ဆွေမျိုးရင်းချာမရှိသော ကွယ်လွန်သူပိုင် မြေနှင့်အိမ်ကို ၀ယ်မည်ဆိုလျှင်

ဆွေမျိုးရင်းချာမရှိသော ကွယ်လွန်သူပိုင် မြေနှင့်အိမ်ကို ၀ယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
30 Apr 2018 1:03 pm တွင် တင်ခဲ့သည်
26462 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

အစ်မဖြစ်သူပိုင်တဲ့ မြေနဲ့အိမ် ကို ညီမဖြစ်သူထံမှ ၀ယ်ရင် တရား ၀င်ပိုင်ဆိုင်ခွင့် ရနိုင်ပါသလားဟု မိတ်ဆွေတစ်ဦးက ဆွေးနွေးလာ ပါသည်။

”အစ်မဖြစ်သူက အပျိုကြီး လား၊ မိဘတွေ မရှိတော့ဘူးလား”

”အစ်မဖြစ်သူက အပျိုကြီး အနေနဲ့ ကွယ်လွန်သွားတယ်။ မိဘ တွေက မရှိတော့ဘူး၊ ဆုံးပါးသွား ကြပြီ။ ညီမဖြစ်သူကလည်း ညီမ အရင်းမဟုတ်ဘူး၊ ညီမတစ်ဝမ်းကွဲ အတူနေလို့ ပြောတယ်”
”ညီမ၀မ်းကွဲဆိုတာက ဘယ် လိုတော်စပ်တယ်လို့ သိသလဲ”
”မအေညီအစ်မက မွေးတာ လို့ ပြောတယ်”
”ဒါဆို ညီမတစ်ဝမ်းကွဲပေါ့”
”အဲဒီရောင်းမယ်ဆိုတဲ့ ညီမ ၀မ်းကွဲကကော ဘယ်နှယောက် ရှိတယ်ဆိုတာ မမေးခဲ့ဘူးလား”

”ညီမဖြစ်သူ အပြောတော့ ကွယ်လွန်တဲ့ အစ်မကြီးမှာ မောင်နှမအရင်းလည်း မရှိဘူး။ ညီမ၀မ်း ကွဲဆိုလို့ သူတစ်ယောက်ပဲရှိတာလို့ ပြောတယ်”

”ကွယ်လွန်သူ အမွေရှင်ရဲ့ ညီအစ်ကို မောင်နှမအရင်းမဟုတ်တော့ ပြဿနာရှိနိုင်တယ်။ အခု ရောင်းမယ်ဆိုတဲ့ ညီမက မိခင်ဘက်က ဆွေမျိုးတော်တဲ့ ညီအစ်မ တစ်ဝမ်းကွဲဆိုတော့ ကွယ်လွန်သူ ရဲ့ဖခင်ဘက်က တော်စပ်မယ့် ညီအစ်ကိုမောင်နှမ၀မ်းကွဲတွေက တောင်းဆိုလာရင်တော့ အရောင်းအ၀ယ်ခက်ခဲသွားမှာ ဖြစ်တယ်”

”ဖခင်ဘက်က တော်စပ်တဲ့ ညီအစ်ကို မောင်နှမ၀မ်းကွဲမရှိဘူး ဆိုရင်တော့ အရောင်းအ၀ယ် ချောမွေအဆင်ပြေနိုင်တယ်ပေါ့”

”မှန်ပါတယ်”
”ဖခင်ဘက်က တော်စပ်တဲ့ ညီအစ်ကို မောင်နှမ၀မ်းကွဲတွေရှိ၊ မရှိတော့ သေချာမသိဘူး။ ဒါပေမယ့် ဒီလိုကိစ္စရပ်တွေဆိုရင် ဘယ် လိုဆောင်ရွက်ရင်ကောင်းမလဲ”
”အကောင်းဆုံးကတော့ ဥပဒေနဲ့အညီ အမွေထိန်းစာ လျှောက်ဖို့လိုမယ်၊ အမွေထိန်းစာရ မှ အရောင်းအ၀ယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုရောင်းချတာ အဆင် ပြေဆုံးပဲ”
”အမွေထိန်းစာလျှောက်လို့ ကန့်ကွက်လာရင် အဆင်ပြေပါ့မလား”

