စတီဗင်ဆီးဂဲလ်၏ တောတောင်အတွင်းက ဧက ၅၀၀၀ ကျော်ကျယ်ဝန်းသည့် ယာတောအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ)

စတီဗင်ဆီးဂဲလ်၏ တောတောင်အတွင်းက ဧက ၅၀၀၀ ကျော်ကျယ်ဝန်းသည့် ယာတောအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
20 Dec 2017 11:34 am တွင် တင်ခဲ့သည်
4826 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းတွင် ရှာစတာတောင်ကြား အမည်ရှိ တောတောင်ဒေသတစ်ခု တည်ရှိသည်။

အဆိုပါ တောကြီးအတွင်း ၅၈ မိုင်ခန့် ရှည်လျားသော ရှာစတာမြစ် ဖြတ်သန်းစီးဆင်းလျှက်ရှိကာ ဆီးနှင်းများဖုံးလွှမ်းလျှက်ရှိသော ရှာစတာတောင်လည်း တည်ရှိသည်။

ယင်းတောကြီးအတွင်းတွင် ကမ္ဘာကျော်အက်ရှင်သရုပ်ဆောင် စတီဗင်ဆီးဂဲလ်ပိုင်ဆိုင်သည့် ခြံဝန်းကျယ်ကြီး တည်ရှိသည်။စတီဗင်ဆီးဂဲလ်၏ ခြံဝန်းကြီးမှာ ဧကပေါင်း ၅၆၄၀ ခန့်အထိ ကျယ်ဝန်းကာ ရေကန် ၆ ခု ပါဝင်ပြီး အပြောကျယ်သည့် မြက်ခင်းပြင်ကျယ်ကြီးများလည်း ပါဝင်သည်။

ခြံဝန်းကျယ်ကြီးအတွင်း စတုရန်းပေ ၁၄၀၀၀ ကျယ်ဝန်းသည့် နေအိမ်တစ်လုံး၊ စတုရန်းပေ ၄၂၀၀ ကျယ်ဝန်းသည့်နေအိမ်တစ်လုံး၊ ဧည့်ဂေဟာဆောင်တစ်ခု၊ စပါးကျီများနှင့် နွားခြံများ ပါဝင်သည်။

ဝင်ပေါက်- ကျေးလက်ဆန်သည့် ဝင်ပေါက်ပုံသဏ္ဍာန်မှာ ခြံဝန်းကြီးတစ်ခုလုံး၏ သရုပ်သကန်ကို ထုတ်ဖော်ပြသနေသည်။ အနှစ်ချုပ်အားဖြင့် ဆိုရလျှင် စတီဗင်ဆီးဂဲလ်၏ ခြံဝန်းကြီးတစ်ခုလုံးသည် ၁၉ ရာစုအလယ်ပိုင်း ရောက်ရှိသွားသကဲ့သို့ ခံစားရစေမည် ဖြစ်သည်။

ကျေးလက်မြင်ကွင်းများ- Lava Lakes Nature Preserve ဟု အမည်ပေးထားသော မွေးမြူရေးခြံကြီးအတွင်း ထူးခြားသည့် အနုပညာလက်ရာများစွာ တွေ့မြင်ရမည်ဖြစ်ပြီး ရှေးဟောင်းလှည်းတစ်စီးကိုလည်း တွေ့ရမည် ဖြစ်သည်။
အသက်ရှုမှားဖွယ် ရှုမျှော်ခင်း- စိမ်းလန်းသော မြက်ခင်းပြင်များ၊ ကုန်းမြင့်များပေါ်ရှိ သဘာဝတောရိုင်းသစ်ပင်များ၊ ကျောက်သားကျောက်ဆိုင်တို့၏ အသွင်မျိုးစုံဖွဲ့စည်းတည်နေပုံအလှများအပြင် ပေပေါင်း ၁၄၀၀၀ မြင့်မားသည့် ရှာစတာတောင်ကြီး၏ အလှတရားများကို အသက်ရှုမှားဖွယ် တွေ့မြင်ရမည် ဖြစ်သည်။

