ကိုယ်ပိုင်လေယာဉ်ကွင်း၊ စတုရန်းပေ ၁၀၀၀၀ ကျော် ကျယ်ဝန်းသည့် ခွေးအိမ်၊ လက်နက်တိုက်၊ ရေကန်ပေါင်း ၂၀ ပါဝင်ကာ ဧကပေါင်း ၆၅၀၀၀ ကျော်ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီး အမေရိကန်တွင် အမြင့်မားဆုံးစံချိန်တင်ဈေးဖြင့် အရောင်းဈေးကွက်ဝင်လာ

ကိုယ်ပိုင်လေယာဉ်ကွင်း၊ စတုရန်းပေ ၁၀၀၀၀ ကျော် ကျယ်ဝန်းသည့် ခွေးအိမ်၊ လက်နက်တိုက်၊ ရေကန်ပေါင်း ၂၀ ပါဝင်ကာ ဧကပေါင်း ၆၅၀၀၀ ကျော်ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီး အမေရိကန်တွင် အမြင့်မားဆုံးစံချိန်တင်ဈေးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
5 Dec 2017 12:02 pm တွင် တင်ခဲ့သည်
3502 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်တွင် ကိုယ်ပိုင်လေယာဉ်ကွင်း၊ စတုရန်းပေ ၁၀၀၀၀ ကျော်ရှိသည့် ခွေးအိမ်၊ လက်နက်တိုက်၊ ရေကန်ပေါင်း ၂၀ ပါဝင်ကာ ဧကပေါင်း ၆၅၀၀၀ ကျော်ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီးတစ်ခြံမှာ အမေရိကန်ပြည်ထောင်စုတစ်ဝန်း၌ အမြင့်မားဆုံးစံချိန်တင်ဈေးဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

ရောင်းချသူမှာ အိုကလာဟိုးမားတွင် မွေးဖွားသူ စီးပွားရေးလုပ်ငန်းရှင် တီဘွန်းပစ်ကန်းစ်ဖြစ်ပြီး ခြံဝန်းတည်နေရာမှာ ပမ်ပါမြို့၏ မြောက်ဘက် မိုင် ၃၀ ခန့်အကွာ၊ အေမာရီလိုမြို့၏ အရှေ့မြောက်ဘက် ၈၅ မိုင်အကွာတွင် တည်ရှိသည်။
ပမ်ပါသည် တက္ကဆပ်ပြည်နယ်၊ ဂရေးခရိုင်ရှိ မြို့တစ်မြို့ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် သန်းကောင်စာရင်းအရ လူဦးရေ ၁၇၉၉၄ ရှိသည့် မြို့ကလေးဖြစ်သည်။

Hall and Hall နှင့် Chas. S. Middleton and Son ကုမ္ပဏီတို့မှတစ်ဆင့် အရောင်းဈေးကွက်တင်လာခြင်းဖြစ်ပြီး ကန်ဒေါ်လာသန်း ၂၅၀ ဈေးခေါ်ထားရာ အမေရိကန်တစ်နိုင်ငံလုံးတွင် အရောင်းဈေးကွက်ရောက်နေသော အိမ်ခြံမြေများတွင် ဈေးအကြီးဆုံးအဖြစ် စံချိန်တင်သွားသည်။

အဆိုပါကုမ္ပဏီများမှပင် ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်းကလည်း တက္ကဆပ်ပြည်နယ်ရှိ ဧကပေါင်း ၅၁၀၀၀၀ ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီးတစ်ခုကို ဘီလျံနာလုပ်ငန်းရှင် စတန်း ကရိုယန်ကီက ကန်ဒေါ်လာ ၇၂၅ သန်းဖြင့် ဝယ်ယူသွားခဲ့ဖူးသည်။

