလို့ သိရပါတယ်။ လက်ရှိဝတ် ဆင်အသုံးပြုဖြစ်နေမယ့်အ၀တ်အစားတွေကိုတော့ တိုက်ခန်းဝယ်ယူစဉ်ကတည်းကပါရှိခဲ့တဲ့ ခုတင်ခေါင်းရင်း ဘက်မှာနေရာချထားတဲ့ အ၀တ်ဘီရိုမှာထည့်ထားမှာဖြစ်ပါတယ်။

နောက်ထပ် အခန်းရှင်အမျိုးသမီးရဲ့ရှူးဖိနပ်တွေနဲ့ လက်ကိုင်အိတ်အမျိုးမျိုးကိုထားရှိဖို့ သီးသန့်နေရာ တစ်ခုကို ပြုလုပ်ပေးရပါတယ်။ အခန်းမှာနေရာသိပ်မရှိတဲ့အတွက် နံရံပြည့်မှန်ဘီရိုနှစ်လုံး၊ ရှူးဖိနပ်တွေနဲ့ အိတ် တွေကို နေရာချသိမ်းဆည်းပေးဖို့ ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

ဖိနပ်နဲ့အိတ်တွေအတွက် ဘီရိုရွေးချယ်ဝယ်ယူခဲ့စဉ်တုန်းကလည်း စာအုပ်စင်မှန်ဘီရိုကို ၀ယ်ယူပေးခဲ့ တာဖြစ်ပြီး ဒီဘီရိုနဲ့အိတ်တွေ၊ ဖိနပ်တွေသိမ်းဆည်းဖို့ဆိုတာ ဘယ်သူမှမှန်းဆမိကြမှာမဟုတ်ပါဘူးလို့ မီချီဘန် က ဆိုပါတယ်။ စာအုပ်တွေနဲ့ ဖိနပ်ရဲ့အတိုင်းအတာကတူတူလောက်ဖြစ်ပြီး အံကွက်တွေရဲ့အတွင်းပိုင်းက သိပ် မကျယ်လှတာမို့ ဒီစာအုပ်စင်ဘီရိုတွေကနေရာအကျယ်ကြီးမပုပ်စေဘဲ ဖိနပ်တွေ၊ အိတ်တွေသိမ်းဆည်းဖို့ နေရာ ကောင်းတစ်ခုဖြစ်ပါတယ်လို့ မီချီဘန်ကဆိုပါတယ်။ ဘီရိုရဲ့မှန်တံခါးချပ်တွေကလည်း အတွင်းမှာထားရှိတဲ့ဖိနပ် တွေအိတ်တွေကိုပြသထားပေးတာမို့ သွားခါနီးလာခါနီး လိုချင်တာကိုလှန်လှောရှာဖွေနေစရာမလိုဘဲ တစ်ချက် တည်းနဲ့ အလျင်အမြန်ဖွင့်ယူလိုက်ရုံပါပဲလို့ မီချီဘန်က သူ့ရဲ့ဖိနပ်နဲ့အိတ်ဘီရိုအသုံးပြုပေးထားမှုအယူအဆကို ရှင်းလင်းထားခဲ့ပါတယ်။

ဒီတိုက်ခန်းကျဉ်းလေးထဲမှာ ပစ္စည်းအထားအသိုသပ်သပ်ရပ်ရပ်နဲ့ လှပအောင်ဖန်တီးပေးရရုံသာမက အခန်းရှင်ရဲ့လိုအင်ဆန္ဒကိုလည်း တတ်နိုင်သမျှဖြည့်ဆည်းပေးထားတယ်လို့ မီချီဘန်ကဆိုပါတယ်။ အခန်း ကျဉ်းပေမယ့် မီးဖိုချောင်ထဲမှာအိပ်စက်ရသလိုမျိုးမခံစားချင်ပါဘူးလို့ အခန်းရှင်ကတောင်းဆိုထားခဲ့တာကြောင့် တစ်ခန်းတည်းမှာထားရှိရမယ့် ခုတင်နဲ့ မီးဖိုနေရာကိုနေရာချရတာမှာ အကောင်းဆုံးအနေအထားနဲ့ ပြင်ဆင်နေ ရာချပေးထားတာကို မြင်တွေ့မှာပါလို့ မီချီဘန်ကဆိုပါတယ်။ သီးသန့်လေးနဲ့ဇိမ်ကျကျ အနားယူအိပ်စက်နိုင်စေ မယ့်အိပ်ရာလေးကို မီးဖိုနေရာနဲ့အဝေးဆုံးနေရာမှာနေရာချဖန်တီးထားပြီး အိပ်ရာနဲ့မီးဖိုကြားမှာ အခြားသောပရိ ဘောဂတွေနဲ့ ထားရှိခြားနားပေးထားတာဖြစ်ပါတယ်။ ဧည့်ခန်းနေရာအတွက် အခန်းရဲ့အလယ်ဗဟိုမှာနေရာ ပေးထားပြီး ဆိုဖာထိုင်ခုံကအကြီးမားဆုံးကြားဖြတ်နေရာချမှုဖြစ်ပါတယ်။ ဆိုဖာခုံရဲ့ပတ်လည်မှာလည်း အခြား သေးငယ်တဲ့ပစ္စည်းပစ္စယတွေ နေရာချဝန်းရံထားတာဖြစ်တာမို့ အိပ်ရာနဲ့ မီးဖိုခန်းနေရာကတကယ့်ကိုအကွာ ကြီးကွာဝေးသွားသလို ခံစားရစေမှာဖြစ်ပါတယ်။

