စရန်ချပြီး ၀ယ်ထားတဲ့အကွက် ပြန်ရောင်းတဲ့အခါ အထင်လွဲခံရ - Property Knowledge in Myanmar from iMyanmarHouse.com
1232 Views

စရန်ချပြီး ၀ယ်ထားတဲ့အကွက် ပြန်ရောင်းတဲ့အခါ အထင်လွဲခံရ

Knowledge | Posted by Hnin Ei Khin

အိမ်ခြံမြေဈေးကွက်မှာ ငွေအကျေမချေသေးပဲ စရန်ငွေချပြီး တစ်ဖက်လူကို ပြန်ရောင်းသူတွေရှိတယ်။

စရန်ငွေပဲ ချထားသေးတာကြောင့် ပါမစ်မူရင်းမဟုတ်ဘဲ မိတ္တူပဲကိုင်ပြီး အရောင်းတင်တဲ့ ဈေးကွက်ပါ။ အခုလိုအရောင်းတင်တဲ့အခါမှာ မိတ္တူပဲဖြစ်နေတာကြောင့် မူရင်းပြပြီးရောင်းတဲ့သူနဲ့ ယှဉ်တဲ့အခါ အတုနဲ့ရောင်းသလို အထင်ခံရပြီး အရောင်းမထွက်တဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

ဒဂုံသီးသန့်အကျိုးဆောင် မကေသီက " ဒီနောက်ပိုင်း ဈေးကွက်က သိတဲ့အတိုင်းပဲလေ၊ အတုတွေနဲ့ လိမ်လည်ရောင်းတာတွေ ရှိနေတော့ ၀ယ်သူတွေလဲ မ၀ယ်ရဲ၊ ရောင်းတဲ့သူတွေကလည်း ပိုင်ရှင်ဆိုပေမယ့် အပြီးမ၀ယ်သေးပဲ စရန်ငွေချပြီး ပြန်ရောင်းကြတာဆိုတော့ မိတ္တူပဲပြနိုင်နဲ့ ဈေးကွက်ထဲမှာ ကြုံနေရတဲ့ အခက်အခဲတွေပေါ့"လို့ ရှင်းပြပါတယ်။

အပိုင်ဝယ်ပြီးမှ (စာရွက်စာတမ်းအစုံ)နဲ့ ပါမစ်မူရင်းကိုင်ပြီးရောင်းနိုင်တဲ့သူနဲ့ ပါမစ်မိတ္တူနဲ့ရောင်းတဲ့သူတွေ ဈေးကွက်ထဲမှာ ကွာခြားချက်တွေရှိတာကြောင့်လို့ သိရတယ်။ ပါမစ်မိတ္တူနဲ့ အရောင်းတင်တဲ့အခါ ပါမစ်မသေချာဘူးထင်ပြီး မ၀ယ်ရဲကြဘူး။ ပါမစ်မူရင်းရှိတဲ့ နေရာခေါ်ပြတော့လည်း မလိုက်နဲ့ ဈေးကွက်ထဲမှာ ကြုံတွေ့နေရတဲ့ အဖြစ်တွေလို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးကျော်နိုင်က " စရန်ချထားပြီး ပါမစ်မိတ္တူနဲ့ အရောင်းတင်တာမျိုး ၀ယ်လက်အများစုက သိပ်စိတ်မ၀င်စားဘူး၊ ဈေးခေါ်တာတောင် ဈေးကျနေရင် အောက်ဈေး၊ ဈေးတက်နေရင် အတက်ဈေး၊ ဈေးတန်းက ငြိမ်နေရင် အငြိမ်ဈေးနဲ့ အခြေအနေကြည့်ပြီး ဈေးကိုပြောင်းလဲရတယ်၊ ခုအချိန်က အတက်ဈေးမဟုတ်ဘဲ အောက်ဈေးတန်းနဲ့ဆိုရင်တော့ ပွဲချက်ခြင်းဖြစ်တာများတယ်"လို့ ဈေးကွက်အခြေအနေကို ပြောပြပါတယ်။

စရန်ချထားပြီး ဈေးကွက်တင်ရတာကြောင့် ပါမစ်မိတ္တူနဲ့ အရောင်းတင်ရတယ်။ စရန်ချထားရုံနဲ့ မူရင်းကို မပေးတာကြောင့် မူရင်းကို ၀ယ်သူရှိရင် လိုက်ပြပေးတာမျိုး လုပ်ရတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ဒဂုံသီးသန့်အကျိုးဆောင် မဇင်မာက "ဈေးကွက်မှာ အခက်အခဲဖြစ်ရတာက မိတ္တူပြပြီး ရောင်းရတာဆိုတော့ အတုလို့အထင်ခံရတာများတယ်၊ တချို့တွေကတော့ နားလည်ပါတယ်၊ တချို့ဝယ်လက်တွေကျတော့ ပြောရခက်တယ်"လို့ ပြောပါတယ်။

Credit : The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
area-one-business-complex
119-mdy

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service