အိမ်ခြံမြေ၀ယ်ယူလိုသူများ သတိပြုစရာ အန္တရာယ်ရှိနိုင်သော တိုက်ခန်းကို ၀ယ်မည်ဆိုလျှင်

အိမ်ခြံမြေ၀ယ်ယူလိုသူများ သတိပြုစရာ အန္တရာယ်ရှိနိုင်သော တိုက်ခန်းကို ၀ယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
6 Sep 2018 11:56 am တွင် တင်ခဲ့သည်
18201 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

'ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်မ ပေးတော့ဘူးဆိုတာ ဟုတ်ပါသလား ဆရာ''ဟု မိတ်ဆွေတစ်ဦးက စာရေး သူထံ လာရောက်ဆွေးနွေးမေးမြန်းပါ သည်။

''ဇွန်လက ပြဋ္ဌာန်းခဲ့တဲ့ ၂ဝ၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးဥပဒေမှာ အန္တရာယ်ရှိ အ ဆောက်အအုံအဖြစ် မသတ်မှတ်ရလို့ တော့ ပိတ်ပင်ပြဋ္ဌာန်းထားတာ မရှိ ပါဘူး။ ဘာဖြစ်လို့လဲ၊ ဆွေးနေတဲ့ အိမ် ကို ဝယ်ဖို့စိတ်ကူးထားလို့လား''

''ဒီလိုဆရာ၊ သူငယ်ချင်းတစ် ယောက်က ငွေလိုနေလို့ သူ့တိုက်ခန်း ကို ရောင်းချင်တယ်ပြောတာနဲ့ စဉ်းစား ကြည့်တာပါ''

''အဆောက်အအုံက အတော် ဆိုးနေလို့လား''

''ဘေးနံရံတွေက ရေတွေစိမ့် တယ်ဆရာ။ မိုးတွင်းဆိုတော့ ပိုဆိုး တာပေါ့။ မီးဖိုဘက်ကဆိုရင်အပေါ် ကြမ်းခင်းက ဘိလပ်မြေအချို့ ကွာကျ တယ်ပြောတယ်''

''အခုရောင်းမယ်ဆိုတဲ့ တိုက် ခန်းက ဘယ်နှလွှာလဲ။ မိမိအထက် မှာ တိုက်ခန်းရှိသေးလား''

''ခြောက်ထပ်ဆိုတော့ သူက လေးလွှာမှာ သူ့အပေါ်က နှစ်ထပ်ရှိ မယ်ထင်တယ်''

''သူငယ်ချင်းက ပေါချောင် ကောင်းဆိုပြီး ဝယ်ထားမယ် စိတ်ကူး လို့လား''

''ပြန်ဆောက်မယ်ဆိုရင်တော့ တိုက်ခန်းတစ်ခန်းတော့ရမှာမဟုတ် လား။ ကိုယ့်အနေနဲ့ မဆုံးရှုံးနိုင်ဘူးလို့ ယူဆတာပဲ''

''မှန်ပါတယ်။ ဒါပေမယ့် ယခင် ကလို အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် လွယ်လွယ်သတ်မှတ်ပေးတာ မျိုးတော့ မရှိတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အဓိကအချက်ကတော့ မိမိ ဝယ်လိုက်တဲ့ တိုက်ခန်းအပါအဝင် အဆောက်အအုံတစ်ခုလုံးရဲ့ မြေရှင် ရှိ မရှိ။ ဂရန်မြေလား။ ဘယ်လိုမြေ အမျိုးအစားလဲ။ အဆောက်အအုံ ဆောက်လုပ်စဉ်က အမှန်တကယ် ခွင့်ပြုချက်နဲ့ ဆောက်လုပ်ခဲ့ခြင်းရှိ မရှိဆိုတဲ့ အချက်ကိုတော့ စုံစမ်းဖို့လို တယ်''

''ပြန်ပြီးအသစ်ဆောက်ရမယ် ဆိုရင် မြေပိုင်ရှင် သဘောတူညီချက် လိုမှာပေါ့နော်''

