ပုသိမ်တွင် အစိုးရ ဝန်ထမ်းများအတွက် အငှားအိမ်ရာ ဆောက်မည်

ပုသိမ်တွင် အစိုးရ ဝန်ထမ်းများအတွက် အငှားအိမ်ရာ ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
27 Nov 2017 11:44 am တွင် တင်ခဲ့သည်
4556 ကြိမ် ကြည့်ရှု့ပြီး
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ရှိ အစိုးရဝန်ထမ်းများ နေထိုင်နိုင်ရေးအတွက် အထပ်မြင့် အငှားအိမ်ရာများ တည်ဆောက်ခွင့်ကို ပြည်ထောင်စု အစိုးရထံ တင်ပြထားပြီး ဘတ်ဂျက်ရရှိပါက စတင်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေ
သကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး
ဦးဝင်းဌေးက ပြောကြားသည်။

စီမံကိန်း ဖော်ဆောင်ရန်အတွက် အထပ်မြင့်တိုက်ခန်း ၃၂၀ ခန်းကို ဖော်ထုတ်နိုင်မည့် ပေ ၄၀ x ၆၀ခန့် မြေကွက် ၅၀ ကို ရရှိထားကြောင်း၊ ပုသိမ်မြို့တွင် တာဝန် ထမ်းဆောင်နေသော အစိုးရဝန်ထမ်းများ အိမ်ရာ အခက်အခဲအတွက် အဆင်ပြေစေရန် တိုင်းဒေသကြီး အစိုးရက စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“လက်ရှိ အခြေအနေမှာ ပုသိမ်မြို့မှာ အိမ်ရာ အခက်အခဲ ရှိနေတဲ့ ဝန်ထမ်း ၂၅၀ ကျော် ရှိနေတယ်၊ အပြင်မှာ နေအိမ် အခန်းတွေ ဈေးကြီးပေး ငှားရမ်းနေထိုင်ကြရတယ်၊ အစိုးရအနေနဲ့ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ငှားရမ်းပေးမှာပါ၊အဓိက ကတော့ ဝန်ထမ်းတွေ နေထိုင်မှုစရိတ် သက်သာစေဖို့ပါ”ဟု ၎င်းက
ပြောဆိုသည်။

ယင်းအပြင် အထပ်မြင့် တိုက်ခန်း ၆၀ဝ ကျော်ကို ဖော်ထုတ်နိုင်မည့် ပေ ၄၀ x ၆၀ မြေကွက် ၁၀ဝ ကွက်တွင်လည်း ပင်စင်စားများအတွက် အရစ်ကျပေးသွင်းစနစ်ဖြင့် တိုက်ခန်းများ ရောင်းချပေးမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဝန်ထမ်းများအတွက် အထပ်မြင့် အငှားတိုက်ခန်း ၃၂၀ ခန်း ပြည်ထောင်စု အစိုးရ ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ပင်စင်စားများအတွက် အထပ်မြင့် တိုက်ခန်း ၆၀ဝ ကျော်ကိုမူ ဆောက်လုပ်ရေး ဘဏ်လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ဝန်ဆောင်မှု ပြုလုပ်မည့် အခြားသော ဘဏ်လုပ်ငန်းများဖြင့် ချိတ်ဆက်ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းစီမံကိန်း ကော်မတီထံမှ သိရသည်။

“ ဝန်ထမ်းတွေအတွက် အငှားအိမ်ရာ စီစဉ်တာမှာ အမှန်တကယ် အခက်အခဲ ရှိနေသူတွေကို စိစစ်ပြီး နေရာချပေးစေချင်ပါတယ်၊ ပြီးခဲ့တဲ့ ဥမ္မာဒန္တီ အငှားအိမ်ရာတုန်းက အပြင်မှာ အိမ်ရှိရဲ့နဲ့ အခန်း လာလျှောက်တယ်၊ မဲနှိုက်တာ ရသွားတယ်၊ ရသွားတဲ့ တိုက်ခန်းကို တစ်ဆင့် မငှားရဘူး ဆိုပေမယ့် လချုပ် နှစ်ချုပ်တွေနဲ့ ပြန်ငှားတာမျိုးတွေ ရှိနေတယ် ”ဟု ပုသိမ်မြို့ရှိ ဥမ္မာဒန္တီ အငှားအိမ်ရာ သာယာရေး ကော်မတီဝင်တစ်ဦးက ဆိုသည်။

ပုသိမ်မြို့တွင် အိုးအိမ်ဦးစီးဌာနမှ တည်ဆောက်သော ဥမ္မာဒန္တီ အငှားအိမ်ရာ တွင် နေအိမ် အခက်အခဲ ရှိနေသော ဝန်ထမ်း၊ ပင်စင်စား၊ ကုမ္ပဏီဝန်ထမ်း၊ ပြင်ပ ပြည်သူများအတွက် တန်ဖိုးသင့် လူနေတိုက်ခန်းများကို ၂၀၁၆ ခုနှစ် စက်တင်ဘာလက စတင် ငှားရမ်းခဲ့ပြီး အထပ်မြင့် လူနေတိုက်ခန်း ၁၂၄ ခန်း အနက် အခန်း ၉၀ ကို ငှားရမ်းနိုင်ခဲ့ပြီး ကျန်တိုက်ခန်း ၃၄ ခန်းမှာ ဆက်လက် တည်ဆောက်နေဆဲဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး အစိုးရရုံးမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service