ရန်ကုန်မြေဈေးကြီးနေခြင်းကို တိုင်းအစိုးရ ဖြေရှင်းပေးမည်ဟုဆို

ရန်ကုန်မြေဈေးကြီးနေခြင်းကို တိုင်းအစိုးရ ဖြေရှင်းပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
7 Dec 2017 10:27 am တွင် တင်ခဲ့သည်
3261 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းအတွင်း မြေဈေး ကြီးမြင့်မှုကို ဖြေရှင်း ဆောင်ရွက်ပေးမည်ဟု ရန်ကုန် တိုင်းအစိုးရလမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ရန်ကုန်မြေဈေးသည် အသုံး မပြုဘဲ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် မြေရယူထားသူများ ကြောင့် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ အခက်တွေ့နေသဖြင့် အမှန်တကယ်လုပ်ငန်းလုပ်ကိုင် လိုသူများ ဈေးသက်သက်သာ သာဖြင့် မြေရရှိနိုင်မည့်အစီအစဉ် ကို ရန်ကုန်တိုင်းအစိုးရက စီစဉ် နေကြောင်း ၎င်းက ပြောသည်။

‘‘တကယ်လုပ်ချင်သူတွေ အလွန်သက်သာတဲ့ဈေးနဲ့ လုပ်ခွင့်ရဖို့ တိုင်းအစိုးရက စီစဉ်နေတယ်။ နောက်ထပ်အထူးစီးပွားရေးဇုန် လည်းဖော်ဖို့ စီစဉ်နေတယ်’’ ဟု မြန်မာရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် ဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန်တိုင်းတွင် သီလ၀ါ အထူးစီးပွားရေးဇုန်အပြင် ရန်ကုန် အထူးစီးပွားရေးဇုန်တစ်ခု အ ကောင်အထည်ဖော်ရန် ၀န်ကြီး ချုပ်က စီစဉ်နေကြောင်း ၎င်းက ပြောသည်။

မြေဈေးကြီးမြင့်မှုနှင့် ပတ် သက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များ၏ တင်ပြချက်ကို မြန်မာရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် ၀န်ကြီးကထည့်သွင်းပြောကြားသည်။ ဂျပန်နိုင်ငံ အိုဆာကာမြို့မှ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် လာရောက်လေ့လာရာ တွင် မြေတန်ဖိုးမြင့်မားနေသည့် အခြေအနေကို သိရပြီး လုပ်ငန်းများလုပ်ကိုင်ရန် အခက်အခဲဖြစ် ရသည်ဟု တိုင်းအစိုးရကိုတင်ပြ ကြောင်း ၀န်ကြီးက ပြောသည်။

မြန်မာရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် တရုတ်ပြည်သူသမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးသံမှူးအပါအ၀င် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များတက်ရောက်ခဲ့သည်။ မြေဈေးသက် သက်သာသာဖြင့် ၀ယ်ယူနိုင်မည့် အစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်များကို သတင်းမီဒီယာများက ၀န်ကြီးကို မေးမြန်းရာမဖြေကြားခဲ့ပေ။

ရန်ကုန်တိုင်းအပါအ၀င် မြန်မာနိုင်ငံတွင် မြေဈေးကြီးမှုပြဿနာသည် လက်ရှိအစိုးရသာမက ယခင် ဦးသိန်းစိန်အစိုးရ လက်ထက်တွင်လည်း ကြုံတွေ့ခဲ့ရ သည်။

ရန်ကုန်မြေဈေးသည် စစ်အစိုးရလက်ထက်က အခွန်သက် သာခွင့်၊ တရားမ၀င်ငွေကြေးများ ငွေဖြူအဖြစ်ပြောင်းလဲရန် အခွင့် အရေးပေးသည့်နေရာတစ်ခုကဲ့ သို့ ဖြစ်ခဲ့ကြောင်း စီးပွားရေးလုပ် ငန်းရှင်အချို့က ပြောသည်။

ရန်ကုန်မြေဈေးသည် ၁၀ စုနှစ်တစ်ခုအတွင်း အဆပေါင်းများ စွာ မြင့်တက်ခဲ့ပြီးနောက် ၂၀၁၄ နောက်ပိုင်းက စတင်၍ ဈေးမြင့်တက်မှု ရပ်တန့်ခဲ့ကြောင်း အိမ် ခြံမြေအကျိုးဆောင်အချို့က ပြောကြားသည်။

‘‘စက်မှုဇုန်မြေဈေးကတော့ ဒီနှစ်ပိုင်းတွေမှာ ပြန်ကျနေတယ်’’ ဟု လှိုင်သာယာစက်မှုဇုန်စီမံခန့် ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအုန်းဆိုင် က ပြောသည်။

ရန်ကုန်အိမ်ခြံမြေဈေးသည် ၂၀၁၇ နှစ်ကုန်ပိုင်းတွင် ၀ယ်လို အားနည်းခြင်းကြောင့် မူလဈေး နှုန်းထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာ ခိုင်နှုန်းအကြား ဈေးကျဆင်း လာကြောင်း အိမ်ခြံမြေ အကျိုး ဆောင်အချို့က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service