“မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး” စာနယ်ဇင်း ရှင်းလင်းပွဲ

“မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး” စာနယ်ဇင်း ရှင်းလင်းပွဲ - Property News in Myanmar from iMyanmarHouse.com
9 Dec 2017 10:43 am တွင် တင်ခဲ့သည်
3405 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ၀ဘ်ဆိုဒ်ဖြစ်သော iMyanmarHouse.com မှ ကြီးမှူး၍ လာမည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅၊ ၁၆၊ ၁၇ ရက် (သောကြာ၊ စနေ၊ တနင်္ဂနွေ) များတွင်(သတ္တမအကြိမ်မြောက်) “မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံကုန်ပစ္စည်းအရောင်းပြပွဲကြီး” ကို ဦးဝိစာရလမ်းရှိ မိုင်ဒါကွင်းတွင် ပြုလုပ် ကျင်းပသွားမည် ဖြစ်ကြောင်း စာနယ်ဇင်းရှင်းလင်းပွဲ တစ်ရပ်ကို iMyanmarHouse.com ၏ ရုံးချုပ်နေရာမှာ ဒီဇင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါရှင်းလင်းပွဲတွင် မီဒီယာအသီးသီးမှ ဆရာ ၊ ဆရာမ များနှင့် အရောင်းပြပွဲအတွင်း ပါဝင်ပြသကြမည့် Sponsor Company များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

“ ယခုပွဲဟာ iMyanmarHouse.com အနေနဲ့ ရန်ကုန်မြို့ မှာ ကျင်းပတဲ့ သတ္တမအကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး ဖြစ်ပါတယ်။ iMyanmarHouse.com ဟာ ယခုလို မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီးတွေကို ရန်ကုန်မြို့ အပြင် မန္တလေး ၊ တောင်ကြီး မြို့ တွေနဲ့  စင်္ကာပူနိုင်ငံမှာပါ ကျင်းပပြုလုပ်ပေးနေပါတယ်။ ပြပွဲ (၃) ရက်အတွင်း ပါဝင်ရောင်းချမဲ့ ကုမ္ပဏီ (၅၀) ကျော် ရှိပြီး အထူးသက်သာတဲ့ နှုန်းထားတွေ ၊ အများဝယ်ယူနိုင်မဲ့ အရစ်ကျစနစ်တွေနဲ့  ထည့်သွင်းရောင်းချရန် စီစဉ်ထားပါတယ်။ မိမိရရှိနေတဲ့ မိသားစုဝင်ငွေနဲ့ ဘယ်လောက်တန်အိမ်ကို ပိုင်ဆိုင်နိုင်ပြီလဲ ဆိုတာ သိနိုင်ဖို့ ဘဏ်ရဲ့  ပြခန်းနေရာများတွင် ပွဲအတွင်း လာရောက်ဆွေးနွေးနိုင်ပါတယ်” ဟု iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားခဲ့ပါသည်။

Main Sponsor များအဖြစ် Golden City နှင့် Yadanar Myaing Construction တို့မှ အဓိကပါဝင်ပြသပြီး အခြား အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၅၀) ကျော်မှ ပါဝင်ပြသမည်ဖြစ်ပါသည်။ ပွဲကျင်းပမည့်ရက်များတွင် မနက် (၉) နာရီ မှ ညနေ (၅) နာရီအထိ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုလေ့လာ ၀ယ်ယူနိုင်မည် ဖြစ်ပါသည်။

ပြပွဲအတွင်း ကျပ်သိန်း (၁၅၀) ကျော်မှ စသော တိုက်ခန်းများ၊ ကျပ်သိန်း (၅၀၀) ကျော်မှ ကျပ်သိန်း (၅၀၀၀)ကျော် တန်ဖိုးရှိ ကွန်ဒိုပေါင်းများစွာကို (၁) နှစ်မှ (၁၅) နှစ် အထိ အရစ်ကျစနစ်များ၊ အထူးလျှော့ဈေးနှုန်းများဖြင့် ၀ယ်ယူရရှိနိုင်စေရန် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ စီမံကိန်းပေါင်း (၂၀၀) ခန့် မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

အသေးစိတ်သိရှိလိုပါက www.imyanmarhouse.com/expo တွင် ကြည့်ရှုနိုင်ပါသည်။

စီးပွားရေး နှင့် အိမ်ခြံမြေ အကြောင်းအရာများကို အသိပညာရှင် အတတ်ပညာရှင်များဖြစ်သော ဦးကိုကိုထွေး (တော်ဝင်မိသားစုကုမ္ပဏီ၏ ဥက္ကဌ) ၊ ဦးစိုင်းခွန်နောင် (စိုင်းခွန်နောင် အိမ်ခြံမြေ)၊ လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ၊ ဦးအေးမင်း (အောင်သမာဓိအကျိုးဆောင်)၊ ဦးပီတာ (အောင်သမာဓိအကျိုးဆောင် စီးပွားရေးအတိုင်ပင်ခံ)၊ ဦးမြတ်သူဝင်း (ရွှေမင်းသား ဖောင်ဒေးရှင်း)၊ ဦးမျိုးမြင့် (M.K.T Construction)၊ ဦးသန်းဦး (မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု့ အသင်း ဒုဥက္ကဌ) ၊ ဦးမြင့်စိန် (မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု့ အသင်း) ၊ ဦးသက်နိုင်ဦး (Maverick Estate) ၊ ဒေါ်ခင်နီလာအောင် (CB Bank – Assistant General Manager) ၊ ဦးလင်းသိုက်ညွှန့်  (CEO – Myanmar’s Land Institude) ၊ ဦးစောဝဏ္ဏမောင် (ARC Real Estate - Marketing Executive) တို့မှ (၃) တိုင်တိုင် ဆွေးနွေး ဟောပြောပေးသွားမည် ဖြစ်ပါသည်။

ပွဲတက်ရောက်မည့် ဧည့်သည်တော်များအား ကျေးဇူးတုံ့ပြန်သောအားဖြင့် ဖုန်းများ၊ Tablet များ ၊ TV များနှင့် အခြားငွေကျပ် သိန်း(၅၀) တန်ဖိုးရှိ လက်ဆောင်ပစ္စည်းများအား ကံစမ်းမဲ ဖောက်ပေးသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး ( သတ္တမအကြိမ်မြောက် )

ကျင်းပမည့်ရက် - (၁၅) ရက် မှ (၁၇) ရက်၊ ဒီဇင်ဘာလ ၂၀၁၇ (သောကြာ၊ စနေ၊ တနင်္ဂနွေ)

ကျင်းပမည့်အချိန် - မနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ

ကျင်းပမည့်နေရာ - မိုင်ဒါကွင်း၊ ဦးဝိစာရလမ်း၊ ရန်ကုန်။ (တပ်မတော်ခန်းမဘေး)

မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။

အသေးစိတ် သိရှိလိုပါက iMyanmarHouse.com ၏ Hot Line Number : 09 – 252605671~5 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
“မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး” စာနယ်ဇင်း ရှင်းလင်းပွဲ - Property News in Myanmar from iMyanmarHouse.com
“မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး” စာနယ်ဇင်း ရှင်းလင်းပွဲ - Property News in Myanmar from iMyanmarHouse.com
“မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး” စာနယ်ဇင်း ရှင်းလင်းပွဲ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service