ပြည်ပတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများ အိမ်ရာချေးငွေ ရယူနိုင်မည်

ပြည်ပတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများ အိမ်ရာချေးငွေ ရယူနိုင်မည် - Property News in Myanmar from iMyanmarHouse.com
11 Dec 2017 9:52 am တွင် တင်ခဲ့သည်
3366 ကြိမ် ကြည့်ရှု့ပြီး
ပြည်ပရောက် မြန်မာ နိုင်ငံသားများ ပြည်တွင်းတွင် တန်ဖိုးနည်းအိမ်ရာကို အိမ်ရာချေးငွေ ဖြင့် ဝယ်ယူနိုင်ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သည့် ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် (CHDB) ၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ် လည်အထွေထွေ အစည်းအဝေး တွင် ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

‘‘ပြည်ပမှာ သွားရောက်အ လုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တွေ အိမ်ရာစုဆောင်းငွေနဲ့ အိမ်ရာဝယ်ယူနိုင်ဖို့၊ အိမ်ရာချေးငွေရယူနိုင်ဖို့ ပြည်ပဘဏ်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေပါတယ်’’ ဟု ဦးဝင်းခိုင်က ပြောသည်။

ပြည်ပတွင် အလုပ်လုပ်ကိုင် နေသည့် မြန်မာနိုင်ငံသားများအ နေဖြင့် အိမ်ရာချေးငွေဖြင့် အိမ် ဝယ်ယူလိုပါက CHDB ဘဏ်က ချိတ်ဆက်ထားသော သက်ဆိုင် ရာ နိုင်ငံရှိ ဘဏ်တွင်ငွေသွင်းရ မည်ဖြစ်ပြီး ယင်းဘဏ်ကဆောက် လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်သို့ ငွေပြန်လွှဲပေးသည့် ပုံစံ ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော်က ပြောသည်။

‘‘ကိုရီးယားရယ်၊ စင်ကာပူ ရယ်၊ မလေးရှားရယ်မှာ လုပ်ဖို့ရှိ နေပါတယ်။ လောလောဆယ်ကို ရီးယားက ကုမင်းဘဏ်နဲ့ ချိတ် ဆက်ပြီးတော့ စတင်ဆောင်ရွက် နေပါပြီ။ စင်ကာပူနဲ့မလေးရှားမှာ က အဆက်အစပ်ရလာရင် ဒီလိုမျိုး ဆက်လုပ်သွားဖို့ အစီအစဉ်ရှိ ပါတယ် ’’ ဟု ဦးဝင်းဇော်ကပြော ကြားသည်။

ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်သို့ ကိုရီးယားနိုင်ငံ ရှိ ကုမင်းဘဏ်ကတစ်ဆင့် အိမ် ရာစုဆောင်းငွေ စာရင်းဖွင့်လှစ် ရန်၊ ငွေလွှဲနိုင်မည့် စနစ်တစ်ခု ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် ၂၀၁၈ ဒီဇင်ဘာတွင် ကိုရီးယား ရောက် မြန်မာနိုင်ငံသား အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း ဦးဝင်းဇော်က ပြော ကြားသည်။

အိမ်ရာစုဆောင်းငွေစာရင်း ပိုင်ဆိုင်ထားသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများသည် ပြည် တွင်းရှိ မြန်မာနိုင်ငံသားများနည်း တူ အိမ်ရာစုဆောင်း ငွေစာရင်း တွင် ဝယ်ယူမည့် အိမ်၏ ၃၀ ရာ ခိုင်နှုန်းပြည့်မီပါက ကျန် ၇၀ ရာ ခိုင်နှုန်းကို ဘဏ်မှ ချေးငွေဖြင့် ဝယ်ယူနိုင်သည်။

ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်နေ သည့် အိမ်ရာများသည်- ရွှေလင် ဗန်း၊ ကနောင်၊ ယုဇနတန်ဖိုး နည်းအိမ်ရာ၊ ကျန်စစ်သားအိမ် ရာ စီမံကိန်း၊ ချမ်းမြေ့သာယာ အဆင့်မြင့်အိမ်ရာ (မကွေးတိုင်း)၊ နန္ဒဝန်အိမ်ရာစီမံကိန်း (စစ်ကိုင်း တိုင်းဒေသကြီး)၊ ဥမ္မာဒန္တီအိမ်ရာ (ဧရာဝတီတိုင်း)၊ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာနှင့် မြရည်နန္ဒာ အိမ်ရာ (မန္တလေး) တို့ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service