ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်တွင် လမ်း၊ တံတားများ ဆောက်လုပ်နိုင်ရန် ကျပ်သန်း ၃,၈၀၀ ကျော် အသုံးပြုမည်

ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်တွင် လမ်း၊ တံတားများ ဆောက်လုပ်နိုင်ရန် ကျပ်သန်း ၃,၈၀၀ ကျော် အသုံးပြုမည် - Property News in Myanmar from iMyanmarHouse.com
11 Dec 2017 10:38 am တွင် တင်ခဲ့သည်
4217 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးခရိုင်ရှိ ဖွံ့ဖြိုးမှု နောက်ကျနေသော ချမ်းမြသာ စည်နှင့် ပြည်ကြီးတံခွန်မြို့နယ်၌ လမ်း၊ တံတားနှင့် မြောင်းများ ဆောက်လုပ်နိုင်ရန် ကျပ်သန်း ၃,၈၀၀ ကျော် (၃,၈၁၄ ဒသမ ၈၇၆ သန်း) အသုံးပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ဒေါက်တာ ရဲလွင်က ပြောသည်။

အဆိုပါ မြို့နယ်နှစ်ခုရှိ လမ်း၊တံတား ဖောက်လုပ်တည်ဆောက် ခြင်းနှင့်
ရေမြောင်းတူးဖော်ရေး လုပ်ငန်းများအတွက် ၂၀၁၈ပထမခြောက်လတွင် ရရှိသော ဘဏ္ဍာငွေခွဲဝေမှုပေါ် မူတည်၍ ပြု လုပ်မည်ဖြစ်ပြီး အခြားမြို့နယ် များထက် နှစ်ဆ၊ သုံးဆခန့် ပိုမို ပြုလုပ်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်က ကျင်းပသော မန္တလေး တိုင်းဒေသကြီး လွှတ်တော်အ စည်းအဝေးတွင် ဒေါက်တာရဲလွင် က ပြောသည်။

‘‘အဲဒီမြို့နယ်နှစ်ခုဟာ ခေတ်အဆက်ဆက် မြို့ကွက်သစ်ဖော် ထုတ်ရေးအဖွဲ့မှ ဖော်ထုတ်ခဲ့ တယ်။ ခေတ်အဆက်ဆက် စားပွဲ ပေါ်မှာသာ မြေကွက်များ ချထား ပေးခဲ့တာဖြစ်တယ်။ ကျွန်တော် တို့ အစိုးရအတွက် မပြီးဆုံးနိုင် သေးတဲ့ အမွေဆိုးတွေပေါ့။ ဖော် ထုတ်ခဲ့တဲ့ မြို့ကွက်သစ်များကို ဘဏ္ဍာနှစ်အလိုက် ငွေရရှိမှုပေါ် မူတည်ပြီး ဆောင်ရွက်ပေးနေပါ တယ်’’ဟု ၎င်းက လွှတ်တော်တွင် ဖြေကြားခဲ့သည်။

မန္တလေးမြို့တွင် ခေတ်အဆက်ဆက် မြို့ကွက်သစ် ဖော် ထုတ်ရေးအဖွဲ့များက ဆောင်ရွက် ခဲ့သော မြို့သစ်များ၌ မြို့ပြအင်္ဂါ ရပ်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းမရှိသဖြင့် လိုအပ်နေသော လမ်းများ၊ရေမြောင်းများ ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ လွှတ်တော်ကိုယ် စားလှယ် ဦးမြင့်အောင်မိုးက မေး မြန်းခဲ့သည်။

အဆိုပါ မြို့ကွက်သစ်များ ဖွံ့ဖြိုးစေရန် ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်ကစ၍ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွင်း လမ်း၊ တံတား၊ ရေ မြောင်းများအတွက် စုစုပေါင်း ကျပ်သန်း ၂၇,၆၂၀ ဒသမ ၂၉၀သုံးစွဲခဲ့ပြီး လမ်းမရှိသေးသောနေရာများ၊ အကွက်ထပ်နေသောနေ ရာများနှင့် အကွက်ဖရိန်စောင်းနေ ခြင်းများ မဖြစ်စေရန် ထပ်မံဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာရဲလွင်က ဖြည့်စွက်ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service