ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်တော့မည့် အမေရိကန်သူ မီဂန်မာကယ်လ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ)

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်တော့မည့် အမေရိကန်သူ မီဂန်မာကယ်လ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
4 Dec 2017 11:14 am တွင် တင်ခဲ့သည်
3359 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့တွင် မွေးဖွားသည့် မီဂန်မာကယ်လ်သည် ဗြိတိန်၏ တော်ဝင်မင်းသား ဟယ်ရီနှင့် တရားဝင်စေ့စပ်ခဲ့ပြီးဖြစ်ကာ လာမည့်နှစ်တွင် လက်ထပ်ကြတော့မည် ဖြစ်သည်။

၂၀၁၈ ခုနှစ် နွေရာသီတွင် လက်ထပ်ပွဲကျင်းပပြီးပါက ၎င်းတို့ဇနီးမောင်နှံသည် ကန်ဆင်တန်နန်းတော်ဝန်းအတွင်းရှိ မင်းသားဟယ်ရီ၏ အိပ်ခန်း ၂ ခန်းပါ နော်တင်ဟမ်စံအိမ်တွင် နေထိုင်ကြမည် ဖြစ်သည်။

မင်းသားဟယ်ရီသည် ကန်ဆင်တန်နန်းတော်ဝန်းကျင်တွင် ငယ်စဉ်ကတည်းက နေထိုင်ခဲ့သူဖြစ်ရာ ၎င်းအတွက် မည်သို့မျှ ထူးခြားပြောင်းလဲသွားမည်မဟုတ်သော်လည်း မာကယ်လ်အတွက်မူ ကြီးမားသည့်အပြောင်းအလဲတစ်ရပ် ဖြစ်လာတော့မည် ဖြစ်၏။

လွန်ခဲ့သည့် ၇ နှစ်တာကာလအတွင်း မီဂန်မာကယ်လ်သည် တိုရွန်တိုတွင် နေထိုင်ကာ Suits အမည်ရှိ ဒရာမာဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
မကြာမီကာလအတွင်းတွင် မာကယ်လ်သည် တိုရွန်တိုကို ကျောခိုင်းကာ ပိုမိုသာယာလှပသည့်ဝန်းကျင်တွင် အခြေချတော့မည်လည်း ဖြစ်၏။

သို့စေကာမူ သူနေထိုင်ခဲ့ရာ တိုရွန်တိုနေအိမ်သည် ဘိုတဲဟန်ဆောက်လုပ်ထားပြီး သူ့ဟန်နှင့်သူ လှပသည့်နေအိမ်ကလေးဖြစ်သည်ဟု ဆိုနိုင်သည်။
မီဂန်မာကယ်လ်သည် သူ၏အင်စတာဂရမ်အကောင့်တွင် နေအိမ်တွင်း အပြင်အဆင်ပုံများ မကြာခဏလွှင့်တင်လေ့ရှိ၏။
သူ၏ဒီဇိုင်းပြင်ဆင်မှုများတွင် ကယ်လီဖိုးနီးယားတောင်ပိုင်းဒေသဟန်များ သြဇာလွှမ်းသည်ကို တွေ့ရသည်။

နေအိမ်အခန်းတိုင်းတွင် နွေးထွေးမှုနှင့် စတိုင်ကျမှုတို့ လွှမ်းမိုးထားသည်။
သိုးမွှေးအဖြူရောင်များ၊ သစ်သားပရိဘောဂများနှင့် ပီယိုနီပန်းပင်များကို နေအိမ်တစ်ခုလုံးတွင် အနှံ့အပြားတွေ့ရသည်။

မီဂန်မာကယ်လ်သည် အဆိုပါဒီဇိုင်းအပြင်အဆင်များကို သူ၏အနာဂတ်နေအိမ်ဖြစ်သော ကန်ဆင်တန်နန်းတော်သို့ ဆောင်ကြဉ်းမလာဟု မည်သူပြောနိုင်ပါမည်နည်း။

ဧည့်ခန်းမှာ အလင်းနှင့် လေဝင်လေထွက်ကောင်းမွန်ပြီး အချစ်တော်ခွေးနှစ်ကောင်ဖြစ်သော ဘိုဂါ့ထ်နှင့် ဂိုင်းတို့မှာ အဖြူရောင်ဆိုဖာပေါ်တွင် ငိုက်မြည်းနေသည်ကို တွေ့ရလေ့ရှိသည်။

စကျင်ကျောက်ဖြင့် ပြုလုပ်ထားသော ကာရာရာအမျိုးအစား ညစာစား စားပွဲဘေးတွင် Eames အမျိုးအစား အဖြူရောင်ကုလားထိုင်တစ်လုံးဖြင့် အလှဆင်ထားသည်ကို တွေ့ရသည်။

ယင်းအခန်းတွင်လည်း သူ၏ အကြိုက်ဆုံး ပီယိုနီပန်းအိုးကို တွေ့ရသည်။
အပန်းဖြေခန်းတွင် ပြတင်းပေါက်နှင့် မျက်နှာချင်းဆိုင်နံရံတွင် မှန်တစ်ချပ်ထားရှိရာ အခန်းကို နေရာပိုမိုကျယ်ဝန်းသွားဟန် ပေါ်လာအောင် ဖန်တီးထားသည်ကို တွေ့ရသည်။ ယင်းအခန်းတွင်မူ ပီယိုနီပန်းများ မတွေ့ရချေ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်တော့မည့် အမေရိကန်သူ မီဂန်မာကယ်လ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်တော့မည့် အမေရိကန်သူ မီဂန်မာကယ်လ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်တော့မည့် အမေရိကန်သူ မီဂန်မာကယ်လ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်တော့မည့် အမေရိကန်သူ မီဂန်မာကယ်လ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်တော့မည့် အမေရိကန်သူ မီဂန်မာကယ်လ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်တော့မည့် အမေရိကန်သူ မီဂန်မာကယ်လ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်တော့မည့် အမေရိကန်သူ မီဂန်မာကယ်လ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်တော့မည့် အမေရိကန်သူ မီဂန်မာကယ်လ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service