အခန်းရဲ့နံရံအတွက်အရောင်ကိုတော့ မီးခိုးဖျော့ရောင်လေးရွေးချယ်အသုံးပြုပေးထားတာဖြစ်ပြီး မီးခိုး ဖျော့ရောင်က အခြားဘယ်လို အရောင်၊ ဘယ်လိုအနုပညာလက်ရာပစ္စ္စည်းမျိုးနဲ့မဆို လိုက်ဖက်စေတဲ့အရောင် ဖြစ်တာကြောင့် သူကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်အသုံးပြုပေးထားဖြစ်ခဲ့တဲ့အရောင်ဖြစ်တယ်လို့ မီချီဂန်ကဆိုပါ တယ်။ အရောင်တွေအမျိုးမျိုးကို မကြာခဏပြောင်းလဲအသုံးပြုတတ်သူ၊ အရောင်အသွေးအမျိုးစုံတဲ့ပစ္စ္စည်းတွေ ပိုင်ဆိုင်ထားသူတွေအနေနဲ့ မီးခိုးဖျော့ရောင်သုံးပေးခြင်းဖြင့်ကြာရှည်ခံပြီးအမြင်မရိုင်းစေတဲ့ အရောင်ရွေးချယ်မှု ဖြစ်တယ်လို့ မီချီဘန်ကဆိုပါတယ်။

တက်ကြွပြီးနုပျိုတဲ့အမျိုးသမီးအခန်းဖြစ်စေဖို့ မီးခိုးဖျော့ရောင်အခန်းထဲမှာ ပန်းဆီရောင်အနုပညာ အ လှဆင်မှုတွေ၊ ပန်းနုရောင်ဆိုဖာ ဖက်လုံးခေါင်းအုံးတွေ၊ ပန်းသခွားရောင်ခန်းဆီလိုက်ကာတွေနဲ့ ပိုပြီးနွေးထွေး တဲ့အခန်းလေးအဖြစ် ဖန်တီးထားတယ်လို့လည်း မီချီဘန်ကဆိုပါတယ်။

နောက်ထပ် စတူဒီယိုတိုက်ခန်းလေးထဲ စတိုင်လ်ကျတဲ့အပြင်အဆင်ကတော့ ဆိုဖာခုံနောက်ကျော ဘက်မှာကပ်ထားတဲ့ အလုပ်စားပွဲခုံနေရာလေးပဲဖြစ်ပါတယ်။ လက်ရေးနဲ့ချရေးမှတ်ရတာကိုနှစ်သက်တဲ့ အခန်း ရှင်ရဲ့စရိုက်နဲ့ကိုက်ညီဖို့ စက္ကူကတ်ချပ်တွေထပ်ပြီး စာရေးကိရိယာတွေပါပလတ်စတစ်မှန်ကြည်သေတ္တာလေးနဲ့ စားပွဲပေါ်တင်အလှပြထားပေးပါတယ်။ ရွှေရောင်သတ္တုဘောင်တွေပါတဲ့စာကြည့်မီးအိမ်လေးရယ်၊ စားပွဲတင် ကြည့်မှန်ချပ်လေးရယ်၊ မိသားစုအမှတ်တရဓာတ်ပုံဘောင်လေးတွေနဲ့ ပန်းရောင်ပန်းပွင့်ဖန်အိုးလေးရယ်ကို စား ပွဲပေါ်တင်ထားပေးရုံနဲ့ အကုန်ပြီးပြည့်စုံရှိတဲ့စတိုင်လ်ကျတဲ့ အလုပ်စားပွဲအပြင်အဆင်လေးဖြစ်သွားစေပါတယ် လို့ မီချီဘန်က သူရဲ့ စတုရန်းပေ(၅၀၀)အကျယ် စတူဒီယိုတိုက်ခန်းအပြင်အဆင်နဲ့ပတ်သက်ပြီး ရှင်းလင်းသွား ခဲ့တာဖြစ်ပါတယ်။

 

Credit: mm-homedecor

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service