ဖလမ်းလေဆိပ်(ဆူရ်ဘုန်)တည်ဆောက်ရေးလုပ်ငန်း ပွင့်လင်းရာသီ၌ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ

ဖလမ်းလေဆိပ်(ဆူရ်ဘုန်)တည်ဆောက်ရေးလုပ်ငန်း ပွင့်လင်းရာသီ၌ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ - Property News in Myanmar from iMyanmarHouse.com
16 Feb 2018 11:01 am တွင် တင်ခဲ့သည်
5250 ကြိမ် ကြည့်ရှု့ပြီး
ချင်းပြည်နယ်၏ တံခါးပေါက်နှင့် ပထမဆုံးလေယာဉ်ကွင်းတစ်ခုဖြစ်လာမည့် ဖလမ်းလေဆိပ်(ဆူရ်ဘုန်-Sulbung)ကို ငါးနှစ်စီမံကိန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနက ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်တည်ဆောက်လျက်ရှိရာ ယခုနှစ် ပွင့်လင်းရာသီ၌ လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင် ရွက်လျက်ရှိကြောင်း ချင်းပြည်နယ်အစိုးရ ရုံးမှ သိရသည်။

ဖလမ်းလေဆိပ်(ဆူရ်ဘုန်)လေယာဉ်ကွင်းကို ပြည်ထောင်စုအစိုးရအဖွဲ့က ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း ၁ဝဝဝ ကို လည်းကောင်း၊ ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း
၁၉ဝဝ ကို လည်းကောင်း၊ ၂ဝ၁၇- ၂ဝ၁၈ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း ၂ဝဝ ကိုလည်းကောင်း အသုံးပြုတည်ဆောက်နေခြင်းဖြစ်ကြောင်း၊ စီမံကိန်းတစ်ခုလုံးအတွက် စုစုပေါင်းမြန်မာကျပ်ငွေ ၂၅ ဘီလီယံကို ရင်းနှီးမြှုပ်နှံ၍ ၂ဝ၂ဝ- ၂ဝ၂၁ ခုနှစ်တွင် ပြီးစီးရန် စီစဉ်ထားကြောင်း သိရသည်။

''ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ဟားခါးမြို့နယ် ဘုံလုံး၊ ထန်တလန် မြို့နယ် ဗွေချိပ်(စ့်) လေယာဉ်ကွင်းငယ်
အတွက် မြေနေရာကွင်းဆင်းလေ့လာကြည့်ရှုထားပါပြီ။ မတူပီခရိုင် လိုင်လင်းပီ မြို့မှာတော့ နိုင်ငံတကာအင်ဂျင်နီယာတွေပူးပေါင်းပြီး လေယာဉ်ကွင်း မြေနေရာအတွက် မူကြမ်းအဆင့်ရေးဆွဲထားပါပြီ။ ကျန်တဲ့ တီးတိန်မြို့နဲ့ ပလက်ဝမြို့တွေမှာလည်း လေယာဉ်ကွင်းဟောင်းတွေရှိပြီးသားဖြစ်ပါတယ်။ ဖလမ်းလေဆိပ်ကိုတော့ငါးနှစ်စီမံကိန်းအတွင်း လေယာဉ်ပျံသန်း၊ ဆင်းသက်နိုင်ဖို့ စီစဉ်ထားပါတယ်'' ဟု ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရွှေထီးအိုးက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောဆိုသည်။