''ဟုတ်ပါတယ်။ တစ်ခါတစ်ရံမှာ မြေပိုင်ရှင်က ကွယ်လွန်သွားတာရှိနိုင် တယ်။ ဂရန်မြေအမည်ကို သားစဉ် မြေးဆက် အမွေဆက်ခံအမည်ပေါက် ပြောင်းထားခြင်း ရှိ မရှိ စုံစမ်းရပါ မယ်။ အချို့တိုက်ခန်းတွေဆိုရင် မြေ ရှင်က လခလုံးဝလာမကောက် လို့ မြေရှင်ဘယ်မှာနေမှန်းမသိတာတွေ လည်း ဖြစ်တတ်တယ်။ မြေရှင်က ဂရန်စာချုပ်ကို ပေါင်နှံထားတာတွေ လည်း ရှိတတ်တယ်။ ပြင်ဆင်ဆောက် ဖို့လိုတဲ့ တိုက်ခန်းဆိုရင်တော့ သေချာ စုံစမ်းပြီးမှ ဝယ်သင့်ပါတယ်''

''မြေပိုင်ရှင် အဘွားကြီးကတော့ သေဆုံးသွားပြီလို့ ပြောတယ်။ ဆရာ ပြောသလိုပဲ အိမ်လခတွေလည်း လာ ကောက်တာမရှိဘူးလို့ သိရတယ်။ အခြားတိုက်ခန်းတွေက အိမ်ငှားတွေ နေတယ်လို့ စုံစမ်းသိရပါတယ်''

''လူနေလို့ရသေးတယ်ဆိုရင် ပြို ကျပျက်စီးနိုင်တဲ့ အခြေအနေတော့ မရှိသေးဘူးပေါ့''

''အဲဒီလိုတော့ ခန့်မှန်းဖို့ကတော့ ခက်နေတယ်။ အချို့တိုက်ခန်းတွေ မှာတော့ ရေချိုးခန်းဘက်မှာ အပေါ် ထပ်မှ ရေတွေစိမ့်ကျနေတာရှိတယ် လို့ သိရတယ်''

''စဉ်းစားရမှာက မိမိတိုက်ခန်း အတွင်းပြင်ဆင်လို့ရပါမလား။ စုပေါင်း ပြီး ပြင်ဆင်ရင် အဆင်ပြေမလားဆို တဲ့ အချက်ကိုလည်း စဉ်းစားဖို့လိုပါ တယ်''

''ဥပဒေက ဘယ်လိုပြဋ္ဌာန်းထား တာရှိသလဲ''

''၂ဝ၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ-၇၄ မှာ မြို့တော် နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခုခု သို့မဟုတ် အစိတ်အပိုင်း တစ်ရပ်ရပ်၏ ပျက်စီး မှု အခြေအနေသည် မြို့တော် အင်္ဂါ ရပ်ကို ထိခိုက်စေလျှင်ဖြစ်စေ၊ နောင် တွင် အန္တရာယ်ရှိနိုင်သည်အထိ အ ခြေအနေဆိုးရွားလာနိုင်လျှင်ဖြစ်စေ၊ ကော်မတီသည် ပိုင်ရှင် သို့မဟုတ် နေထိုင်သူအား မူလအတိုင်း ပြန် လည်ပြင်ဆင်ရန် ဆင့်ဆိုနိုင်သည်။ ယင်းအဆောက်အအုံပိုင်ရှင်က ငြင်း ဆန်ခြင်းမရှိစေရလို့ ပြဋ္ဌာန်းထားပါ တယ်''

''ဒါဆိုရင် ပထမအဆင့်အနေနဲ့ မြေပိုင်ရှင်အပါအဝင်တိုက်ခန်းနေ ထိုင်သူတို့ကိုခေါ်ပြီး ပြင်ဆင်ဆောက် ဖို့ ညွှန်ကြားတဲ့ သဘောပေါ့''

''မှန်ပါတယ်။ မြေပိုင်ရှင်ရှိရင် လည်း မြေပိုင်ရှင်ပါမယ်ပေါ့။ မြေပိုင် ရှင်နဲ့ အဆက်အသွယ်မရဖြစ်နေရင် တိုက်ခန်းနေသူအားလုံးရဲ့ သဘော တူညီချက်နဲ့ ပြင်ဆင်ခွင့်ရမှာဖြစ်ပါ တယ်''

