ရန်ကုန်မြို့ဖွံ့ဖြိုးရေး  အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် လျှပ်စစ်ကဏ္ဍ၌ ဂျပန်ကူညီမည့် ယန်း ဘီလီယံ ၈ဝ၀ ဖြင့် အဓိက ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်မြို့ဖွံ့ဖြိုးရေး  အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် လျှပ်စစ်ကဏ္ဍ၌ ဂျပန်ကူညီမည့် ယန်း ဘီလီယံ ၈ဝ၀ ဖြင့် အဓိက ပူးပေါင်းဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
20 Dec 2017 11:28 am တွင် တင်ခဲ့သည်
2856 ကြိမ် ကြည့်ရှု့ပြီး
ဂျပန်နိုင်ငံကအကူအညီပေးမည့် ဂျပန်ယန်းငွေ ဘီလီယံ ၈၀ဝ ဖြင့် ရန်ကုန်မြို့ပြဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတို့၌ အဓိကထား ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယီ နှင့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးမစ္စတာ ပတ်စွတ်ခွန်တို့ဦးဆောင်သော မဲခေါင်-လန်ချန်း အစည်းအဝေးကို ဒီဇင်ဘာ ၁၅ ရက်က ကျင်းပ ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်မည့်စီမံကိန်းများကို အတည်ပြုခဲ့ရာ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာနမှစီမံကိန်းတစ်ခု၊ သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာနမှ စီမံကိန်းနှစ်ခု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စီမံကိန်း ငါးခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ စီမံကိန်းတစ်ခုနှင့် ပညာရေး ဝန်ကြီးဌာနမှ စီမံကိန်းတစ်ခု၊ စုစုပေါင်း စီမံကိန်း ၁၀ ခု ပါဝင်ခဲ့သည်။ စီမံကိန်း ၁၀ ခု အတွက် မြန်မာနိုင်ငံမှခွဲဝေရရှိမည့် ရန်ပုံငွေမှာ အမေရိကန်ဒေါ်လာ ၂ဒသမ၄ သန်းခန့်ဖြစ် ကြောင်း သိရသည်။

ထို့အပြင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုစီမံကိန်းများ အကောင်အထည်ဖော် နိုင်မှုအခြေအနေကို ပြန်လည်သုံးသပ်ကာ အနာဂတ်ကာလပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း စဉ်များကိုဆွေးနွေးခဲ့ကြောင်း၊ ကမ္ဘောဒီးယား နိုင်ငံ ဖနောင်ပင်မြို့၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်း ကျင်းပမည့် ဒုတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုခေါင်းဆောင်များအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရေးတို့ကိုလည်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံမှ အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အတူ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာပတ်စွတ်ခွန်၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယီ၊ လာအိုနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဆူလမ်ဆေခွန်မာဆစ်၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒုံပရာ မူဒွန်နိုင်း၊ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီး မစ္စတာဖန်ဗင်မင်းတို့ တက် ရောက်ခဲ့ကြသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service