အဆိုပါ လေယာဉ်ကွင်းတည်ဆောက်သည့်နေရာသည် လေတိုက်နှုန်း၊ လေ တိုက်ခတ်ရာအရပ်၊ အနီးဆုံးမြို့များနှင့်လွယ်ကူစွာဆက်သွယ်သွားလာနိုင်မှု၊ လူဦးရေပျံ့နှံ့တည်ရှိမှု၊ အနီးဆုံးလေဆိပ် နှင့် အကွာအဝေးစသည့် အချက်အလက် များအရ လေယာဉ်ကွင်းတည်ဆောက်ရန် အကောင်းဆုံးနှင့် အဆင်ပြေဆုံးမြေနေရာ ဖြစ်ကြောင်း၊ ယင်းအပြင် ဒေသတွင်းအချက်အချာကျပြီး လေယာဉ်ကွင်းတည် ဆောက်ရန် မြေနေရာအနေအထား ကောင်းမွန်သည့် ဖလမ်းမြို့၏ အနောက်မြောက်ဘက် ၈ ဒသမ ၅ မိုင်အကွာရိခေါဒါရ် မြို့  သွားလမ်း ဆူရ်ဘုန်တောင်ကြောတစ်လျှောက်တွင် တည်ဆောက်ခြင်းဖြစ်
ကြောင်း၊ လေယာဉ်ကွင်းတည်ဆောက်မှု ပြီးစီးပါက ခံနိုင်ရည် စွမ်းအားပေါင် ၅ဝဝဝဝ ရှိသော ATR 72 လေယာဉ်အမျိုးအစားများပါ ဆင်းသက်နိုင်မည်ဖြစ်ကြောင်း၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆ဝဝဝ ကျော်တွင် လေယာဉ်ကွင်းတည်ဆောက်မှု၊ လေကြောင်းပြေးလမ်း အရှည်အနေဖြင့် အလျားပေ ၆ဝဝဝ၊ အကျယ်ပေ ၁ဝဝ ကျယ်ဝန်းကြောင်း၊ လေယာဉ်ပြေးလမ်း တစ်ဖက်တစ်ချက်စီသည် ပေ ၅ဝဝ ကျယ်ဝန်းပြီး လေယာဉ်ရပ်နားရန်နေရာကို အလျားပေ ၂၅ဝ နှင့် အနံပေ ၂၅ဝ ဖြင့် ဆောင်ရွက် မည်ဖြစ်ရာ ပြေးလမ်းမျက်နှာ ပြင်သည်Flexible Pavement အမျိုး အစားဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

လေယာဉ်ကွင်း တည်ဆောက်ပြီးစီးသွား ပါက ချင်းပြည်နယ်(မြောက်ပိုင်း)ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ ရိခေါဒါရ်မြို့နှင့် အထင်ကရများဖြစ်သည့် ရိဒ်ရေကန်နှင့် လေသာတောင်ခေါ် ကနေဒီတောင်များအပြင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ စသည့်မြို့များသို့ အလွယ်တကူ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များပါ လာရောက်လည်ပတ်ရန် လွယ်ကူ လာပါက ခရီးသွားလုပ်ငန်းပါ ဖွံ့ဖြိုးလာ မည်ဖြစ်သည်။

လက်ရှိတွင် ချင်းပြည်နယ်(မြောက်ပိုင်း) ၏ အဓိကကြုံတွေ့နေရသည့် အခက်အခဲ မှာ မိုးရာသီကာလ ဒေသတွင်း ဆက်သွယ်သွားလာရာတွင်လည်းကောင်း၊ သဘာဝဘေးဒဏ်များကြောင့် ဆက်သွယ်သွားလာမှု လမ်းကြောင်းများပျက်စီးပြတ်တောက်မှုများ၊ ပိတ်ဆို့မှုများမကြာခဏဖြစ်ပေါ်လေ့ရှိရာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှသာတစ်နေရာနှင့်တစ်နေရာ၊ တစ်ရွာနှင့်တစ်ရွာ၊ တစ်မြို့နှင့်တစ်မြို့၊ ဒေသတစ်ခုနှင့်တစ်ခု ကူးလူးဆက်သွယ်မှု မြန်ဆန်မည်ဖြစ်သည်။

ထိုအခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် အကောင်းဆုံးဆက်သွယ်ရေးလမ်းကြောင်းမှာ ဝေဟင်ခရီးမှ လေယာဉ်စီးသွားနိုင်မည့် လေကြောင်းခရီးသည်သာ အဓိကအသင့်လျော်ဆုံးဖြစ်ရာ ချင်းပြည် နယ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်းတံခါးပေါက်တစ်ခုဖြစ်လာမည်ဖြစ်သည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service