''အကြီးစားပြင်ဆင်မှုလုပ်ရမှာ ပေါ့နော်။ တကယ်လို့ တိုက်ခန်းပိုင် ရှင်တွေက အချိုးကျ ထည့်ဝင်ငွေ မထည့်နိုင်ရင် ဘယ်လိုဖြစ်နိုင်သလဲ''

''တစ်ခါတစ်ရံ ဒီလိုကိစ္စမျိုး လည်း ရှိနိုင်ပါတယ်။ ကုန်ကျစရိတ် မထည့်နိုင်ဘူးဆိုပြီး ငြင်းဆန်ကတ် သတ်နေတဲ့ သူတွေလည်းရှိတတ်တယ်။ သူငယ်ချင်းပြောသလို ပြင်ဆင်မ ဆောက်ဖြစ်ပဲ ဆက်နေကြပြီး အန္တရာယ် ပိုရှိလာရင် ဆောင်ရွက်နိုင်တဲ့ ပြဋ္ဌာန်း ချက်လည်း ရှိပါတယ်''

''ပြောပါဦး ဆရာရယ်''

''စည်ပင်သာယာရေး ဥပဒေ ပုဒ်မ-၈၁ (က) မှာ မြို့တော်နယ် နိမိတ်အတွင်းရှိ အဆောက်အအုံ တစ်ခုသို့မဟုတ် ယင်း၏ အစိတ်အ ပိုင်းတစ်ခုခုသည် ကျန်းမာရေး နှင့် ညီညွတ်ခြင်းမရှိကြောင်း ဘေး အန္တရာယ်ကျရောက်နိုင်ကြောင်း သို့ မဟုတ် လူနေထိုင် အသုံးပြုရန် သင့် လျော်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိ လျှင် အဆောက်အအုံ၌ နေထိုင်သူ သို့မဟုတ် ပိုင်ရှင်အား ဆက်လက် နေထိုင်ခြင်းမပြုရန် တားမြစ်ခြင်း၊ တားမြစ်ခြင်းကို လိုက်နာခြင်းမရှိပါ က ယင်းအဆောက်အအုံမှ ဖယ်ရှား ခြင်း၊ ပြန်လည်ပြင်ဆင်တည်ဆောက် ခွင့်ပြုခြင်း သို့မဟုတ် ဖြိုဖျက်စေခြင်း ကို ဆောင်ရွက်နိုင်တယ်လို့ ပြဋ္ဌာန်း ထားပါတယ်''

''ဒီဥပဒေပုဒ်မအရဆိုရင်တော့ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ပေးတဲ့ သဘောပေါ့''

''မှန်ပါတယ်။ တားမြစ်ချက်အရ ဖောက်ဖျက်ရင် အပြစ်ဒဏ် သတ် မှတ်ချက်လည်း ရှိပါတယ်။ စည်ပင် သာယာရေးဥပဒေ ပုဒ်မ-၃၁၂ ပိုဒ်ခွဲ (ဈ) မှာ မည်သူမျှ ကော်မတီက လူ နေထိုင်ခြင်းမပြုရန် တားမြစ်သင်္ကေ တအမှတ်အသားရေးမှတ်ထားသည့် အဆောက် အအုံ သို့မဟုတ် အ ဆောက်အအုံ၏ တစ်စိတ်တစ်ဒေသ အတွင်း ဝင်ရောက်နေထိုင်ခြင်းမပြု ရ။ မလိုက်နာပါက ပထမအကြိမ် ကျူးလွန်ခြင်းဖြစ်က ငွေဒဏ်ကျပ်တစ် သိန်းချမှတ်ခံရမည်ဖြစ်ပြီး ထပ်မံကျူး လွန်ပါက ထောင်ဒဏ် ခြောက်လ အထိ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထား ပါတယ်''

''ဟုတ်ကဲ့ ဆရာ နားလည်ပါပြီ''

''ဒါကြောင့် စဉ်းစားပြီးဝယ်ပါလို့ ပဲ တိုက်တွန်းပါရစေ''

 

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service