အချိန်မတိုင်ခင် ယိုယွင်းပျက်စီးလာသော အိမ်ရာဟောင်းများ အတွက် အဖြေ

အချိန်မတိုင်ခင် ယိုယွင်းပျက်စီးလာသော အိမ်ရာဟောင်းများ အတွက် အဖြေ - Property News in Myanmar from iMyanmarHouse.com
30 Jan 2018 11:57 am တွင် တင်ခဲ့သည်
4990 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံရှိ အစိုးရအိမ်ရာများတွင် အရေအတွက်အများဆုံး ဖြစ်သော ပြည်သူ့အိမ်ရာနှင့် ဝန်ထမ်းအိမ်ရာ စသည့်အငှားအိမ်ရာ များအား အထူးဦးစားပေး၍ ပြင်ဆင်ထိန်းသိမ်းရေးနှင့်ပတ်သက် ပြီး နေထိုင်သူတို့၏ ပူးပေါင်း ဆောင်ရွက်မှု အားနည်းချက်များ ကိုမကြာခဏတွေ့ ရှိရလေ့ရှိသည်။

အိမ် ခန်း၏ ပြတင်းပေါက် (သို့မဟုတ်)ဝရန်တာနှင့် မလှမ်းမကမ်းရှိ အုတ် နံရံ၌ တွယ်ကပ်နေသော ညောင်ပင်ကို နုတ်ပစ်ရန် လက်လှမ်းမီပါ သော်လည်း ကြီးလာသည်အထိ လျစ်လျူရှုရက်သူများကို တွေ့မြင် နိုင်၏။

ပြတင်းတံခါးရွက်၏ ပတ္တာတွင် ဝက်အူချောင်နေသည်ကို ဝက်အူလှည့်ဖြင့် ကျပ်ပေးရန် မခက်သော်လည်း ဥပေက္ခာပြုသူ များရှိ၏။ ပတ္တာပြုတ်သွားသောအ ခါ သွပ်နန်းကြိုးနှင့် ချည်ထားလိုက် ကြ၏။ ပြတင်းတံခါးဘောင် ချိတ်ပြုတ်လျှင်လည်း တံခါးကို အုန်းဆံကြိုးနှင့် ဆိုင်းထားကြပြန်၏။ ကြက်ရင်တန်းအကွက်တစ်ကွက် နှစ်ကွက်မျှ မှန်ကွဲထွက်သွားလျှင် ပလတ်စလစ်ဖြင့် ပိတ်ထား၏။ ရေဆင်းပိုက်အဝ၌ အမှိုက်များမပါအောင် သံဆန်ကာကျိုးပျက်လျှင် ပြန်လည်မတပ်ဆင်ဘဲ ယင်းအပေါက်မှ စားကြွင်းစားကျန်များကိုပါ ရေနှင့်လောင်းချပစ်သည်လည်း ရှိ၏။

အမှိုက်များကို အတက်အဆင်းလှေကားထောင့်၌ ပုံထား ခြင်း၊ အိမ်ရှေ့ရေမြောင်းအတွင်း စွန့်ပစ်ခြင်းများကို တွေ့ကြရ၏။ မြေညီထပ်အိမ်ခန်းမျက်နှာစာတွင်မြက်ပင်နှင့် ချုံများလွှမ်းနေသည်ကို မြင်ပါလျက် ရှင်းလင်းခုတ်ထွင်ရန် အလွန်ဝန်လေးကြ၏။ နောက်ဖေးလမ်းကြားနှင့် ရေမြောင်းများမှာ အမှိုက်နှင့် စားကြွင်းစားကျန်များ ပစ်ရာနေရာဖြစ်ပြီး ကြွက်များဖောက်၍ ပျက်စီးကုန်၏။

မကြာမီက ရန်ကုန်မြို့ ၂၇ လမ်း နောက်ဖေးလမ်းကြားတွင် ဥယျာဉ်နှင့် ကလေးကစားကွင်း ဖန်တီးထားသည်ကို အပေါ်မှ ရေသွန်ချသူ၊ အမှိုက်ပစ်သူများကို တရားခံရှာမရဘဲ ပျက်စီးကုန် ကြောင်းသိရှိခဲ့ရ၏။ ငွေကြေးတတ်နိုင်၍ ကိုယ်ပိုင်တိုက်ခန်းဝယ်ယူနေ ထိုင်သူတို့၏ တစ်ကိုယ်ကောင်းဆန်သော စရိုက်များဖြစ်ပြီး တိုက် ခန်းမဝယ်နိုင်သဖြင့် ငှားရမ်းနေထိုင်ရသူတို့နှင့် နှိုင်းယှဉ်လျှင် တမင်ဖျက်လိုဖျက်ဆီးလုပ်ရာ၌ သာလွန်ကြကြောင်း တွေ့ရှိရပေ သည်။