ဖော့ဘ်မဂ္ဂဇင်းကြီးက ကရိုယန်ကီ၏ မွေးမြူရေးခြံကို အိမ်ခြံမြေသမိုင်းတစ်လျှောက် ဈေးအကြီးဆုံးအဖြစ် မှတ်တမ်းတင်ထားသည်။
တီဘွန်း ပစ်ကန်းစ်သည် ယခုအခါအသက် ၈၉ နှစ်ရှိပြီ ဖြစ်သည်။
ပစ်ကန်းစ်က ပြောကြားရာတွင် “အိမ်ခြံမြေများ ရောင်းထုတ်ခြင်းသည် အသက် ၈၉ နှစ်အရွယ်ရောက်နေသူတစ်ဦးအတွက် အလုပ်သင့်ဆုံးအလုပ်တစ်ခုဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ပစ်ကန်းစ်သည် ယင်းခြံဝန်းကြီးကို လွန်ခဲ့သော ၄၆ နှစ်က စတင်ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူခဲ့စဉ်က ဧကပေါင်း ၂၉၀၀ ခန့်သာ ရှိခဲ့သည်။
နောက်ပိုင်းတွင် အခြားကပ်လျက်မြေများကိုလည်း ဆက်လက်ဝယ်ယူကာ တောတောင်သဘာဝကို ထိန်းသိမ်းနိုင်ရန် ကန်ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲခဲ့ရသည်။

အဆိုပါ ယာတောအတွင်း ငုံးလိုက်ခြင်းမှာ တစ်နိုင်ငံလုံးတွင် အကောင်းဆုံးနေရာအဖြစ် သတ်မှတ်ထားခြင်းခံရပြီး နွားကောင်ရေ ၄၀၀ မှ ၅၀၀ ကြား ထိန်းကျောင်းနိုင်သည့် စားကျက်မြေလည်း ပြုလုပ်ထားသည်။

ယခုခြံဝန်းအကျယ်နှင့် နှိုင်းယှဉ်လျှင် အဆိုပါနေရာမှာ အနည်းငယ်သောမြေနေရာအတိုင်းအတာသာရှိသည်။
ယခုခြံကြီးကို ရောင်းချရာမှ ရရှိလာသောငွေများကို ၎င်းတည်ထောင်ထားသည် တီဘွန်းပစ်ကန်းစ်ဖောင်ဒေးရှင်းသို့ လှူဒါန်းသွားမည်ဟုလည်း ပစ်ကန်းစ်က ထုတ်ဖော်ပြောကြားထားသည်။
ခြံဝန်းအတွင်း အဆောက်အအုံ ၆ လုံးပါဝင်ပြီး ဝန်ထမ်းများအတွက် အဆောက်အအုံများလည်း အပါအဝင်ဖြစ်သည်။

ဤမျှကျယ်ဝန်းလှသည့် ခြံဝန်းကြီးကို ဝန်ထမ်းအင်အားအမြောက်အမြားမရှိဘဲ လည်ပတ်နိုင်ရန် မဖြစ်နိုင်ချေ။
ခြံဝန်းကြီးနှင့် စပ်လျဉ်း၍ စိတ်ဝင်စားဖွယ်အကောင်းဆုံး အချက် ၈ ခုမှာ

(၁) လေယာဉ်ကွင်းသွားရန် မလိုအပ်

ခြံဝန်းကြီးအတွင်းတွင် စတုရန်းပေ ၂၅၀၀၀ ရှိ ကိုယ်ပိုင်လေယာဉ်ရုံတစ်ခု၊ အလျား ပေ ၆၀၀ ရှိ ပြေးလမ်းတစ်ခုတို့ ပါဝင်ရာ ပျင်းရိငြီးငွေ့ဖွယ်ရာ လေယာဉ်စောင့်ဆိုင်းရသည့်အလုပ်များ သင့်အတွက်မလိုအပ်တော့ချေ။

(၂) လက်ထပ်မင်္ဂလာခန်းမ ပါဝင်သည်

ပစ်ကန်းစ်သည် သူ၏ ပဉ္စမမြောက်ဇနီး တိုနီဘရင်ကာကို ခြံကြီးအတွင်းရှိ မင်္ဂလာခန်းမတွင် ၂၀၁၄ ခုနှစ်အတွင်း ထိမ်းမြားလက်ထပ်ခဲ့သည်။
ခန်းမအကျယ်အဝန်းမှာ စတုရန်းပေ ၈၀၀ ရှိပြီး မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင်များနှင့် နာမည်ကျော်ပုဂ္ဂိုလ်တို့၏ ရှေ့မှောက်တွင် ထိမ်းမြားခဲ့ကြခြင်း ဖြစ်၏။
အကယ်၍ သင့်အနေဖြင့် မင်္ဂလာဆောင်ရန် ရည်မှန်းချက်ရှိသည်ဆိုပါက ဤခြံကြီးကို ဝယ်ယူပြီးလျှင် ခြံဝန်းအတွင်းတွင်ပင် ထိမ်းမြားမင်္ဂလာပြုနိုင်လေသည်။

