အာနိုးတို့ဇနီးမောင်နှံ ကလေးငယ်များအတွက် နေအိမ်ဝယ်ယူရန် ရှာဖွေလျက်ရှိ

အာနိုးတို့ဇနီးမောင်နှံ ကလေးငယ်များအတွက် နေအိမ်ဝယ်ယူရန် ရှာဖွေလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
5 Jan 2018 11:12 am တွင် တင်ခဲ့သည်
4988 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော် အက်ရှင်သရုပ်ဆောင်မင်းသားကြီး အာနိုးရှဝါဇနက်ဂါနှင့် ဇနီးဖြစ်သူ မာရီယာ ရှရိုင်ဗာတို့သည် ကလေးငယ်များ နေထိုင်ရန်အတွက် အမေရိ ကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့တွင် နေအိမ်လိုက်လံ ရှာဖွေလျက်ရှိကြောင်း architecturaldigest တွင် ဖော်ပြသည်။

အာနိုးနှင့် မာရီယာ ရှရိုင်ဗာတို့သည် ၁၉၈၆ ခုနှစ် တွင် လက်ထပ်ခဲ့ကြပြီး ယခု ၂၀၁၇ ခုနှစ်အတွင်း ကွာရှင်း ပြတ်စဲထားသည်။

ကွာရှင်းပြတ်စဲထားစေကာမူ သားသမီးများအနက် နှစ်ဦးအတွက် ၎င်းင်းတို့၏ နေအိမ်များအနီးတွင်ရှိသော နေအိမ် တစ်လုံးလုံး ၀ယ်ယူပေးရန် စီစဉ်လျက်ရှိပြီး ယခုအခါ နေအိမ် ၂ လုံးကို စိတ်ဝင်စားလျက်ရှိသည်ဟု ဆိုသည်။

တောင်ကယ်လီဖိုးနီးယားတက္ကသိုလ်မှ မကြာသေးမီကမှ ကျောင်းပြီးခဲ့သည့် သားဖြစ်သူ ပက်ထရစ် (အသက် ၂၃ နှစ်) နှင့် စာရေးဆရာမလုပ်နေသူ ကက်သရင်း (အသက် ၂၇ နှစ်) တို့အတွက် နေအိမ်ဝယ်ယူပေးရန် စီစဉ်နေခြင်း ဖြစ်သည်။

ပက်ထရစ်သည် တေလာဆွစ်ဖ်၏ ချစ်သူဟောင်းလည်း ဖြစ်၏။ မာရီယာ ရှရိုင်ဗာသည် ယခုအခါ လော့စ်အိန်ဂျလိမြို့၊ ဘရန့်ဝုဒ်အရပ်တွင် နေထိုင်လျက်ရှိပြီး ပက်ထရစ်၊ ကက်သရင်း တို့နှင့်အတူ လော့စ်အိန်ဂျလိစ်မြို့တစ်ခွင်တွင် နေအိမ်လိုက်လံ ရှာဖွေလျက်ရှိသည်။

ရှာဖွေခဲ့သော နေအိမ်များအနက် နေအိမ်နှစ်လုံးနှင့် အရောင်းအ၀ယ်တည့်လုနီးပါးအထိ ဖြစ်ခဲ့သည်။ နေအိမ်တစ်လုံး မှာ ကန်ဒေါ်လာ ၂ သန်းပေါက်ဈေးရှိပြီး တခြားတစ်လုံးမှာ ကန်ဒေါ်လာ ၃ သန်း ဈေးခေါ်၏။ လက်ရှိ ရှရိုင်ဗာနေထိုင်သော နေအိမ်၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၁၂ သန်း ဖြစ်သည်။

ယင်းနေအိမ် ၂ လုံးမှာ လော့စ်အိန်ဂျလိစ်မြို့၊ Pacific Design Centre အနီးတွင်တည်ရှိပြီး နာမည်ကျော် West Hollywood နှင့်လည်း နီးစပ်သည်။

ယခုအချိန်အထိမူ မည်သည့်နေအိမ်ကိုမျှ ၀ယ်ယူဖြစ် သေးခြင်းမရှိချေ။

ရှေရီ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service