ဤနေရာ၌ စင်ကာပူနိုင်ငံ၏ အိမ်ရာစီမံခန့်ခွဲမှုစနစ်အရ ပြင် ဆင်ထိန်းသိမ်းရေးလုပ်ငန်းစီစဉ် ဆောင်ရွက်ပုံများကို ဖော်ပြလိုပေသည်။ တိုက်ခန်းတွင် နေထိုင်မည့် သူလိုက်နာရမည့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများအကြောင်း ကို အိမ်ရာဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (HDB) က လက်ကမ်းစာစောင် ထုတ်ဝေပေးထားသည်ကို ဖတ်ရှု ခဲ့ရ၏။

ခြေကျော်ကွန်ကရစ်ဘောင် ပဲ့လျှင် မည်ကဲ့သို့ ပြုပြင်ရမည်၊ အဲကွန်းတပ်ဆင်လျှင် မည်သည့် အချက်များလိုက်နာရမည်၊ ပါကေးခင်းလျှင် မည်သည့်အချက် များ သတိထားရမည် စသည့်အသေးစိတ်အချက်များကို ရောင်စုံ ဓာတ်ပုံများ၊ ပုံစံများဖြင့် ရှင်းလင်း ပြဆိုထား၏။ ပြင်ဆင်ထိန်းသိမ်း ရေးစရိတ်ကျခံမှုနှင့်ပတ်သက်၍ လည်းသိသင့်သည့်အချက်များကို ကြိုတင်ရှင်းလင်းဖော်ပြထား၏။ ဥပမာ- အိမ်ခန်းဝယ်နေသူအတွက် ခေါင်မိုးအင်္ဂတေ (Slab) မှ မိုးယိုလျှင် HDB မှ ကျခံမည်ဖြစ် ကြောင်းနှင့် ကြမ်းခင်း၏ နံရံ ထောင့်မှ ရေစိမ့်လျှင် အပေါ်ထပ် နှင့် အောက်ထပ်၌ နေထိုင်သူနှစ်ဦးတို့ အချိုးကျပြုပြင်စရိတ်များ ခံရမည်ဖြစ်ကြောင်း ကြိုတင်၍ ရှင်းလင်းပြဆိုထားကြောင်း တွေ့ ရှိရ၏။

မြန်မာနိုင်ငံ၌ ထိုကဲ့သို့ အသိပညာပေးမှုများကို စနစ် တကျ ကြိုတင်ဆောင်ရွက်ခြင်း လုံးဝမရှိသဖြင့် ပြင်ချင်သလိုပြင်၊ တပ်ချင်သလိုတပ်၍ ပျက်စီးရ သည်များရှိ၏။ အငှားအိမ်ရာတွင် ငှားရမ်းခ မှန်မှန်မပေးရုံမျှမက ကိုယ်ပိုင်အိမ်ပမာ ဖျက်ပြီး အသစ်ဆောက်လိုက်ကြ၏။ တစ်ထပ်ကို နှစ်ထပ်မြှင့်လိုက်၏။ အိမ်ရှေ့မျက် နှာစာရှိ Open Space ကို ထိန်းသိမ်းရမည့်အစား အဆောက်အအုံအသစ်ဆောက်ပြီး ဆိုင်ဖွင့်ခြင်း၊တစ်ဆင့်ငှားရမ်းခြင်းပြု၍ မျက်နှာစာအလှပသာဒများပါ လုံးဝပျက်စီးသွား၏။ အချို့က အစိုးရမပြင်ပေးခြင်းကြောင့် ကိုယ့်နည်းကိုယ့် ဟန်ဖြင့် ပြင်ဆင်ရင်း လက်လွန်သွားသည်ဟု အကြောင်းပြကြ သေး၏။

