အေတီအမ်စက်များ၏ ၀န်ဆောင်မှုနှင့် နည်းပညာပိုင်းများ အဆင့်မြှင့်မည်

အေတီအမ်စက်များ၏ ၀န်ဆောင်မှုနှင့် နည်းပညာပိုင်းများ အဆင့်မြှင့်မည် - Property News in Myanmar from iMyanmarHouse.com
30 Nov 2017 10:38 am တွင် တင်ခဲ့သည်
2918 ကြိမ် ကြည့်ရှု့ပြီး
အေတီအမ်ကဒ်များတွင် ဘဏ်မတူဘဲငွေထုတ်ယူပါကနှုန်းထားတိုးမြှင့်လိုက်ခြင်းကြောင့် နည်းပညာနှင့်ဝန်ဆောင်မှုပိုင်းများတွင်ပါကောင်းမွန်အောင် ဘဏ်များဘက်က ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။

အေတီအမ်ကဒ်များတွင်ငွေထုတ်ယူရာတွင် ဘဏ်ခြင်းမတူပါက ကောက်ခံသည့် နှုန်းထားကို တိုးမြှင့်ရခြင်းမှာ နည်းပညာပိုင်းနှင့်ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်မည်ဖြစ်သောကြောင့် တိုးမြှင့်ရခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ် ၏အကြီးတန်းအကြံပေး ဦးသန်းလွင်ကပြောသည်။

“ လောလောဆယ် ငွေတွေထုတ်ရခက်တာ error တွေဖြစ်တာ ကဒ်တွေညပ်တာတွေဖြစ်နေတော့ဒါမျိုးတွေမဖြစ်တဲ့ နည်းပညာတွေပြောင်းလဲဖို့ ဘဏ်တွေက လုပ်ဖို့ရှိတယ် ဒါ့ကြောင့် နှုန်းထားတွေကို တိုးလိုက်ရတာဖြစ်ပါတယ် အသုံးပြုသူတွေအနေနဲ့ စောင့်ကြည့်ပြီးမှ ဝေဖန်ပေးပါ အရင်ကထက်စာရင် ပိုပြီးကောင်းတဲ့ဝန်ဆောင်မှုတွေဖြစ်လာဖို့ ဘဏ်တွေက လုပ်နေတာပါ “ ဟု ဥိးသန်းလွင်က စံတော်ချိန်ကို ပြောသည်။

အေတီအမ်စက်များတွင် ငွေထုတ်ယူရာတွင် ကောက်ခံနေသည့် နှုန်းထားများကို လာမည့်၂၀၁၈ ဇန်န၀ါရီ ၁ရက်မှစပြီး လက်ရှိ ၀ဒသမ၂ရာခိုင်နှုန်း ကောက်ခံရာမှ ၀ဒသမ၅ရာခိုင်နှုန်းအထိကောက်ခံမည်ဟု နိုဝင်ဘာ၂၈ရက်က Myanmar Payment Union ကထုတ်ပြန်ထားပြီဖြစ်သည်။

မြန်မာငွေကျပ် ၂၀၀မှ ဇန်န၀ါရီ ၁ရက်တွင် ၅၀၀ကျပ် ကောက်ခံမည့်သဘောပင်ဖြစ်သည်။

နောက်ပိုင်းတွင် တစ်နိုင်ငံလုံးရှိအေတီအမ်စက်များတွင် နည်းပညာမြင့်သည့်ကဒ်များဖြစ်သော VISA ကဒ် ၊ Credit ကဒ်များ ပိုမိုလွယ်ကူလျှင်မြန်စွာ အသုံးပြုနိုင်ရန် အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် နှုန်းထားကို တိုးမြှင့်ခြင်းဖြစ်သည်ဟု ယူနိုက်တက်အမရာဘဏ်မှ အဆင်မြင့်အရာရှိတစ်ဦးကရှင်းပြသည်။

ထို့ကြောင့် အေတီအမ်စက်များကိုအသုံးပြုသူများက လက်ရှိတွင် ၀န်ဆောင်မှုကောင်းအောင်ပင် မပေးနိုင်သေးဘဲ Transaction အတွက် Interchange Feeကိုတိုးမြှင့်ကောက်ခံခြင်းအားဝေဖန်လျှက်ရှိသည်။

တစ်နိုင်ငံလုံးတွင် ကြိုတင်ငွေပေးကတ် (Debit Card) သုံးသန်းခွဲနှင့် အ ကြွေးဝယ်ကတ် (Credit Card) ခြောက်သောင်းကျော်သုံးစွဲနေ ကြောင်း Myanmar Payment Union မှထုတ်ပြန်ထားသည်။။ MPU သည် ပြည်တွင်းဘဏ် ၂၃ ဘဏ်နှင့် ချိတ်ဆက်ထားပြီး ငွေထုတ်ယူနိုင်ခြင်းဝန်ဆောင်မှူများကို လုပ်ဆောင်ပေးလျှက်ရှိသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service