အကျိုးဆောင်များ လိုင်စင်လျှောက်ထားလုပ်ကိုင်ရန် အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်းတွင် ထည့်သွင်းထား

အကျိုးဆောင်များ လိုင်စင်လျှောက်ထားလုပ်ကိုင်ရန် အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်းတွင် ထည့်သွင်းထား - Property News in Myanmar from iMyanmarHouse.com
1 Dec 2017 11:59 am တွင် တင်ခဲ့သည်
5000 ကြိမ် ကြည့်ရှု့ပြီး
ယာယီလိုင်စင်နှင့် အကျိုးဆောင်လိုင်စင်များ လျှောက်ထားလုပ်ကိုင်ရန် အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်းတွင် ထည့်သွင်းဆွေးနွေးထားကြောင်း မန္တလေးတိုင်းဒေသကြီး အိမ်ခြမြေကိုယ်စာလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်က ယခုလ ၂၂ ရက်တွင် ပြောသည်။

ယမန်နှစ် စက်တင်ဘာလဆန်းက ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၏ ဖိတ်ကြားချက်အရ ပြည်တွင်းရှိ အိမ်ခြံမြေအသင်း သုံးသင်း ၊ သက်ဆိုင်ရာဝန်ကြီးဌာနအချို့ ၊ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်မျာ ၊ ရှေ့နေချုပ်ရုံး တာဝန်ရှိသူများ တွေ့ဆုံပြီး အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်း ရေးဆွဲရန် သင့်မသင့် ဆွေးနွေးခဲ့သည်။

ထိုသို့ ဆွေးနွေးရာတွင် ဥပဒေမူကြမ်း ရေးဆွဲသင့်ကြောင်း သဘောတူခဲ့သဖြင့် မူကြမ်းကို ရေးဆွဲခဲ့ရာ ယခုအခါ အချောသပ်ရန်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဦးတင်မောင်က ပြောသည်။

‘ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်းဆိုပေမဲ့ ရောင်းသူ ၊ ဝယ်သူ ၊ ဝန်ဆောင်မှုပေးသူ (အကျိုးဆောင်) သုံးဦးဖလှယ် သဟဇာတဖြစ်မှ ကောင်းမှာပါ ’ဟု ၄င်းက ပြောသည်။

အဆိုပါ ဥပဒေကြမ်းကို ယမန်နှစ်က စတင်ကာအကြိမ်ကြိမ် ဆွေးနွေးပြုစုခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုဥပဒေကြမ်းအရ အိမ်ခြံမြေဝန်ဆောင်မှုနှင့် ပတ်သက်သော လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခံစားခွင့် အပြည့်အဝရရှိမည်ဖြစ်သလို နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဥပဒေနင့်အညီ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ’ ဦးတင်မောင်က ပြောသည် ။

‘ အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံမှာ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ မရှိဘူး ၊ ဒီဥပဒေရှိလာခြင်းအားဖြင့် ဥပဒေပါခံစားခွင့်ကို အပြည့်အဝရမယ် ။နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ ဥပဒေနဲကအညီ လုပ်လို့ရမယ်။ရောင်းမှားဝယ်မှား အတုအယောင်ကိစ္စတွေ ကင်းသွားမယ် ’ ဟု ၄င်းက ပြောသည်

ဥပဒေမူကြမ်းကို အိမ်ခြံမြေအသင်းများ၏ သဘောထားတစ်ခုတည်းနှင့် ရေးဆွဲးခဲ့ခြင်း မဟုတ်သလို အကျိုးဆောင်များအတွက် ယာယီလိုင်စင်ကို သုံးနှစ်သက်တမ်း သတ်မှတ် မှတ်ပုံတင်ပေးမည်ဖြစ်ကာ အကျိုးဆောင်ဖြစ်ကြောင်း မှတ်ပုံတင်ရန် သုံးလကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်း ၊ သုံးနှစ်အတွင်း အိမ်ခြံမြေဆိုင်ရာသင်တန်း တက်ရောက်ရမည်ဖြစ်ကာ အကျိုးဆောင်လိုင်စင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဦးတင်မောင်က ပြောသည်။

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ ပေါ်ထွက်လာပါက ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်စွမ်းရှိသော အိမ်ခြံမြေအကျိုးဆောင် လူတန်းစာတစ်ရပ် ပေါ်ပေါက်လာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးဝဏ္ဏစိုးက ယခုလ ၂၅ ရက်တွင် ပြောသည် ။

‘ ဒီဥပဒေက လိုအပ်ပါတယ် ’ ဟု ၄င်းက ပြောသည်။
လက်ရှိ၌ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ကြရာတွင် အထက်တန်းကနေ အောက်ခြေလူတန်းစားထိ အလွှာအသီးသီး လုပ်ကိုင်နေကြသလို စည်းကမ်းမူဘောင်မရှိကြောင်း ။ ယာယီလိုင်စင် အဖြစ်မနေ လျှောက်ပြီး လုပ်ကိုင်ရမည်ဆိုပါက ကြုံရာလူ ဝင်ရောက်လုပ်ကိုင်နိုင်မည်မဟုတ်ကြောင်း ဦးဝဏ္ဏစိုးက ပြောသည်။

‘ သုံးနှစ်အတွင်းမှာ သင်တန်းလည်း တက်ကိုတက်ရမယ် ။ပထမဆုံး အရွှေ့အပြောင်းမှာ အချိန်ပေးထားပြီး ညင်ညင်သာသာ ဖြစ်အောင် လုပ်ထားပါတယ် ’ ဟု၎င်က ပြောသည် ။

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ ထွက်ပေါ်လာပါက အကျိုးဆောင်များအနေဖြင့် စနစ်တကျ အလုပ်လုပ်ခွင့်ရနိုင်ကြောင်း ၊ လိုင်စင်နှင့် ဆောင်ရွက်ရမည်ဖြစ်သဖြင့် အမှန်တကယ်လုပ်ကိုင်လိုသူများသာ အကျိုးဆောင်အလုပ်ကို လုပ်ကိုင်လာနိုင်ကြောင်းနှင့် လူသန့်သွားနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင် ဦးမောင်မောင်ဦးက ပြောသည် ။

အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်းတွင် ဖော်ပြထားချက်အရ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်လိုသူသည် အကျိုးဆောင် ယာယီလိုင်စင် ရရှိမည်ဖြစ်ပြီး လိုင်စင်မရှိသူကို အကျိုးဆောင်ဝန်ဆောင်မှု လုပ်ကိုင်ခွင့်ပြုမည်မဟုတ်ကြောင်း ၊ ယာယီလိုင်စင်မရှိဘဲ အကျိုးဆောင်ဝန်ဆောင်မှု ပြုလုပ်ပါက တစ်နှစ်အထိ ထောင်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံရမည်ဖြစ်သည်။

‘ ရောင်းသူ ဝယ်သူတွေဘက်က သတ်မှတ်ချက်ပျက်ကွက်ရင်လည်း အလားတူပြစ်ဒဏ် သတ်မှတ်ချက်တွေ ပါပါတယ် ။အခုက ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကို တင်မယ်အဆင့်ပဲ ရှိပါသေးတယ် ။အကျိုးဆောင်တွေအနေနဲ့ အကြံပြုလိုတာတွေရှိရင် ကျွန်တော်တို့ အသင်းကို ဆက်သွယ်နိုင်ပါတယ် ’ ဟု ဦးတင်မောင်က ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service