”ဒါကတော့ တရားရုံးက ဥပဒေနဲ့အညီဆုံးဖြတ်ပေးမှာပဲ လေ။ ကိုယ်ကဒီမြေနဲ့ အိမ်ကို ၀ယ်ချင်တယ်ဆိုရင် အမွေထိန်း စာရသူဆီကနေ ၀ယ်ရင်ဖြစ်
ပါ တယ်”
” အချို့ကပြောတော့ အတူ နေတဲ့ မောင်နှမတွေက အမွေ ဆက်ဆံခွင့်ရှိတယ်လို့ ဆိုတယ် ဟုတ်ပါသလား”

”မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ အရဆိုရင်တော့ ကွယ်လွန်သူ အမွေရှင်ပိုင် ပစဿစည်းကို သွေးသား ရင်းချာဖြစ်တဲ့ ခင်ပွန်းသို့မဟုတ် ဇနီး၊ သားသမီး၊ မိဘ၊ ညီအစ်ကို မောင်နှမရင်းချာစသဖြင့် အဆင့်ဆင့် အမွေဆက်ခံခွင့်ရှိမှာဖြစ် တယ်။ သွေးသားရင်းချာ ဆွေမျိုး မရှိမှ၊ တစ်ဝမ်းကွဲညီအစ်ကို မောင် နှမတွေက ခံစားခွင့်ရှိလာမှာဖြစ် တယ်”
”သွေးသားရင်းချာဆိုရင် သူတို့နဲ့ တိုက်ရိုက်အရောင်းအ၀ယ် စာချုပ်ချုပ်လို့ရမှာပေါ့”

”သွေးသားရင်းချာဖြစ်တဲ့ ခင် ပွန်း သို့မဟုတ် ဇနီး၊ သားသမီးတို့ ကျန်ရစ်မယ်ဆိုရင် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် ကို စာချုပ်စာတမ်းရုံးမှာ ပြုလုပ် ချုပ်ဆိုပြီး အရောင်းအ၀ယ်စာချုပ် ကိုပါ တစ်ပြိုင်တည်း မှတ်ပုံတင် ချုပ်ဆိုနိုင်မှာဖြစ်ပါတယ်”

”သွေးသားချင်းဝေးရင် အစောက ပြောသလို ပိုင်ဆိုင်ကြောင်း အမွေဆက်ခံစာချုပ်ပြုလုပ်လို့ရပါ သလား”
”အမွေရှင်နဲ့ ဆွေမျိုးတော်စပ်မှုဝေးသွားရင် အမွေဆက်ခံပိုင် ဆိုင်ကြောင်း ကြေညာစာချုပ်ချုပ် ဆိုခွင့်မရှိပါဘူး။ ဒါကြောင့် ကွယ်လွန်သူ အမွေရှင်ပိုင်ပစ္စည်းကို ထိန်းသိမ်းဆောင်ရွက်ပိုင်ခွင့်ဖြစ်တဲ့ အမွေထိန်းစာကို တရားရုံးမှာ လျှောက်ထားရပါတယ်။ အမွေ ထိန်းစာရသူက အမွေရှင်ပစ္စည်း ကို ရောင်းချလွှဲပြောင်း
ခွင့်ရမှာဖြစ် ပါတယ်”

”အတူနေ ဆွေမျိုးကိစ္စနဲ့ ပတ်သက်လို့ကတော့ မကြာသေးမီက တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အမှုဖြစ်တဲ့ ” ဦးမောင်မောင်ညိမ်းပါ ၁၂ ဦးနှင့် ဒေါ်သန်းပါ ၁၂ ဦး၊ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ တရား စီရင်ထုံး စာမျက်နှာ ၁၀၈ ”အမှု မှာ အမွေရှင်မကွယ်လွန်မှီ သာစဉ်၊ နာစဉ်အခါ၌ ပြုစုစောင့်ရှောက်သူ အမွေခံ၊ သားချင်းတစ်ယောက်သည် အမွေရှင်အား ပြုစုစောင့် ရှောက်မှုမရှိဘဲ ဆွေမျိုးဝတ္ထာရားကို တမင်ပျက်ကွက်စွန့်ပစ်ထားသူ အမွေခံသားချင်းများကို အမွေမှ ဖယ် ထုတ်ခြင်းပြုနိုင်သည်။ ထို့ကြောင့် ဤအမှုတွင် အမွေရှင် ဒေါ်မြရီ အပျိုကြီးဘ၀နှင့် ကွယ်လွန်သွား ပြီးနောက် ဦးမောင်မောင်ညိမ်းနှင့် ဒေါ်သန်းတို့မှာ ဒေါ်မြရီနှင့် မောင်နှမတစ်ဝမ်းကွဲတော်စပ်သူများဖြစ်သည်။