အိမ်ရာပြင်ဆင်ထိန်းသိမ်း ရေးလုပ်ငန်းတွင် နေထိုင်သည့် ပြည်သူများကိုယ်တိုင် ပူးပေါင်း ပါဝင်လာရေးအတွက် အသိုင်းအဝိုင်းအခြေပြု ပြင်ဆင်ထိန်းသိမ်း ရေးစနစ် (Community Based Maintenance and Repair) ကို အကောင်အထည်ဖော်သင့်၏။ အဆောက်အအုံနှင့် အခြေခံအဆောက်အအုံပြင်ဆင်ထိန်းသိမ်း မှု၊ မြေယာရှုခင်းနှင့် မြေကွက်လပ်များ၊ ပန်းခြံနှင့် ကစားကွင်း စသည်များအားလုံးကို နေထိုင်သူတို့ ပါဝင်သောအဖွဲ့က ထိန်းသိမ်းဆောင် ရွက်ခြင်းဖြစ်၏။ စင်ကာပူတွင် Town Council များကို နေထိုင်သူများပါဝင်ဖွဲ့စည်းပေးပြီး ထိုင်းနိုင်ငံ၌လည်း အသိုင်းအဝိုင်းအခြေပြုအဖွဲ့အစည်း (Community Or-ganization) များကို ဖွဲ့စည်းပေးကြောင်း တွေ့ရှိရပေသည်။

မြန်မာနိုင်ငံ၌ ယခင်က စခန်းသာယာရေးကော်မတီ များ ရှိခဲ့သော်လည်း ယခုခေတ်နှင့် လျော်ညီအောင် လုပ်ထုံးလုပ်နည်းအသစ်များ ရေးဆွဲပြဋ္ဌာန်း၍ ပြန် လည်ဖွဲ့စည်းပေးရန် လိုအပ်ပေသည်။ တစ်ကျောင်း တစ်ဂါထာ မဖြစ်စေရန် တစ်နိုင်ငံလုံးအတွက်တစ်ပြေးညီ စည်းကမ်းများ ချမှတ်ပေးရန်လည်း လိုအပ်ပေသည်။ အထူးသဖြင့် ဒီမိုကရေစီခေတ်သစ်တွင် တည်ဆောက်သည့် (၁) ပြည်သူ့အိမ်ရာနှင့် ဝန်ထမ်းအိမ်ရာ စသည့်အငှားအိမ်ရာများ၊ (၂) တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအရောင်း အိမ်ရာများ၊ (၃) ပုဂ္ဂလိကနှင့် အ ကျိုးတူ (PPP) အိမ်ရာများအတွက် အိမ်ရာအမျိုးအစားအလိုက် ပြည်သူတို့ပါဝင်သောစနစ်ကို အ ခြေပြုသည့် ပြင်ဆင်ထိန်းသိမ်းရေး လုပ်ထုံးလုပ်နည်းအသစ်များကို ရေးဆွဲသတ်မှတ်ပေးရန်လိုအပ်မည်ဖြစ်သည်။

အိမ်ရာစီမံကိန်းတိုင်း၌ အသိုင်းအဝိုင်းအခြေပြု လှုပ်ရှားမှု များ ဆောင်ရွက်နိုင်ရန်အတွက် ခန်းမများ (Community Hall) ကို လည်း ထည့်သွင်းဆောက်လုပ်ပေး ရန် လိုအပ်၏။

အမှန်စင်စစ် ပြင်ဆင်ထိန်း သိမ်းရေးဟူသည် အိမ်ရာစီမံခန့်ခွဲ ရေးလုပ်ငန်း၏ အစိတ်အပိုင်းဖြစ် ပြီး အိမ်ရာစီမံခန့်ခွဲရေးဟူသည့် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်း၏ အစိတ်အပိုင်းဖြစ်ပေသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီခေတ်သစ်၌ အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းကို ပြည်ထောင်စုအဆင့်နှင့် ဒေသအဆင့် တာဝန်ခွဲဝေဆောင်ရွက်မှုများ ပီပြင်စွာ မရှိသေးပေ။

ထို့ ကြောင့် အစိုးရဘက်မှ စနစ်တကျ စီမံထုတ်ပြန်ထားသော ဥပဒေနှင့်စည်းကမ်းချက်များမရှိခြင်း ကြောင့် ယနေ့ တွင် တစ်နိုင်ငံလုံးရှိ အိမ်ရာစီမံကိန်းများ မှာ အချိန်မတိုင်ခင် ယိုယွင်းပျက်စီး ဟောင်းနွမ်းလာပြီဖြစ်သည်။ ထို့ ကြောင့်သာယာလှပသော အိမ်ရာကောင်းများ ဖြစ်ပေါ်လာစေရေး အတွက် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service