ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ မီးရထားရုံးချုပ် ဟောင်းနှင့် ဆက်စပ်မြေနေရာများတွင် အကောင်အထည်ဖော် မည့် အဆင့်မြင့်စီမံကိန်းကိုတည်ဆောက်မည့် ကုမ္ပဏီနှင့် FMI ကုမ္ပဏီတို့ စာချုပ်ချုပ် ဆိုလိုက်ပြီဖြစ်သည်။
FMI ၏ ဒေါ်လာ သန်း ၄၀၀ကျော် ရန်ကုန်မြို့လယ် ၏ရင်းနှီးမြှပ်နှံမှုကြီးမားသောာစီမံကိန်းအဖြစ် FMI က BTJV Myanmar Company Limited နှင့်စာချုပ်ချုပ်ဆိုလိုက်ခြင်းဖြစ်သည် ။
ရန်ကုန် မြို့လယ် Yoma Central စီမံကိန်းအား တည်ဆောက်မည့် BTJV Myanmar Company သည်Bouy Gues ကုမ္ပဏီ ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သော Drages Singapore ကုမ္ပဏီ နှင့် Taisei ကုမ္ပဏီတို့မှ အကျိုးတူပူးပေါင်းလုပ်ကိုင် သောစင်ကာပူနှင့် ဂျပန် တို့ပူးပေါင်းတည်ထောင်ထားသော ကုမ္ပဏီဖြစ်သည်။
ရန်ကုန်မြို့လယ် မီးရထားရုံးချုပ်ဟောင်း အဆောက်အအုံအပါအ၀င် ဟိုတယ်စီမံကိန်းနှင့်လူနေအဆောက်အအုံများ ပါဝင်သည့် စီမံကိန်းမှာ မြေပြင်လုပ်ငန်းများ စတင်နေပြီဖြစ်သည်။
FMI၏ကြီးမားသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်သော ၄င်းစီမံကိန်းတွင် အခြားအကျိုးတူ ကုမ္ပဏိများဖြင့်ပူးပေါင်းပြီးစီမံကိန်းကို ၂၀၂၁တွင် ပြီးစီးမည်ဖြစ်
သည်။
စီမံကိန်းတွင် မီးရထားရုံး ချုပ်ဟောင်းကို ပင်နီဆူလာရန် ကုန်ဟိုတယ်အဖြစ် မူလအတိုင်း ရှေးဟောင်းအဆောက်အအုံဖြစ် အောင် ပြုပြင်မွမ်းမံမည်ဖြစ်ပြီး ကျန်မြေရာများ၌ ရုံးခန်းအ ဆောက်အအုံတာဝါနှစ်လုံးနှင့် လူနေအဆင့်မြင့် တိုက်ခန်းများ ထည့်သွင်း တည်ဆောက်ကာ ရောင်းချမည်ဖြစ်သည်။
စီမံကိန်းအတွက် သက်ဆိုင် ရာအစိုးရနှင့် စာချုပ်ချုပ်ဆိုပြီးဖြစ် ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်၏ ခွင့်ပြုချက်ရရှိရန် ဆောင် ရွက်မည်ဟု ဆိုသည်။
အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံ တကာဘဏ္ဍာရေး ကော်ပိုရေး ရှင်း၊ သယ်ယူပို့ဆောင်ရေးနှင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ဂျပန်နိုင်ငံတ ကာအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးကော်ပိုရေးရှင်းတို့က လည်း ယင်းစီမံကိန်းတွင်ပါဝင် ရန် သဘောတူညီထားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com