အာရှငွေပေးချေရေးအဖွဲ့ ဝင်ရောက်ခွင့်ရလဒ် ၂၀၁၈ ၌ ထုတ်ပြန်မည်

အာရှငွေပေးချေရေးအဖွဲ့ ဝင်ရောက်ခွင့်ရလဒ် ၂၀၁၈ ၌ ထုတ်ပြန်မည် - Property News in Myanmar from iMyanmarHouse.com
27 Nov 2017 11:08 am တွင် တင်ခဲ့သည်
4556 ကြိမ် ကြည့်ရှု့ပြီး
အာရှငွေပေးချေရေးအဖွဲ့ (APN) သို့ ဝင်ရောက်ရန် ပြည်တွင်း၌ ဆောင်ရွက်နေသည့် ငွေရေးကြေးရေး ဝန်ဆောင်မှုကဏ္ဍများကို ရှင်းပြခဲ့ပြီးဖြစ်သည့်အတွက် ဝင်ရောက်ခွင့်ရလဒ်ကို ၂၀၁၈ ခုနှစ်အတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း Myanmar Payment Union (MPU) အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။

“ဝင်ခွင့်ရဖို့က တော်တော်လေး အလားအလာ ကောင်းပါတယ်။ လေးနှစ်အတွင်းမှာ နိုင်ငံအဆင့် အဖွဲ့အစည်း တည်ထောင်ခဲ့ပြီး ကတ်တွေ ထုတ်နိုင်တယ်။ တခြားဟာတွေနဲ့ ပတ်သက်ပြီး အားနည်းချက်တွေ ရှိပေမယ့် ဒါတွေက အချိန်ကြာ လာတာနဲ့အမျှ ပြုပြင်နိုင်မှာဖြစ်လို့ ဘာမှ စိုးရိမ်စရာမရှိပါဘူး”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် MPU ကတ်များမှာ ပြည်ပ၌ အသုံးပြု၍ မရသည့်အတွက် နိုင်ငံတကာတွင် ကွန်ရက်ဖြန့်ကြက်ထားသည့် တရုတ်အခြေစိုက် ကတ်ကုမ္ပဏီ UPI နှင့် ဂျပန်နိုင်ငံ အခြေစိုက် ကတ်ကုမ္ပဏီ JCB တို့နှင့် MoU ရေးထိုးထား ပြီး ယင်းကတ်များဖြင့် ငွေထုတ်ခြင်းနှင့် ငွေပေးချေခြင်းများ ဆောင်ရွက်နိုင် ကြောင်း MPU ထံမှ သိရသည်။

“APN နဲ့ ချိတ်ထားရင် အာရှတိုက်တစ်ခွင်မှာ MPU ကတ်ကို သုံးလို့ရမယ်။ ဥရောပဘက်မှာ MPU ကတ်ကို အသုံးပြုနိုင်ဖို့ကိုတော့ Visa တို့၊ Master တို့နဲ့ ဆွေးနွေးနေတယ်”ဟု MPU အဖွဲ့၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးမြသန်းက ပြောဆိုသည်။

လတ်တလောတွင် ATM စက်များနှင့် ATM ကတ်များကို အဆင့်မြှင့်ထားခြင်းများ ဆောင်ရွက်ထားသောကြောင့် လာမည့်နှစ်တွင် စက်အတွင်း ကတ်ညပ်ခြင်းများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ဘဏ်မတူသည့် ကတ်များ အချင်းချင်းလည်း ငွေလွှဲနိုင်မည်ဖြစ်သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service