ယခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မုန်တိုင်းဒဏ်ခံအဆောက်အအုံ ၈၆ လုံး တည်ဆောက်မည်

ယခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မုန်တိုင်းဒဏ်ခံအဆောက်အအုံ ၈၆ လုံး တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
24 Jan 2018 10:30 am တွင် တင်ခဲ့သည်
2941 ကြိမ် ကြည့်ရှု့ပြီး
ယခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Cyclone Shelter (မုန်တိုင်းဒဏ် ခံအဆောက်အအုံ) ၈၆လုံး တည်ဆောက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြော ကြားသည်။

ပေါက်တောမြို့နယ်တောင် ပိုင်း ပင်လယ် ကမ်းစပ်မြေနိမ့်ပိုင်း ဒေသတွင် Cyclone Shelter သုံးလုံးဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ ဇန်န၀ါရီ ၂၂ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးအောင်ကျော်ဇမေး မြန်းသည့် မေးခွန်းကို ဒေါက်တာ ၀င်းမြတ်အေးက အထက်ပါအတိုင်းပြောကြားခဲ့သည်။

Cyclone Shelter ၈၆ လုံး ကို ဧရာဝတီတိုင်း၊ ရခိုင်၊ ရှမ်းနှင့်ချင်းပြည်နယ်တို့တွင် တည် ဆောက်မည်ဖြစ်ပြီး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျပ် ၁၅ ဘီလီယံကျော် အသုံးပြုမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

ထိုသို့ တည်ဆောက်ရာ၌ ဧရာဝတီတိုင်းတွင် ၅၇ လုံး၊ ရခိုင် ပြည်နယ်တွင် ၂၆ လုံး၊ ချင်းပြည် နယ်တွင် နှစ်လုံးနှင့် ရှမ်းပြည်နယ် တွင် တစ်လုံး တည်ဆောက်မည် ဟု ဆိုသည်။

ဒေါက်တာဝင်းမြတ်အေးက ‘‘ဒီအဆောက်အအုံတွေဟာ ဘေး ဖြစ်တဲ့အခါမှာ အချိန်မီခိုလှုံနိုင်တဲ့ အတွက် အသက်အန္တရာယ်က ကာကွယ်နိုင်မှာဖြစ်ပါတယ်’’ဟု ပြောကြားသည်။

လေဘေးကျရောက်သည့် အခါ၌ ကြံ့ကြံ့ခံနိုင်ရန် ယင်းအဆောက်အအုံများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဦးဆောင်မှုဖြင့် စနစ်တကျ တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ပေါက်တောမြို့နယ်သည် ဘင်္ဂလားပင်လယ်အော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဟန်တာ ပင်လယ်အော်နှင့် ထိစပ်နေပြီး ကုလားတန်မြစ်ဝှမ်းဒေသတွင် တည်ရှိသဖြင့် လေမုန်တိုင်းဒဏ် ခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ထားမှသာ လေမုန်တိုင်းအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဦးအောင် ကျော်ဇံကပြောကြားသည်။

‘‘ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို လတ်တလောကာ ကွယ်ပေးနိုင်ရန်ဖို့အတွက် လေ ဘေးဒဏ်ခံအဆောက်အအုံတွေ ကြိုဆောက်ထားဖို့ လိုပါတယ်’’ ဟု ၎င်းကဆိုသည်။

ပေါက်တောမြို့နယ် ပုဏ္ဏား ကြီး၊ ကံချောင်း၊ အလယ်ကျွန်း ကျေးရွာအုပ်စုတို့တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် Cyclone Shelter သုံးလုံး၊ ငပြီကျွန်းကျေး ရွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှူဒါန်းငွေဖြင့် Cyclone Shelterတစ်လုံးကို ၂၀၁၈ အတွင်းဆောက် လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း ဒေါက်တာဝင်းမြတ်အေးက လွှတ်တော်၌ ဖြေကြားသည်။

Credit: 7Daydaily
Translated by: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service