လွန်ခဲ့သော ၁၆ နှစ်က ခင်ပွန်းဖြစ်သူကို သတ်ကာ ၎င်း၏ဇနီးနှင့် မင်္ဂလာဆောင်ပြီးမှ ဖမ်းဆီးအရေးယူခြင်းခံရသည့် နာမည်ကျော်လူသတ်မှုကြီးဖြစ်ပွားခဲ့သော နယူးယောက်နေအိမ် အရောင်းဈေးကွက်ဝင်လာ

လွန်ခဲ့သော ၁၆ နှစ်က ခင်ပွန်းဖြစ်သူကို သတ်ကာ ၎င်း၏ဇနီးနှင့် မင်္ဂလာဆောင်ပြီးမှ ဖမ်းဆီးအရေးယူခြင်းခံရသည့် နာမည်ကျော်လူသတ်မှုကြီးဖြစ်ပွားခဲ့သော နယူးယောက်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
8 Dec 2017 11:42 am တွင် တင်ခဲ့သည်
2887 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၏ အရှေ့ဘက်တွင် အရှေ့ဟမ့်တန်အမည်ရှိ ဒေသရှိသည်။

အဆိုပါဒေသတွင် လွန်ခဲ့သော ၁၆ နှစ်၊ ၂၀၀၁ ခုနှစ်အတွင်း အမေရိကန်တစ်နိုင်ငံလုံးကို ကိုင်လှုပ်ခဲ့သည့် မှုခင်းကြီးတစ်ခု ဖြစ်ပွားခဲ့၏။ဇနီးဖြစ်သူနှင့် ချစ်ကြိုက်နေသူက အဆိုပါအမျိုးသမီး၏ ခင်ပွန်းကို ရက်စက်စွာရိုက်သတ်ပြီး ယင်းအမျိုးသမီးနှင့် ထိမ်းမြားမင်္ဂလာပင် ဆောင်နှင်းခဲ့၏။

နောက်ပိုင်းတွင် အက်ဖ်ဘီအိုင်၏ ဖော်ထုတ်ချက်အရ အဆိုပါလူသတ်မှုကြီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကာ တစ်နိုင်ငံလုံး ဂယက်ရိုက်သွားခဲ့ကာ ယင်းဖြစ်ရပ်မှန်ကို အခြေခံပြီး ရုပ်သံဇာတ်လမ်းပင် ရိုက်ကူးထုတ်လုပ်ခဲ့သေးသည်။
အသတ်ခံရသူမှာ ဘဏ်လုပ်ငန်းရှင်ဖြစ်သူ အာရ်- သီအိုဒို အေမွန်ဟု အမည်ရပြီး ၎င်း၏ဇနီးမှာ ဂျီနီရိုဆာဟု အမည်ရသည်။

ဂျီနီရိုဆာသည် ဒင်နီယယ် ပီလိုစီအမည်ရှိသူ အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ရေးဖောက်ပြန်နေခဲ့၏။ယင်းနောက်ပိုင်း အေမွန်နှင့် ကွာရှင်းပြတ်စဲရန် ပြင်ဆင်နေချိန် ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်တွင် သီအိုဒို အေမွန် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး တင်းပုတ်ကဲ့သို့ လက်နက်တစ်မျိုးဖြင့် မသေမချင်းရိုက်သတ်ခဲ့ခြင်း ဖြစ်သည်။

အေမွန်သတ်ဖြတ်ခြင်းခံရပြီးနောက် ၂ လကျော်ကြာသောအချိန် ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် ဂျီနီရိုဆာသည် ဒင်နီယယ် ပီလိုစီနှင့် လက်ထပ်ခဲ့၏။
အေမွန်သေဆုံးချိန်တွင် ကွာရှင်းပြတ်စဲမှုအပြီးသတ်ပြုလုပ်ရသေးခြင်းမရှိရာ အေမွန်၏ နေအိမ်ကို ဂျီနီရိုဆာက ပိုင်ဆိုင်မှုရှိခဲ့ရာ နေအိမ်ကို ဈေးကွက်တင်ရောင်းချမှု ပြုလုပ်ခဲ့၏။

အေမွန်အသတ်ခံရသည့် အမှုမှာ နောင် ၂ နှစ်အကြာတွင် ပေါ်ပေါက်လာခဲ့ပြီး ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒင်နီယယ် ပီလိုစီကို လူသတ်မှုဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့လေသည်။
ယင်းလူသတ်မှုကြီးတွင် ဂျီနီရိုဆာက ပူးပေါင်းကြံစည်ခဲ့ခြင်း ရှိ၊မရှိကိုမူ မသိရချေ။