သစ်လုံးအိမ်- တင်နက်ဆီ ထင်းရှုးဖြူသားဖြင့် ဆောက်လုပ်ထားကာ စတုရန်းပေ ၁၄၀၀၀ ကျယ်ဝန်းသည့် ပင်မသစ်လုံးအိမ်တွင် အိပ်ခန်း ၁၁ ခန်းနှင့် ရေချိုးခန်း ၁၂ ခန်း ပါဝင်သည်။

နားနေခန်း-နေအိမ်အတွင်းပိုင်းအပြင်အဆင်များမှာ ကျေးလက်ဆန်လှပြီး နံရံများကို သစ်ကြမ်းများဖြင့် ဆောက်လုပ်ထားကာ နံရံများမှာ ကျောက်တုံးနံရံများ ဖြစ်ကြသည်။

ဧည့်ခန်း- ဧည့်ခန်းဆောင်ကို နှစ်ထပ်ဆောက်လုပ်ထားပြီး ကြီးမားသည့်ပြတင်းများမှတဆင့် ဘာတန်ရေကန်ကြီး၏ အလှကို တိုက်ရိုက်တွေ့မြင်နိုင်သည်။ ဧည့်ခန်း၏ ဒုတိယထပ်မှ အောက်ထပ်ဆီသို့ကြည့်လျှင် ကွဲပြားသည့်မြင်ကွင်းကို တွေ့မြင်ရမည် ဖြစ်သည်။

မီးဖိုဆောင်- မီးဖိုဆောင်မှာလည်း ကျေးလက်အသွင်ပေါ်နေသော်လည်း စားဖိုမှူးအဆင့်ကိုင်တွယ်နိုင်သည့် ဓာတ်ငွေ့မီးဖို တပ်ဆင်ထားသည်။

ညစာစားခန်း- ကြီးမားကျယ်ပြောသည့် ညစာစားခန်းကို နေစာလှုံခန်းသို့ ပြင်သစ်တံခါးများမှတစ်ဆင့် ဆက်သွယ်ထားသည်။ဒုတိယထပ်ရှိ လူသွားစင်္ကြန်လမ်းသည် master bedroom ဆီသို့ ဦးတည်သွား၏။

ထပ်ခိုး- စတီဗင်ဆီးဂဲလ်က ဤနေရာကို ညစာစားခန်းအဖြစ်လည်း ရံဖန်ရံခါ အသုံးပြုလေ့ရှိသည်။Master Bedroom- Master Bedroom တွင် ကျောက်တုံးဖြင့် ပြုလုပ်ထားသော မီးလင်းဖိုတစ်ခု၊ အမိုးခုံးမျက်နှာကျက်များ၊ ရှာစတာတောင်ကြီး၏ ရင်သပ်ရှုမောဖွယ်အလှကို ကြည့်ရှုနိုင်မည့် လသာဆောင်တစ်ခုတို့ ပါဝင်သည်။

ဒုတိယမြောက်နေအိမ်- အခြားနေအိမ်တစ်လုံးကို Oleander ဟု အမည်ပေးထားပြီး အကျယ်အဝန်း စတုရန်းပေ ၄၂၀၀ ရှိကာ ဧည့်သည်များတည်းခိုရန် ပြီးပြည့်စုံသည့် နေအိမ်လည်း ဖြစ်သည်။

ဒုတိယအိမ်၏ ဧည့်ခန်း- ဒုတိယအိမ်၏ ဧည့်ခန်းမှာ ပင်မနေအိမ်ထက်ပို၍ ခေတ်ပြိုင်ဟန် အသွင်ရှိသည်။သို့စေကာမူ သစ်သားထုတ်တန်းမျက်နှာကျက်တို့ဖြင့် ကျေးလက်အသွင်များ ရှိနေဆဲကား ဖြစ်သည်။ဒုတိယနေအိမ်၏ အိပ်ခန်း- ဒုတိယနေအိမ်တွင် အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၃ ခန်း ပါဝင်သည်။

