၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ၀န်ထမ်းအိမ်ရာများ တိုးမြှင့်တည်ဆောက်မည်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ၀န်ထမ်းအိမ်ရာများ တိုးမြှင့်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
13 Dec 2017 11:54 am တွင် တင်ခဲ့သည်
3032 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ၀န်ထမ်းအိမ်ရာများ တိုးမြှင့်တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန အနေဖြင့် ၀န်ထမ်းများ၏ လုပ်ငန်းခွင်တွင် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး၊ အိမ်ငှားနေရခြင်းဖြင့် ငွေကြေးကုန်ကျမှု များပြား၍ လစာစုဆောင်းရရှိမှု နည်းပါးခြင်း၊ ၀န်ထမ်းအိမ်ရာများတွင် တစုတစည်းတည်း နေထိုင်ခြင်းအားဖြင့် လုံခြုံရေးကောင်းမွန်ပြီး ရင်းနှီးသော မိတ်ဆွေအသိုင်းအ၀ိုင်း ပတ်ဝန်းကျင်တွင် နေထိုင်ရခြင်း စသည်တို့ကြောင့်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၀န်ကြီးဌာနအနေဖြင့် မဖြစ်မနေ အသစ်တည်ဆောက်ရမည့် ဆေးရုံ၊ ဆေးခန်းနှင့် လက်ရှိဆောက်လုပ်ဆဲဆေးရုံ၊ ဆေးခန်းများမှလွဲ၍ ဆေးရုံအသစ် ဆောက်လုပ်ခြင်းကို တစ်နှစ်တာ ရပ်နားမည်ဖြစ်ပြီး ပိုလျှံသော ရန်ပုံငွေကို ၀န်ထမ်းအိမ်ရာများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဦးစီးဌာန အသီးသီးရှိ ၀န်ထမ်းများအတွက် ဦးစားပေး အစီအစဉ်ဖြင့် ထပ်မံတိုးချဲ့ ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဦးစီးဌာနများတွင် ၀န်ထမ်းများအတွက် ဆောက်လုပ်ရန် လိုအပ်လျက်ရှိသော ၀န်ထမ်းအိမ်ရာ စာရင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဦးစားပေး အစီအစဉ်ဖြင့် တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများမှ တစ်ဆင့် ဒီဇင်ဘာ ၃ ရက်က တောင်းခံထားပြီး ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေ ကျပ်ဘီလျံ တစ်ထောင်ကျော် ရရှိထားကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ၀န်ကြီးဌာန၏ ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် တွင် ကျပ် ၈၆၅၈၂ ဒသမ ၈၇၁ သန်း (ကျပ် ၈၆ ဘီလျံ ကျော်)၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၄၉၆၃၀ ဒသမ ၉၆၇ သန်း (ကျပ် ၃၄၉ ဘီလျံကျော်)၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၈၅၂၆၃ ဒသမ၂၉၈သန်း (ကျပ် ၄၈၅ ဘီလျံကျော်)၊၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၇၀၈၉၄၉ ဒသမ ၀၀၆ သန်း (ကျပ် ၇၀၈ ဘီလျံကျော်)၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၈၄၅၅၅၃ ဒသမ ၃၆၂ သန်း (ကျပ် ၈၄၅ ဘီလျံကျော်)၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၈၅၀၆၄၄ ဒသမ ၇၀၆ သန်း (ကျပ် ၈၅၀ ဘီလျံကျော်) တို့ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ် မတ်လအထိ တစ်နိုင်ငံလုံးတွင် စုစုပေါင်း လူဦးရေ သန်း ၅၀ ကျော်ရှိသည့်အနက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် အထူးကုဆေးရုံ ၃၂ ရုံ၊ သင်ကြားရေးဆေးရုံ ကိုး ရုံ၊ ခုတင် ၅၀၀ ဆံ့ ဆေးရုံ ၁၁ ရုံ၊ ခုတင် ၃၀၀ ဆံ့ဆေးရုံ သုံးရုံ၊ ခုတင်၂၀၀ ဆံ့ဆေးရုံ ၂၇ ရုံ၊ ခုတင် ၁၅၀ ဆံ့ ဆေးရုံ နှစ်ရုံ၊ ခုတင် ၁၀၀ ဆံ့ ဆေးရုံ ၄၁ ရုံ၊ ခုတင် ၅၀ ဆံ့ ဆေးရုံ ၁၁၂ ရုံ၊ ၂၅ ခုတင်ဆံ့ဆေးရုံ ၁၅၁ရုံ၊ ခုတင် ၁၆ ဆံ့ ဆေးရုံ ၁၀ ရုံ၊ တိုက်နယ်ဆေးရုံ ၇၂၅၊ စုစု ပေါင်း ဆေးရုံ ၁၁၂၃ ရုံနှင့် ယင်းဆေးရုံများတွင် ခွင့်ပြုခုတင် စုစုပေါင်း ၅၄၇၀၃ ရှိကြောင်း သိရသည်။

အထူးကုဆေးရုံများ၊ သင်ကြားရေး ဆေးရုံများကို မြို့ကြီးများတွင်သာ ဖွင့်လှစ်နိုင်သေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုက်နယ်ဆေးရုံ၊ ၂၅ ခုတင်ဆံ့၊ ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံများကိုသာ အများဆုံး ဖွင့်လှစ်ထားနိုင်သေးကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service