ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်ကို တည်ထောင်သူနှင့် ကမ္ဘာကျော်ဂီတသမားများ နေထိုင်ခဲ့ဖူးသည့် အင်္ဂလန်ရှိ ၁၆ ရာစု စံအိမ်ကြီးကို လေလံတင် ရောင်းချမည်

ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်ကို တည်ထောင်သူနှင့် ကမ္ဘာကျော်ဂီတသမားများ နေထိုင်ခဲ့ဖူးသည့် အင်္ဂလန်ရှိ ၁၆ ရာစု စံအိမ်ကြီးကို လေလံတင် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
29 Nov 2017 11:15 am တွင် တင်ခဲ့သည်
5147 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာပေါ်တွင် ထူးခြားသည့်စံချိန်များကို မှတ်တမ်းတင်သည့် ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်ကို တည်ထောင်သူနှင့် ကမ္ဘာကျော် ဂီတသမားများဖြစ်သော Neil Diamond၊ Genesis တို့ နေထိုင်ခဲ့ဖူးသည့် အင်္ဂလန်ရှိ ၁၆ ရာစု စံအိမ်ကြီးကို လေလံရောင်းချတော့မည် ဖြစ်သည်။

နေအိမ်တည်နေရာမှာ အင်္ဂလန်နိုင်ငံ၊ အရှေ့ဆပ်ဆက်စ်ပြည်နယ်၊ ခရိုးဘိုရို့ခ်ျမြို့ကလေးတွင်တည်ရှိပြီး Luxford House ဟု အမည်ပေးထားသည်။
တူးဒေါ်ဗိသုကာဟန်ဖြင့် ၁၅၁၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အိပ်ခန်း ၆ ခန်းပါဝင်သည်။

အဆိုပါနေအိမ်ကို ဆာဟုခ်ျဘီဗာက ၁၉၃၀ ပြည့်လွန်ကာလများတွင် ဝယ်ယူခဲ့ပြီးနောက် နေအိမ်ချဲ့ထွင်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့သည်။
ဆာဟုခ်ျဘီဗာသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း အလုပ်အကိုင်ဝန်ကြီးဌာန အထွေထွေညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင်မူ ဂင်းနက်စ်စံချိန်မှတ်တမ်းကို စတင်တည်ထောင်ခဲ့သည်။

Auction House Sussex မှတစ်ဆင့် လေလံတင်ရောင်းချမည်ဖြစ်ပြီး နေအိမ်အတွင်း အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၄ ခန်း၊ ဧည့်ကြိုခန်း ၄ ခန်းတို့ပါဝင်ကာ မျက်နှာကြက်၊ ကြမ်းပြင်များ၊ ယက်မများနှင့် တံခါးများမှာ မူရင်းစတင်ဆောက်လုပ်ခဲ့စဉ်ကအတိုင်း ဖြစ်သည်။

ပန်းဥယျာဉ်မှာ ၂ ဧကခန့် ကျယ်ဝန်းပြီး သီးပင်စားပင်များ စုံလင်စွာ စိုက်ပျိုးထားသည်။၁၉၆၇ ခုနှစ်တွင် ဘီဗာကွယ်လွန်ပြီးနောက်ပိုင်း ဗြိတိသျှ တေးသံသွင်းကုမ္ပဏီ Charisma Records ကို တည်ထောင်သူ တိုနီ စထရက်တန် စမစ်က ငှားရမ်းနေထိုင်ခဲ့သည်။

စမစ်ငှားရမ်းနေထိုင်စဉ်ကာလအတွင်း နာမည်ကျော်တေးသံရှင် Neil Diamond က သူ၏ ၁၉၇၁ ခုနှစ် တေးအယ်လ်ဘမ်ဖြစ်သော “Stones” ၏ ကာဗာဖုံးတွင် ယင်းနေအိမ်ကြီး၏ ပန်းခြံအတွင်း ရိုက်ကူးခဲ့သည့်ဓာတ်ပုံဖြင့် ထုတ်လုပ်ရောင်းချခဲ့သည်။

