အင်္ဂလန်မြောက်ပိုင်း ယော့ခ်ရှိုင်းယားရှိ ရွာကလေး၏ မင်္ဂလာခန်းမတစ်ခုကို ရောင်းချရန် အရောင်းဈေးကွက်တင်

အင်္ဂလန်မြောက်ပိုင်း ယော့ခ်ရှိုင်းယားရှိ ရွာကလေး၏ မင်္ဂလာခန်းမတစ်ခုကို ရောင်းချရန် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
28 Nov 2017 11:18 am တွင် တင်ခဲ့သည်
8042 ကြိမ် ကြည့်ရှု့ပြီး
အင်္ဂလန်နိုင်ငံမြောက်ပိုင်းရှိ ရှေးဟောင်းသမိုင်းဝင်အထိမ်းအမှတ်နေရာများစွာ တည်ရှိသည့် ယော့ခ်ရှိုင်းယားခရိုင်သည် ကမ္ဘာလှည့်ခရီးသည်တို့ လေ့လာလည်ပတ်ကြရာ ဒေသတစ်ခုဖြစ်သည်။

ယခုအခါ အဆိုပါဒေသရှိ မင်္ဂလာခန်းမတစ်ခုကို ရောင်းချရန် အရောင်းဈေးကွက်တင်လာသည်။

ခန်းမအဆောက်အအုံအတွင်း အိပ်ခန်း ၁၆ ခန်း၊ ထိုင်ခုံ ၁၂၀ ဆန့် ညစာစားခန်းနှင့် ဧည့်ဂေဟာအိမ်တို့ ပါဝင်သည်။

ခြံအကျယ်အဝန်း ၃ ဧကခွဲကျော်အတွင်း ပန်းဥယျာဉ်များလည်း အများအပြား ပါဝင်ရာ ထိမ်းမြားမင်္ဂလာအခမ်းအနားများ ကျင်းပရန် အလွန်ကောင်းမွန်သည့် နေရာလည်း ဖြစ်သည်။

ယော့ခ်ရှိုင်းယားခရိုင်၏ ကျေးလက်ဒေသ လစ်တဲလ် ဝိတ်တန်ကျေးရွာကလေးတွင် တည်ရှိသည်။

အဆိုပါရွာကလေးတွင် စာတိုက်အဖြစ် စာပို့လုပ်ငန်းများ ဆောင်ရွက်ပေးသည့် ဈေးဆိုင်ငယ်တစ်ခု၊ စာသင်ကျောင်းတစ်ကျောင်း၊ ဘုရားကျောင်းတစ်ခု၊ ကျေးရွာခန်းမတစ်ခု၊ ကစားကွင်း၊ ဂိုဒေါင်တစ်လုံးနှင့် Black Horse ဘုံဆိုင် (အရက်ဆိုင်) တစ်ဆိုင် တည်ရှိသည်။

ရွာအတွင်းမှ အမှတ် ၁၈၀ ဘတ်စ်ကားလိုင်း ဖြတ်သန်းသွားသည်ဟု ဆိုသည်။
ယင်းကျေးရွာကလေးတွင် David Bowie ၏ ဘေ့စ်ဂစ်တာသမား ထရီဗော် ဘိုးဒါ၊ ဟူးလ်စီးတီး (ပရီးမီးယားလိဂ် ဘောလုံးကလပ်အသင်း) မှ ကစားသမားဟောင်း စတန် မက်ခ်အီဝန်နှင့် ဆမ်ရစ်ကက်ထ်တို့ နေထိုင်ခဲ့ကြဖူးသည်ဟု ဆို၏။

ဝန်းကျင်တွင် ကျေးလက်ဒေသ တောင်ကုန်းများ ဝန်းပတ်နေရာ အိပ်ခန်းတိုင်းမှ သာယာလှပသည့် ရှုမျှော်ခင်းများကို တွေ့မြင်နိုင်သည်။ခန်းမအတွင်း နွေးထွေးသည့် အရက်ဘားခန်းတစ်ခုလည်း ပါဝင်ပြီး အဆောက်အအုံမှာ ဒေသတွင်း ဘုရားကျောင်း၏ ယာဘက်တွင် တည်ရှိသည်။ခန်းမတည်ရှိရာ ခြံဝန်းအတွင်း တည်းခိုဆောင်တစ်ခု ပါဝင်ပြီး ယခင်က ဝန်ထမ်းများ နေထိုင်ရာ နေရာအဖြစ် အသုံးပြုခဲ့သည်။

ဝယ်လက်အနေဖြင့် အဆောက်အအုံကို ပြောင်းလဲမွမ်းမံမည်ဆိုပါက အပန်းဖြေရန်နေရာအဖြစ်လည်း အသုံးပြုနိုင်ဖွယ်ရှိသည်။သမိုင်းဝင်ဈေးမြို့တော်တစ်ခုဖြစ်သော ဘီဗာလေနှင့် ၆ မိုင်ခန့်သာ ဝေးကွာသည်။

ပေါင် ၁ ဒသမ ၄ သန်းဈေးခေါ်ထားပြီး ဝယ်ယူလိုသူများအနေဖြင့် ကာတာ ဂျိုနာ့စ် (01904 200062) သို့ ဆက်သွယ်နိုင်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အင်္ဂလန်မြောက်ပိုင်း ယော့ခ်ရှိုင်းယားရှိ ရွာကလေး၏ မင်္ဂလာခန်းမတစ်ခုကို ရောင်းချရန် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်မြောက်ပိုင်း ယော့ခ်ရှိုင်းယားရှိ ရွာကလေး၏ မင်္ဂလာခန်းမတစ်ခုကို ရောင်းချရန် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service