ထားဝယ်ကမ်းနားလမ်းစီမံကိန်းကြောင့် မြေကွက်များ ဝယ်လက် စိတ်ဝင်စားမှုမြင့်

ထားဝယ်ကမ်းနားလမ်းစီမံကိန်းကြောင့် မြေကွက်များ ဝယ်လက် စိတ်ဝင်စားမှုမြင့် - Property News in Myanmar from iMyanmarHouse.com
31 Jan 2018 11:26 am တွင် တင်ခဲ့သည်
5094 ကြိမ် ကြည့်ရှု့ပြီး
ထားဝယ်မြို့ ကမ်းနားလမ်းကို အဆင့်မြှင့်မည့်စီမံကိန်း စတင်ပြီးနောက် အဆိုပါလမ်းရှိ အိမ်၊ ခြံနှင့် မြေကွက်များကို ဝယ်လိုသူများကာ စိတ်ဝင်စားမှုမြင့်တက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း အတွင်းရေးမှူးက ပြောသည်။

လက်ရှိတွင် အိမ်နှင့် မြေကွက်များကို ဝယ်လိုသူများ စိတ်ဝင်စားမှုမြင့်တက်နေသော်လည်း မြေကွက်ပိုင်ရှင်များက ဈေးနှုန်းအနေအထားကို စောင့်ကြည့်နေကြသည့်အတွက် အရောင်းအဝယ် မဖြစ်သေးကြောင်း တိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း အတွင်းရေးမှူး ဦးစိုးသိန်းက ဆိုသည်။

လက်ရှိ ဆိပ်ကမ်းအာဏာပိုင်က ပိုင်ဆိုင်သည့်မြေနေရာတွင် ငှားရမ်းလုပ်ကိုင်နေသည့် လုပ်ငန်းအချို့ကို ဖယ်ရှားပြီးနောက် ထားဝယ်မြစ်မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့လာခဲ့ပြီးနောက် ဝယ်လိုသူများက စိတ်ဝင်စားလာခြင်း ဖြစ်သည်။

“စိတ်ဝင်စားသူတော့ တကယ်ရှိတယ်၊ အမှန်တကယ်လည်း လိုက်စုံစမ်းနေရတာရှိတယ်၊ လက်ရှိအနေအထားအထိ အရောင်းအဝယ်တော့ မဖြစ်သေးဘူး”ဟု ဦးစိုးသိန်းက ပြောသည်။

ကမ်းနားလမ်း ဆိပ်ကမ်းပိုင် မြေပေါ်ရှိ ဆိုင်ခန်းများကို မဖယ်ရှားခင်က အိမ်နှင့်မြေရောင်းမည်ဟု ကြေညာထားသော်လည်း ဖယ်ရှားပြီးနောက်ပိုင်းတွင် မြေဝယ်ရန် စုံစမ်းသူများသည့်အတွက် ဆိုင်းဘုတ်ကို ပြန်ဖြုတ်လိုက်ကြောင်း ထားဝယ်မြို့ ကမ်းနားလမ်းရှိ အိမ်ပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။

“ကမ်းနားလမ်း စလုပ်ချိန်မှာ မေးတဲ့သူတွေ အရမ်းများလာတယ်၊ ဈေးကို စောင့်ကြည့်နေတဲ့သဘောနဲ့ မရောင်းဖြစ်သေးတာ”ဟု အဆိုပါ အိမ်ပိုင်ရှင်က ပြောသည်။

လက်ရှိဖယ်ရှားနေသည့်အပိုင်းတွင် ပေ ၄၀၊ ပေ ၈၀ အကျယ်ရှိ မြေတစ်ကွက် (အိမ်မပါ) လျှင် ကျပ် သိန်း ၁ ထောင်ခန့်အထိ ခေါ်ဈေးရှိနေပြီး ယခင်က ကျပ် သိန်း ၇၀၀ ဝန်းကျင်သာ ခေါ်ဈေးရှိကြောင်း သိရသည်။

အဆိုပါကမ်းနားလမ်းကို လက်ရှိ ကွန်ကရစ်လမ်းနှင့်ယှဉ်ကာ မြစ်ဘက်ခြမ်းတွင် နောက်ထပ်ကွန်ကရစ်လမ်းတစ်ခု ခင်းသွားမည်ဖြစ်ပြီး အပန်းဖြေဧရိယာပုံစံ ဒီဇိုင်းဆွဲထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ရေးဆွဲထားသည့် ဒီဇိုင်းပုံစံအရ သိရသည်။

Credit: The voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service