ဦးမောင်မောင်ညိမ်းတို့သည် အမွေရှင်အား ပြုစုစောင့်ရှောက်မှု မရှိ၊ သာမန်ဆွေမျိုးဝတ်နှင့် သံယောဇဉ်ဖြတ်၊ ပျက်ကွက်နေလာသဖြင့် ကွယ်လွန်သူ ဒေါ်မြရီ၏ အမွေကို ရထိုက်ခွင့်ဆုံးရှုံးမည်ဖြစ်သည်။
ဒေါ်သန်းသည် ဒေါ်မြရီနှင့် အတူနေပြီး၊ အမွေရှင် ဒေါ်မြရီ အား သာစဉ်နာစဉ် အချိန်၌ ပြုစု စောင့်ရှောက်သူဖြစ်သဖြင့် ဒေါ်မြ ရီ၏ အမွေကို ခံစားထိုက်သူဖြစ် သည်”ဟု ဆုံးဖြတ်ထားတာတွေ့ရ တယ်။
” ဒါဆိုရင် သွေးသားရင်းချာ မဟုတ်ရင် အမွေဆက်ခံမှုက ကွာခြားသွားတဲ့ သဘောပေါ့ ”

”မှန်ပါတယ်၊ အမွေရှင်နဲ့ ဆွေ မျိုးနီးစပ်သာတော်ကြမယ်ဆိုရင် ဆွေမျိုးနီးသူက ဆွေမျိုးစဉ်ဆက် ဝေး သူကို အမွေကနေဖယ်ထုတ် ခွင့်ရှိတယ်။ ဆွေမျိုးဝေး
တာချင်း လည်း တူမယ်၊ ဆွေမျိုး တော်စပ်ပုံ အဆင့်ကလည်း တူညီနေမယ်ဆို ရင်တော့ အမွေရှင်နဲ့ အတူနေပြီး အမွေရှင်ကို အမြဲမပြတ်ပြုစုစောင့်ရှောက်သူက အမွေဆက်ခံခွင့်ရမှာ ဖြစ်တယ်”
”အချို့က ဆွေမျိုးတော်စပ် ပေမယ့် အဆက်အသွယ်လည်း မလုပ်၊ အ၀င်အထွက်လည်း မရှိ၊ သူစိမ်းဆန်ဆန်နေကြသူတွေ လည်း ရှိကြတယ်။ သူစိမ်းဖြစ်သူ က ဆွေမျိုးထက်ပိုပြီး ပြုစုစောင့်ရှောက်တာရှိတတ်တယ်”

”တစ်ခုတော့ ရှိတယ်။ မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေမှာ သူတစ်စိမ်းတစ်ယောက်က အမွေရှင်ကို ပြုစုစောင့်ရှောက်စေကာမူ အမွေခံ ဆွေမျိုးသားချင်းကို
အမွေမှ ဖယ်ထုတ်မရဘူးဆိုတာပဲ ဖြစ်တယ်”
”ဒါဆိုရင် သေချာမေးမြန်းစုံ စမ်းပြီးမှ ၀ယ်သင့်တာပေါ့”

”မှန်ပါတယ်။ အမွေရှင်နဲ့ ဆွေမျိုးဝေးရင်တော့ တရားရုံးမှာ အမွေထိန်းစာ
လျှောက်ထားပြီးမှ အရောင်းအ၀ယ်လုပ်တာ အကောင်းဆုံးပဲ သူငယ်ချင်း”
ဟု အကြံပြုချက်ကို ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။


Credit: ဈေးကွက်ဂျာနယ် ( ထီယု ဥပဒေအတိုင်ပင်ခံ )

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service