အဆိုပါဖြစ်ရပ်ကို အခြေခံကာ Murder in the Hamptons အမည်ဖြင့် ရုပ်သံဇာတ်လမ်းအဖြစ် ရိုက်ကူးကာ ၂၀၀၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်တွင် ထုတ်လွှင့်ပြသခဲ့သည်။

ယခုအခါ အေမွန်အသတ်ခံခဲ့ရသည့် အဆိုပါနေအိမ်ကြီးကို ကန်ဒေါ်လာ ၈ သန်းကျော်ဖြင့် ရောင်းချရန် အရောင်းဈေးကွက် တင်လာသည်။
ခြံဝန်းအကျယ်မှာ ၂ ဒသမ ၂ ဧကရှိပြီး နေအိမ်အတွင်း အိပ်ခန်း ၆ ခန်း၊ ရေကူးကန်တစ်ခု ပါဝင်သည်။

ယင်းနေအိမ်ကို ယခင်ကလည်း ကြိမ်ဖန်များစွာ အရောင်းဈေးကွက်တင်ခဲ့ဖူးသော်လည်း နေအိမ်၏ နောက်ခံသမိုင်းကြောင်းကြောင့် ဝယ်လက်များမှာ ဝယ်ယူလိုခြင်းမရှိခဲ့ကြဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လွန်ခဲ့သော ၁၆ နှစ်က ခင်ပွန်းဖြစ်သူကို သတ်ကာ ၎င်း၏ဇနီးနှင့် မင်္ဂလာဆောင်ပြီးမှ ဖမ်းဆီးအရေးယူခြင်းခံရသည့် နာမည်ကျော်လူသတ်မှုကြီးဖြစ်ပွားခဲ့သော နယူးယောက်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လွန်ခဲ့သော ၁၆ နှစ်က ခင်ပွန်းဖြစ်သူကို သတ်ကာ ၎င်း၏ဇနီးနှင့် မင်္ဂလာဆောင်ပြီးမှ ဖမ်းဆီးအရေးယူခြင်းခံရသည့် နာမည်ကျော်လူသတ်မှုကြီးဖြစ်ပွားခဲ့သော နယူးယောက်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လွန်ခဲ့သော ၁၆ နှစ်က ခင်ပွန်းဖြစ်သူကို သတ်ကာ ၎င်း၏ဇနီးနှင့် မင်္ဂလာဆောင်ပြီးမှ ဖမ်းဆီးအရေးယူခြင်းခံရသည့် နာမည်ကျော်လူသတ်မှုကြီးဖြစ်ပွားခဲ့သော နယူးယောက်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လွန်ခဲ့သော ၁၆ နှစ်က ခင်ပွန်းဖြစ်သူကို သတ်ကာ ၎င်း၏ဇနီးနှင့် မင်္ဂလာဆောင်ပြီးမှ ဖမ်းဆီးအရေးယူခြင်းခံရသည့် နာမည်ကျော်လူသတ်မှုကြီးဖြစ်ပွားခဲ့သော နယူးယောက်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လွန်ခဲ့သော ၁၆ နှစ်က ခင်ပွန်းဖြစ်သူကို သတ်ကာ ၎င်း၏ဇနီးနှင့် မင်္ဂလာဆောင်ပြီးမှ ဖမ်းဆီးအရေးယူခြင်းခံရသည့် နာမည်ကျော်လူသတ်မှုကြီးဖြစ်ပွားခဲ့သော နယူးယောက်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လွန်ခဲ့သော ၁၆ နှစ်က ခင်ပွန်းဖြစ်သူကို သတ်ကာ ၎င်း၏ဇနီးနှင့် မင်္ဂလာဆောင်ပြီးမှ ဖမ်းဆီးအရေးယူခြင်းခံရသည့် နာမည်ကျော်လူသတ်မှုကြီးဖြစ်ပွားခဲ့သော နယူးယောက်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လွန်ခဲ့သော ၁၆ နှစ်က ခင်ပွန်းဖြစ်သူကို သတ်ကာ ၎င်း၏ဇနီးနှင့် မင်္ဂလာဆောင်ပြီးမှ ဖမ်းဆီးအရေးယူခြင်းခံရသည့် နာမည်ကျော်လူသတ်မှုကြီးဖြစ်ပွားခဲ့သော နယူးယောက်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service