ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
Bloomberg သတင်းဌာနကြီးကို ပူးတွဲတည်ထောင်သူ၊ နယူးယောက်မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွန်းဘာ့ဂ်၏ သမီးဖြစ်သူ အသက် ၄၁ နှစ်အရွယ်ရှိ ဂျော်ဂျီနာ ဘလွန်းဘာ့ဂ် (Georgina Bloomberg) က မိမိ၏ကိုယ်ဝန်မှာ မကြာမီ မွေးဖွားတော့မည်ဖြစ်ကြောင်းကို အင်စတာဂရမ် လူမှုကွန်ရက်တွင် မျှဝေလာသည်။
ထို့အပြင် Long Island မှ Hamptons အရပ်တွင်လည်း အိမ်သစ်တစ်လုံးပိုင်ဆိုင်လာကြောင်း ၎င်းက ဖွင့်ဟလာသည်။
ဂျော်ဂျီနာ၏ အိမ်သစ်မှာ ဖခင်ဖြစ်သူ၏ နန်းတော်တမျှ ခမ်းနားလှသော စံအိမ်ကြီးမှ မော်တော်ကားဖြင့် မိနစ်ပိုင်းခရီးမျှသာ ကွာဝေးသည်။
(▲ ဂျော်ဂျီနာ ဘလွန်းဘာ့ဂ်ကို ဖခင်ဖြစ်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်၊ ဖခင်နှင့် ကာလကြာရှည်တွဲနေသည့် အမျိုးသမီး ဒိုင်ယာနာ တေလာတို့နှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ-Getty Images for The Met Museum/Vogue)
(▲ ဂျော်ဂျီနာ (ယာ) မှာ သမီးမိန်းကလေး ကိုယ်ဝန်လွယ်ထားရပြီး မကြာမီတွင် မွေးဖွားတော့မည် ဖြစ်သည်။ ဓာတ်ပုံ-David Buchan)
(▲ ၂၀၁၂ ခုနှစ်က ဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်သည်။ ဓာတ်ပုံ-Rise Media) Getty Images for The Met Museum/Vogue) David Buchan)
(▲ ဂျော်ဂျီနာ၏ စံအိမ်သစ်မှာ ကမ်းခြေမျက်နှာစာပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-Rise Media)
ဂျော်ဂျီနာ၏ ဖခင် မိုက်ကယ် ဘလွန်းဘာ့ဂ်က အဆိုပါ စံအိမ်ကို ဝယ်ယူကာ သမီးအား လက်ဆောင်ပေးခြင်း ဖြစ်သည်။
“သူက မြေးတွေနဲ့ နီးနီးနားနား နေချင်နေတာဖြစ်ပါတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။
ဂျော်ဂျီနာနှင့် စေ့စပ်ထားသူ ဂျပ်စတင် ဝါးတားမန်းတို့တွင် ဒုတိယမြောက် ရင်သွေး ထွန်းကားတော့မည့်ကာလအတွင်း ယခုစံအိမ်ဝယ်ယူမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး မေလ ၃၀ ရက်က အရောင်းအဝယ်အပြီးသတ်ခဲ့ခြင်း ဖြစ်သည်။
(▲ ဂျော်ဂျီနာသည် နာမည်ကြီး မြင်းစီးအားကစားမယ်တစ်ဦး ဖြစ်သည်။ ဓာတ်ပုံ-Getty Images)
(▲ စံအိမ်၏ အခန်းဖွင့် အခင်းအကျင်း။ ဓာတ်ပုံ-Rise Media)
(▲ ကြီးမားသော ပြတင်းများရှိသောကြောင့် လင်းလင်းချင်းချင်း ရှိစေသည်။ ဓာတ်ပုံ-Rise Media)
(▲ မီးဖိုဆောင်။ ဓာတ်ပုံ-Rise Media)
(▲ ညစာစားခန်း။ ဓာတ်ပုံ-Rise Media)
(▲ မီးလင်းဖိုပါသော ခန်းမတစ်ခု။ ဓာတ်ပုံ-Rise Media)
(▲ အိပ်ခန်း ၄ ခန်းအနက်မှတစ်ခု။ ဓာတ်ပုံ-Rise Media)
(▲ အိမ်တွင်းရုံးခန်းနေရာ။ ဓာတ်ပုံ-Rise Media)
ဆောက်သမ်ပ်တန်မှ ၊ Cold Point လမ်းတွင် တည်ရှိပြီး ကမ်းခြေမျက်နှာစာ ပေ ၁၀၀ ပိုင်ဆိုင်ထားသည်။
နောက်ဆုံးခေါ်ဈေးမှာ ကန်ဒေါ်လာ ၄ ဒသမ ၂၉ သန်းဖြစ်ပြီး ဒေါ်လာ ၄ သန်းဖြင့် အရောင်းအဝယ်ဖြစ်သွားကာ ငွေသားဖြင့် ပေးချေဝယ်ယူသွားခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
(▲ နားနေခန်းမှတဆင့် ကျယ်ပြောသောရှုခင်းများ တွေ့မြင်ရသည်။ ဓာတ်ပုံ-Rise Media)
(▲ နားနေ နေရာတစ်ခု။ ဓာတ်ပုံ-Rise Media)
(▲ ဂျော်ဂျီနာနှင့် မိသားစု အပန်းဖြေနိုင်မည့် ခြံဝန်း။ ဓာတ်ပုံ-Rise Media)
(▲ ကလေးငယ်တိုင်း အကြိုက်တွေ့မည့် သဲသောင်ကမ်းခြေ။ ဓာတ်ပုံ-Rise Media)
ယခုအိမ်မှာ ဖခင်ဖြစ်သူ၏ Ballyshear စံအိမ်ကြီးနှင့် ၅ မိနစ်ခရီးသာဝေးသည်။
မိုက်ကယ်ဘလွန်းဘာ့ဂ်၏ စံအိမ်မှာ စတုရန်းပေ ၂၂၀၀၀ အထိ ကျယ်ဝန်းပြီး ခြံဝန်းမှာ ၃၅ ဧကအထိ ကျယ်ဝန်းသောခြံကြီးဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Michael Bloomberg just splashed out $4M in cash for a waterfront Hamptons home — for his pregnant daughter
Photo Credit- Rise Media, Getty Images for The Met Museum/Vogue, David Buchan