မြောက်ဦးလေယာဉ်ကွင်းသစ်ကို အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့်စနစ် (PPP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟုသိရ

မြောက်ဦးလေယာဉ်ကွင်းသစ်ကို အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့်စနစ် (PPP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟုသိရ - Property News in Myanmar from iMyanmarHouse.com
15 Feb 2018 11:43 am တွင် တင်ခဲ့သည်
5066 ကြိမ် ကြည့်ရှု့ပြီး
မြောက်ဦးလေယာဉ်ကွင်းသစ်ကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့်စနစ် (PPP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

မြောက်ဦးလေယာဉ်ကွင်းသစ် အကောင်အထည်ဖော်မည့်ကိစ္စအား ဖေဖော်ဝါရီ ၁၃ ရက်ကထုတ်ပြန်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြည်သူသို့အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

မြောက်ဦးမြို့လေဆိပ်အသစ်သည် မြောက်ဦးမြို့၏ အရှေ့ဘက် ၄ ဒသမ ၅ မိုင်ခန့်အကွာ နန်းကျားကျေးရွာ အနောက်ဘက်တွင်တည်ရှိပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၀၀၀ နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၀၀၀ စုစုပေါင်း ကျပ်သန်း ၄၀၀၀ တို့ဖြင့် ဆုထူးစံကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရန်ပုံငွေမှာ ကျပ်သန်းပေါင်း ၁၄၂ ဒသမ ၃၉၃ သာ ခွင့်ပြုထားသောကြောင့် လေယာဉ်ကွင်းတည်ဆောက်ရေးလုပ်ငန်းအား ရပ်ဆိုင်းထားရကြောင်း သိရသည်။

မြောက်ဦးလေယာဉ်ကွင်း စီမံကိန်းအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ် ၂၅ ဒသမ ၆၁ ဘီလျံဖြစ်ကြောင်း သိရသည်။ ရခိုင်ဘုရင်များ၏မြို့တော်ဖြစ်ခဲ့သည့် မြောက်ဦးမြို့တွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လက်ရာ အများအပြားကျန်ရှိနေသေးပြီး မြောက်ဦးမြို့ကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (ယူနက်စကို) ၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သို့ရာတွင် လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ မြောက်ဦးကို ကမ္ဘာလှည့်ခရီးသွား တစ်နှစ်လေးထောင်ခန့်သာ လာရောက်ကြောင်းနှင့် လေဆိပ်အသစ်တည်ဆောက်ပြီးလျှင် ခရီးသွားများ ပိုမိုဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ မာန်အောင်လေဆိပ် မူလလေယာဉ်ပြေးလမ်း ပေ ၄၅၀၀×၁၀၀ အား တောင်ဘက်သို့ Overrun ပေ ၂၀၀ နှင့် RESA Earth Levelling လုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်တွေလေဆိပ် ခရီးသည်အဆောက်အအုံ ပေ ၁၈၀×၆၀ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း အစီရင်ခံစာတွင်ပါရှိသည်။

ပို့ဆောင်ရေးကဏ္ဍအနေဖြင့် ကုန်းလမ်းပို့ဆောင်ရေးတွင် မူလယာဉ်လိုင်း ၄၂ လိုင်းအပြင် ခြောက်လိုင်းထပ်မံ၍ တိုးချဲ့ပြေးဆွဲခွင့်ပြုနိုင်ခဲ့ကြောင်း၊ ရေကြောင်းပို့ဆောင်ရေးတွင် ရခိုင်ဒေသကမ်းရိုးတန်းနှင့် မြစ်ကြောင်းများတစ်လျှောက် သွားလာမှု အဆင်ပြေစေရေးအတွက် ကစ္ဆပနဒီ (၁) နှင့် (၂) ရေယာဉ်များ၊ အောင်တံခွန်ရေယာဉ်များ ပြေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် တန်ချိန် ၃၀၀ မြစ်တွင်းသွား ရေယာဉ်ခြောက်စင်းကို ၂၆-၆-၂၀၁၇ ရက်မှစ၍ ပြေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service