စတီဗင် ဆီးဂဲလ်သည် အမေရိကန် သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာ၊ ကိုယ်ခံပညာရှင်၊ ဂီတပညာရှင် အစရှိသဖြင့် နယ်ပယ်မျိုးစုံတွင် ထူးချွန်စွာဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်သည်။
အမည်ရင်းမှာ စတီဗင် ဖရက်ဒရစ် ဆီးဂဲလ်ဖြစ်ပြီး ၁၉၅၂ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် မွေးဖွားကာ အမေရိကန်၊ ရုရှားနှင့် ဆားဘီးယားနိုင်ငံသားများအဖြစ် ခံယူထားသည်။

အိုင်ကီဒို ကိုယ်ခံပညာတွင် 7th-dan ခါးပတ်နက်ရထားသူ စတီဗင်ဆီးဂဲလ်သည် ဂျပန်တွင် ကိုယ်ခံပညာနည်းပြဆရာအဖြစ် စတင် အသက်မွေးခဲ့ရာ ဂျပန်တွင် ပထမဆုံး အိုင်ကီဒို နိုင်ငံခြားသားနည်းပြဖြစ်လာသည်။

နောက်ပိုင်းတွင် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိသို့ ပြောင်းရွှေ့ကာ ကိုယ်ခံပညာနည်းပြအဖြစ် ဆက်လက်အသက်မွေးခဲ့သည်။
၁၉၈၈ ခုနှစ်တွင်ကား Above the Law အမည်ရှိ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ကာ ရုပ်ရှင်လောကသို့ စတင်ခြေချခဲ့သည်။

ယင်းနောက် ၁၉၉၁ ခုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကား ၄ ခုတွင် ပါဝင်သရုပ်ဆောင်ခဲ့ရာ အားလုံးမှာ အောင်မြင်သည့်ရုပ်ရှင်များ ဖြစ်လာသည်။
စတီဗင်ဆီးဂဲလ်သည် ၎င်း၏နိုင်ငံရေးအမြင်များကို ဘွင်းဘွင်းရှင်းရှင်းပြောတတ်မှု၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ခင်မင်ရင်းနှီးမှုတို့ကြောင့်လည်း နာမည်ကျော်သည်။

ပူတင်ကို ဆီးဂဲလ်က ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင်များတွင် တစ်ဦးအပါအဝင်ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စတီဗင်ဆီးဂဲလ်၏ တောတောင်အတွင်းက ဧက ၅၀၀၀ ကျော်ကျယ်ဝန်းသည့် ယာတောအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
စတီဗင်ဆီးဂဲလ်၏ တောတောင်အတွင်းက ဧက ၅၀၀၀ ကျော်ကျယ်ဝန်းသည့် ယာတောအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
စတီဗင်ဆီးဂဲလ်၏ တောတောင်အတွင်းက ဧက ၅၀၀၀ ကျော်ကျယ်ဝန်းသည့် ယာတောအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
စတီဗင်ဆီးဂဲလ်၏ တောတောင်အတွင်းက ဧက ၅၀၀၀ ကျော်ကျယ်ဝန်းသည့် ယာတောအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
စတီဗင်ဆီးဂဲလ်၏ တောတောင်အတွင်းက ဧက ၅၀၀၀ ကျော်ကျယ်ဝန်းသည့် ယာတောအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
စတီဗင်ဆီးဂဲလ်၏ တောတောင်အတွင်းက ဧက ၅၀၀၀ ကျော်ကျယ်ဝန်းသည့် ယာတောအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
စတီဗင်ဆီးဂဲလ်၏ တောတောင်အတွင်းက ဧက ၅၀၀၀ ကျော်ကျယ်ဝန်းသည့် ယာတောအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
စတီဗင်ဆီးဂဲလ်၏ တောတောင်အတွင်းက ဧက ၅၀၀၀ ကျော်ကျယ်ဝန်းသည့် ယာတောအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service