စရန်ချပြီး ၀ယ်ထားတဲ့အကွက် ပြန်ရောင်းတဲ့အခါ အထင်လွဲခံရ

စရန်ချပြီး ၀ယ်ထားတဲ့အကွက် ပြန်ရောင်းတဲ့အခါ အထင်လွဲခံရ - Property Knowledge in Myanmar from iMyanmarHouse.com
23 Feb 2018 1:04 pm တွင် တင်ခဲ့သည်
1296 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

အိမ်ခြံမြေဈေးကွက်မှာ ငွေအကျေမချေသေးပဲ စရန်ငွေချပြီး တစ်ဖက်လူကို ပြန်ရောင်းသူတွေရှိတယ်။

စရန်ငွေပဲ ချထားသေးတာကြောင့် ပါမစ်မူရင်းမဟုတ်ဘဲ မိတ္တူပဲကိုင်ပြီး အရောင်းတင်တဲ့ ဈေးကွက်ပါ။ အခုလိုအရောင်းတင်တဲ့အခါမှာ မိတ္တူပဲဖြစ်နေတာကြောင့် မူရင်းပြပြီးရောင်းတဲ့သူနဲ့ ယှဉ်တဲ့အခါ အတုနဲ့ရောင်းသလို အထင်ခံရပြီး အရောင်းမထွက်တဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

ဒဂုံသီးသန့်အကျိုးဆောင် မကေသီက " ဒီနောက်ပိုင်း ဈေးကွက်က သိတဲ့အတိုင်းပဲလေ၊ အတုတွေနဲ့ လိမ်လည်ရောင်းတာတွေ ရှိနေတော့ ၀ယ်သူတွေလဲ မ၀ယ်ရဲ၊ ရောင်းတဲ့သူတွေကလည်း ပိုင်ရှင်ဆိုပေမယ့် အပြီးမ၀ယ်သေးပဲ စရန်ငွေချပြီး ပြန်ရောင်းကြတာဆိုတော့ မိတ္တူပဲပြနိုင်နဲ့ ဈေးကွက်ထဲမှာ ကြုံနေရတဲ့ အခက်အခဲတွေပေါ့"လို့ ရှင်းပြပါတယ်။

အပိုင်ဝယ်ပြီးမှ (စာရွက်စာတမ်းအစုံ)နဲ့ ပါမစ်မူရင်းကိုင်ပြီးရောင်းနိုင်တဲ့သူနဲ့ ပါမစ်မိတ္တူနဲ့ရောင်းတဲ့သူတွေ ဈေးကွက်ထဲမှာ ကွာခြားချက်တွေရှိတာကြောင့်လို့ သိရတယ်။ ပါမစ်မိတ္တူနဲ့ အရောင်းတင်တဲ့အခါ ပါမစ်မသေချာဘူးထင်ပြီး မ၀ယ်ရဲကြဘူး။ ပါမစ်မူရင်းရှိတဲ့ နေရာခေါ်ပြတော့လည်း မလိုက်နဲ့ ဈေးကွက်ထဲမှာ ကြုံတွေ့နေရတဲ့ အဖြစ်တွေလို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးကျော်နိုင်က " စရန်ချထားပြီး ပါမစ်မိတ္တူနဲ့ အရောင်းတင်တာမျိုး ၀ယ်လက်အများစုက သိပ်စိတ်မ၀င်စားဘူး၊ ဈေးခေါ်တာတောင် ဈေးကျနေရင် အောက်ဈေး၊ ဈေးတက်နေရင် အတက်ဈေး၊ ဈေးတန်းက ငြိမ်နေရင် အငြိမ်ဈေးနဲ့ အခြေအနေကြည့်ပြီး ဈေးကိုပြောင်းလဲရတယ်၊ ခုအချိန်က အတက်ဈေးမဟုတ်ဘဲ အောက်ဈေးတန်းနဲ့ဆိုရင်တော့ ပွဲချက်ခြင်းဖြစ်တာများတယ်"လို့ ဈေးကွက်အခြေအနေကို ပြောပြပါတယ်။

စရန်ချထားပြီး ဈေးကွက်တင်ရတာကြောင့် ပါမစ်မိတ္တူနဲ့ အရောင်းတင်ရတယ်။ စရန်ချထားရုံနဲ့ မူရင်းကို မပေးတာကြောင့် မူရင်းကို ၀ယ်သူရှိရင် လိုက်ပြပေးတာမျိုး လုပ်ရတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ဒဂုံသီးသန့်အကျိုးဆောင် မဇင်မာက "ဈေးကွက်မှာ အခက်အခဲဖြစ်ရတာက မိတ္တူပြပြီး ရောင်းရတာဆိုတော့ အတုလို့အထင်ခံရတာများတယ်၊ တချို့တွေကတော့ နားလည်ပါတယ်၊ တချို့ဝယ်လက်တွေကျတော့ ပြောရခက်တယ်"လို့ ပြောပါတယ်။

Credit : The Modern

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service