(၃) ရေကန်ပေါင်း ၂၀

အကယ်၍ သင့်အနေဖြင့် မိတ်ဆွေများကို ငါးမျှားရန် ခြံဝန်းအတွင်းဖိတ်မန္တကပြုပြီး သင်ကိုယ်တိုင်ကမူ အပျော်စီးလှေသာ စီးလိုသည်ဆိုပါက ယခုခြံဝန်းကြီးတွင် သင်၏ဆန္ဒများအတိုင်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ကာ များပြားလှသည့် ရေကန်ကြီးများတွင် မိမိအလိုရှိရာနည်းဖြင့် အပန်းဖြေနိုင်လေသည်။

(၄) ပင်မအိမ်ကြီး ၄ လုံး

ခြံဝန်းကြီးအတွင်း ပင်မနေအိမ်ကြီး ၄ လုံးပါဝင်ပြီး အကြီးဆုံးနေအိမ်ကို The Lodge ဟု အမည်ပေးထားကာ စတုရန်းပေ ၃၃၀၀၀ ကျယ်ဝန်းသည်။
အသေးဆုံးအိမ်မှာ Gate House ဟု အမည်ရကာ စတုရန်းပေ ၁၇၀၀ အကျယ်အဝန်းရှိသည်။
အခြားအိမ် ၂ လုံးမှာ Lake House နှင့် Family House ဟု အမည်များရှိပြီး စတုရန်းပေ ၁၂၀၀၀ နှင့် ၆၀၀၀ အသီးသီး ကျယ်ဝန်းကြသည်။
ဧည့်သည်များ တည်းခိုရန်နေရာတွင် အိပ်ခန်း ၇ ခန်း ပါဝင်ပြီး ထိုင်ခုံ ၃၀ ဆန့် ရုပ်ရှင်ရုံ၊ မီးလင်းဖို ၂ ခုပါသည့် ဧည့်ခန်း၊ ဝိုင်သိုလှောင်ခန်းတို့လည်း ပါဝင်သည်။

(၅) လက်နက်တိုက်

လက်နက်တိုက်မှာ စတုရန်းပေ ၄၀၀ ကျယ်ဝန်းပြီး ကွန်ကရစ်ဖောင်ဒေးရှင်းတွင် သစ်ဖြင့်ဆောက်လုပ်ထားသည့် အဆောက်အအုံဖြစ်သည်။
အဆိုပါလက်နက်တိုက်တွင် ပစ်ကန်းစ်က သူ၏ ရိုင်ဖယ်များ၊ ပြောင်းတိုသေနတ်များနှင့် အမဲလိုက်သေနတ်များ သိုလှောင်ထားရှိသည်။
လက်နက်တိုက်တွင် ရေချိုးခန်းနှင့် မီးဖိုဆောင်တို့လည်း ပါဝင်သည်။

