စွန့်ဦးတီထွင်ဖွံ့ဖြိုးရေး ဘဏ်ချေးငွေအားမကိုးရန်နှင့် လုပ်ငန်းရှင်ကြီးများက SME များသို့ ရှယ်ယာထည့်ရန် အတိုင်ပင်ခံတိုက်တွန်း

စွန့်ဦးတီထွင်ဖွံ့ဖြိုးရေး ဘဏ်ချေးငွေအားမကိုးရန်နှင့် လုပ်ငန်းရှင်ကြီးများက SME များသို့ ရှယ်ယာထည့်ရန် အတိုင်ပင်ခံတိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
13 Dec 2017 10:26 am တွင် တင်ခဲ့သည်
4050 ကြိမ် ကြည့်ရှု့ပြီး
စွန့်ဦးတီထွင်လုပ်ငန်းများနှင့်အသေးစားအလတ်စား SME လုပ်ငန်းများဖွံ့ဖြိုးလာနိုင်ရန်အတွက် ဘဏ်ချေးငွေ တစ်ခုတည်းကိုသာ အားကိုးမနေဘဲ အောင်မြင်ပြီး လုပ်ငန်းကြီးများအနေဖြင့် အလာအလာရှိသော လူငယ်စွန့်ဦးတီထွင်လုပ်ငန်းများ၊ SME လုပ်ငန်းများတွင် အစုရှယ်ယာထည့်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ တိုက်တွန်းပြောကြားလိုက်သည်။

နေပြည်တော်တွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းမှ ယနေ့ (ဒီဇင်ဘာ ၉ရက်)တွင် ဦးဆောင်ပြုလုပ်သည့် 2nd Myanmar Entrepreneurship summit 2017 တွင် တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံစီးပွားရေးတိုးတက်ရန်အတွက် SME လုပ်ငန်းဖွံ့ဖြိုးရေးက အရေးကြီးကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ရှုမြင်ထားကြသော်လည်း ဘဏ်များမှ အပေါင်ပစ္စည်းမဲ့ချေးငွေရရှိရေးသည် လူငယ် SME လုပ်ငန်းရှင်များ အတွက် အဓိကအခက်အခဲဖြစ်နေဆဲဖြစ်သည်။

“ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာစေဖို့ M သုံးလုံးလိုအပ်ပါတယ်။ပထမM ဖြစ်တဲ့ ငွေကြေး Moneyနဲ့ပတ်သက်လို့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက် ရင်းနှီးငွေ၊ချေးငွေရရှိရေးက ခက်ခဲတယ်ဆိုတာ သိပါတယ်။ ကျွန်မတို့အနေနဲ့ ဘဏ်ချေးငွေတစ်ခုတည်းမဟုတ်ဘဲ တခြားနည်းလမ်းတွေကိုလည်း ကြံဆ ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ဒီအတွက် သမရိုးကျနည်းလမ်းတစ်ခုဖြစ်တဲ့ ဘဏ်ချေးငွေတစ်ခုတည်းကိုပဲ အားမကိုးဘဲ အောင်မြင်တဲ့လုပ်ငန်းရှင်ကြီးတွေက စတင်စ လုပ်ငန်းအသစ်ကလေးတွေမှာ အစုရှယ်ယာ ထည့်ဝင်ပြီး ဒီလုပ်ငန်းသစ်ကလေးတွေကို အောင်မြင်အောင် ပူးပေါင်းကူညီပေးဖို့ လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ရည်ညွှန်းပြောဆိုသော M သုံးလုံးဆိုသည်မှာ Money (ငွေကြေး)၊Market (ဈေးကွက်)နှင့်Mentorship (အကြံကောင်းပေးလမ်းညွှန်မှု)တို့ဖြစ်ပြီး လူငယ်လုပ်ငန်းရှင်များအတွက် အဆိုပါသုံးချက်ရရှိရန်အရေးကြီးကြောင်း ပြောသွားခဲ့သည်။

ပြည်တွင်း လူငယ်စီးပွားရေးလုပ်ငန်းရှင်များ လိုအပ်နေသည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပိုင်း ဆိုင်ရာ အကူအညီရရှိရေးအတွက် နိုဝင်ဘာလ ၉ ရက်က ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းပေါင်း (၂၀)နှင့် မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းတို့ နားလည်မှုစာချွှန်လွှာ လက်မှတ်ရေးထိုး ခဲ့သည်။

လက်ရှိအချိန်တွင် ဒေသတွင်းနိုင်ငံများ၌ SME လုပ်ငန်းရှင် သန်းဂဏန်းပတ်ဝန်းကျင်ရှိနေသော်လည်း မြန်မာနိုင်ငံတွင် SMEလုပ်ငန်းရှင် ၂ သိန်းခန့်သာ ရှိနေသေးသည်။

Credit: Mizzima Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service