ယင်းအပြင် Genesis သည်လည်း ၁၉၇၁ ခုနှစ်၊ နွေရာသီတွင် အဆိုပါနေအိမ်ကြီး၌ နေထိုင်ကာ “Nursery Cryme” အယ်လ်ဘမ်အတွက် တေးသီချင်းများ ရေးစပ်ခဲ့ကြသည်ဟု ဆိုသည်။

လာမည့် ဒီဇင်ဘာလ ၇ ရက်တွင် လေလံတင်ရောင်းချသွားမည်ဖြစ်ပြီး ကြမ်းခင်းဈေးမှာ ပေါင် ၁ ဒသမ ၄ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၈၆ သန်း) ဖြစ်သည်။
လက်ရှိပိုင်ရှင်များမှာ အဆိုပါနေအိမ်တွင် နေထိုင်ခဲ့သည်မှာ ၁၃ နှစ်ရှိခဲ့ပြီဖြစ်ပြီး ယခုအခါ ပြောင်းရွှေ့အခြေချရန် ဆုံးဖြတ်လိုက်ကာ အရောင်းဈေးကွက်တင်ခဲ့ခြင်းလည်း ဖြစ်သည်။

Genesis ၏ အဆိုတော် ဖီးလ်ကောလင်းက သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင် ရေးသားဖော်ပြခဲ့ရာ၌ ၁၉၇၁ ခုနှစ်နွေရာသီအတွင်း ယခုနေအိမ်ကြီးတွင် အချိန်ကုန်ဆုံးခဲ့ကြကြောင်း ရေးသားခဲ့ဖူးသည်။

ယင်းနေအိမ်ကြီးသည် တူးဒေါ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် လှပသည့်စံအိမ်ကြီးဖြစ်ပြီး ဝိုင်နီများသောက်ကာ မြက်ခင်းပြင်တွင် ခရိုကက်ဘောလုံးကစားနည်း ကစားခဲ့ကြကြောင်းလည်း ဖီးလ်ကောလင်းက ရေးသားခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်ကို တည်ထောင်သူနှင့် ကမ္ဘာကျော်ဂီတသမားများ နေထိုင်ခဲ့ဖူးသည့် အင်္ဂလန်ရှိ ၁၆ ရာစု စံအိမ်ကြီးကို လေလံတင် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်ကို တည်ထောင်သူနှင့် ကမ္ဘာကျော်ဂီတသမားများ နေထိုင်ခဲ့ဖူးသည့် အင်္ဂလန်ရှိ ၁၆ ရာစု စံအိမ်ကြီးကို လေလံတင် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်ကို တည်ထောင်သူနှင့် ကမ္ဘာကျော်ဂီတသမားများ နေထိုင်ခဲ့ဖူးသည့် အင်္ဂလန်ရှိ ၁၆ ရာစု စံအိမ်ကြီးကို လေလံတင် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်ကို တည်ထောင်သူနှင့် ကမ္ဘာကျော်ဂီတသမားများ နေထိုင်ခဲ့ဖူးသည့် အင်္ဂလန်ရှိ ၁၆ ရာစု စံအိမ်ကြီးကို လေလံတင် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်ကို တည်ထောင်သူနှင့် ကမ္ဘာကျော်ဂီတသမားများ နေထိုင်ခဲ့ဖူးသည့် အင်္ဂလန်ရှိ ၁၆ ရာစု စံအိမ်ကြီးကို လေလံတင် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်ကို တည်ထောင်သူနှင့် ကမ္ဘာကျော်ဂီတသမားများ နေထိုင်ခဲ့ဖူးသည့် အင်္ဂလန်ရှိ ၁၆ ရာစု စံအိမ်ကြီးကို လေလံတင် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်ကို တည်ထောင်သူနှင့် ကမ္ဘာကျော်ဂီတသမားများ နေထိုင်ခဲ့ဖူးသည့် အင်္ဂလန်ရှိ ၁၆ ရာစု စံအိမ်ကြီးကို လေလံတင် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service