(၆) အိုးမကွာအိမ်မကွာ တင်းနစ်နှင့် ဂေါက်ရိုက်ကစားနိုင်သည်။

(၇) ခွေးအိမ်

လူအများစုမှာ နေအိမ်နောက်ဘက်တွင် ဝန်းခတ်၍သော်လည်းကောင်း၊ ခွေးအိမ်ငယ်တစ်ခု ပြုလုပ်၍သော်လည်းကောင်း ထားရှိကြသည်။
ပစ်ကန်းစ်ကမူ သူ၏ အမဲလိုက်ခွေးများအတွက် ကြီးမားကျယ်ပြန့်သည့်နေရာ ပြုလုပ်ပေးထားသည်။
စတုရန်းပေ ၁၁၀၀၀ ကျယ်ဝန်းသည့် ခွေးအိမ်အတွင်း လှောင်အိမ်ပေါင်း ၄၀ ခန်း ထားရှိထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကိုယ်ပိုင်လေယာဉ်ကွင်း၊ စတုရန်းပေ ၁၀၀၀၀ ကျော် ကျယ်ဝန်းသည့် ခွေးအိမ်၊ လက်နက်တိုက်၊ ရေကန်ပေါင်း ၂၀ ပါဝင်ကာ ဧကပေါင်း ၆၅၀၀၀ ကျော်ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီး အမေရိကန်တွင် အမြင့်မားဆုံးစံချိန်တင်ဈေးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကိုယ်ပိုင်လေယာဉ်ကွင်း၊ စတုရန်းပေ ၁၀၀၀၀ ကျော် ကျယ်ဝန်းသည့် ခွေးအိမ်၊ လက်နက်တိုက်၊ ရေကန်ပေါင်း ၂၀ ပါဝင်ကာ ဧကပေါင်း ၆၅၀၀၀ ကျော်ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီး အမေရိကန်တွင် အမြင့်မားဆုံးစံချိန်တင်ဈေးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကိုယ်ပိုင်လေယာဉ်ကွင်း၊ စတုရန်းပေ ၁၀၀၀၀ ကျော် ကျယ်ဝန်းသည့် ခွေးအိမ်၊ လက်နက်တိုက်၊ ရေကန်ပေါင်း ၂၀ ပါဝင်ကာ ဧကပေါင်း ၆၅၀၀၀ ကျော်ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီး အမေရိကန်တွင် အမြင့်မားဆုံးစံချိန်တင်ဈေးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကိုယ်ပိုင်လေယာဉ်ကွင်း၊ စတုရန်းပေ ၁၀၀၀၀ ကျော် ကျယ်ဝန်းသည့် ခွေးအိမ်၊ လက်နက်တိုက်၊ ရေကန်ပေါင်း ၂၀ ပါဝင်ကာ ဧကပေါင်း ၆၅၀၀၀ ကျော်ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီး အမေရိကန်တွင် အမြင့်မားဆုံးစံချိန်တင်ဈေးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကိုယ်ပိုင်လေယာဉ်ကွင်း၊ စတုရန်းပေ ၁၀၀၀၀ ကျော် ကျယ်ဝန်းသည့် ခွေးအိမ်၊ လက်နက်တိုက်၊ ရေကန်ပေါင်း ၂၀ ပါဝင်ကာ ဧကပေါင်း ၆၅၀၀၀ ကျော်ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီး အမေရိကန်တွင် အမြင့်မားဆုံးစံချိန်တင်ဈေးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကိုယ်ပိုင်လေယာဉ်ကွင်း၊ စတုရန်းပေ ၁၀၀၀၀ ကျော် ကျယ်ဝန်းသည့် ခွေးအိမ်၊ လက်နက်တိုက်၊ ရေကန်ပေါင်း ၂၀ ပါဝင်ကာ ဧကပေါင်း ၆၅၀၀၀ ကျော်ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီး အမေရိကန်တွင် အမြင့်မားဆုံးစံချိန်တင်ဈေးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကိုယ်ပိုင်လေယာဉ်ကွင်း၊ စတုရန်းပေ ၁၀၀၀၀ ကျော် ကျယ်ဝန်းသည့် ခွေးအိမ်၊ လက်နက်တိုက်၊ ရေကန်ပေါင်း ၂၀ ပါဝင်ကာ ဧကပေါင်း ၆၅၀၀၀ ကျော်ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီး အမေရိကန်တွင် အမြင့်မားဆုံးစံချိန်တင်ဈေးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကိုယ်ပိုင်လေယာဉ်ကွင်း၊ စတုရန်းပေ ၁၀၀၀၀ ကျော် ကျယ်ဝန်းသည့် ခွေးအိမ်၊ လက်နက်တိုက်၊ ရေကန်ပေါင်း ၂၀ ပါဝင်ကာ ဧကပေါင်း ၆၅၀၀၀ ကျော်ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီး အမေရိကန်တွင် အမြင့်မားဆုံးစံချိန်တင်ဈေးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကိုယ်ပိုင်လေယာဉ်ကွင်း၊ စတုရန်းပေ ၁၀၀၀၀ ကျော် ကျယ်ဝန်းသည့် ခွေးအိမ်၊ လက်နက်တိုက်၊ ရေကန်ပေါင်း ၂၀ ပါဝင်ကာ ဧကပေါင်း ၆၅၀၀၀ ကျော်ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီး အမေရိကန်တွင် အမြင့်မားဆုံးစံချိန်တင်ဈေးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service