ရှန်ဟိုင်းတွင် ကြိုပွိုင့်အိမ်ရောင်းအား ကျဆင်း

ရှန်ဟိုင်းတွင် ကြိုပွိုင့်အိမ်ရောင်းအား ကျဆင်း - Property News in Myanmar from iMyanmarHouse.com
16 Feb 2018 11:15 am တွင် တင်ခဲ့သည်
5084 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ၏ အဓိကအိမ်ခြံမြေဈေးကွက်ဖြစ်သော ရှန်ဟိုင်းတွင် ဇန်န၀ါရီလက ကြိုပွိုင့်အိမ်ရောင်းအားသည် ရှစ်လမြောက်ဆက်တိုက်လအဖြစ် အိမ်ခန်း ၁၁,၀၀၀ ၀န်းကျင်၌သာ ရှိခဲ့ပြီး အတန်အသင့်ကျဆင်းခဲ့သည်။

ပြီးခဲ့သည့်လက ကြိုပွိုင့်အိမ်ခန်း ၁၁,၈၀၀ ခန့် ရောင်းချခဲ့ရပြီး ဒီဇင်ဘာအောက်
၂ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရှန်ဟိုင်းအိုးအိမ်ညွှန်းကိန်းရုံးက ထုတ်ပြန်လိုက်သော ယခုနောက်ဆုံးအစီအရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။ သို့သော်လည်း ၎င်းရောင်းချရမှုပမာဏသည် ၂၀၁၇ ခုနှစ် ဇန်န၀ါရီထက်မူ ၃၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ဇန်န၀ါရီသည် အိမ်ခြံမြေရောင်းအား နည်းနေကျကာလဖြစ်သဖြင့် ယင်းသည် ဆိုးရွားသောအခြေအနေ မဟုတ်ကြောင်း၊ ဈေးကွက်သည် အနာဂတ်တွင် ပြန်လည်နာလန်ထူနိုင်ရန်အတွက် အဟုန်အချို့ စုဆောင်းရန် စတင်နေကြောင်း ပြသသော ညွှန်ပြချက်တစ်ရပ် ဖြစ်နိုင်ကြောင်းလည်း အထက်ဖော်ပြပါရုံးက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ရှန်ဟိုင်းမြို့တစ်ဝန်း နယ်မြေ ၁၃၀ တွင် တစ်လနှင့်တစ်လ ဈေးနှုန်းအပြောင်းအလဲများကို စစ်တမ်းကောက်လေ့လာသော ထိုအိုးအိမ်ညွှန်းကိန်းရုံးက ၎င်း ၁၃၀ နေရာအနက် ၂၃ နေရာတွင် ကြိုပွိုင့်အိမ်ဈေးများ မြင့်တက်ခဲ့ပြီး ၈၆ နေရာတွင် ကျဆင်းခဲ့ကာ ၂၁ နေရာတွင် ငြိမ်နေခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ရှန်ဟိုင်းမြို့တစ်ဝန်း မင်ဟန်ခရိုင်ရှိ ဖုကျန့်အရပ်၊ ဖူသုန်နယ်မြေသစ်ရှိ စံလင်းအရပ်နှင့် ချင်ဖူခရိုင်ရှိ ကျောင်ရှန်အရပ်တို့သည် ကြိုပွိုင့်အိမ်အရောင်းရဆုံး နေရာများ ဖြစ်ခဲ့ကြသည်။ ပြီးခဲ့သည့်လက ၎င်းနေရာများ၌ ကြိုပွိုင့်အိမ်ခန်း ၂၉၀၊ ၂၇၈ နှင့် ၂၆၈ ခန်းတို့ အသီးသီး ရောင်းချခဲ့ကြရသည်။

ရောင်းချခဲ့ရသည့် ဈေးနှုန်းအားဖြင့် အကျဆင်းခဲ့ဆုံးနေရာများမှာ ဝေးလံသော မြို့စွန်ရပ်ကွက်များတွင် ဖြစ်ခဲ့ကြောင်း သိရသည်။ ရောင်းလိုအားတွင်မူ ဇန်န၀ါရီလကုန်အထိ ရောင်းချမည့် ကြိုပွိုင့်အိမ်ခန်း ၁၂၀,၈၈၅ ခန့် ရှိခဲ့ပြီး ဒီဇင်ဘာလအောက် ၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီအောက် ၂၈ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းလည်း သိရသည်။

"မတ်လမှာ အကြီးအကျယ်ပြန်လည်နာလန်မထူခင် အခုချိန်မှာ ရှန်ဟိုင်းအိမ်ခြံမြေဈေးကွက်က ယေဘုယျအားဖြင့် တည်ငြိမ်နေဆဲဖြစ်ပါတယ်။ တစ်ဦးချင်းပိုင်ရှင်အများစုကတော့ လျှော့ဈေး ၅ ရာခိုင်နှုန်းဝန်းကျင် ပေးချင်နေကြတာကို တွေ့ရပေမဲ့ အဲ့ထက်ဈေးချပေးဖို့တော့ သိပ်မမြင်ပါဘူး" ဟု ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သော Shanghai Centaline Property Consultants Co ၏ အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service