စစ်ကိုင်းတန်ဖိုးနည်းအိမ်ရာ ယခုနှစ်မကုန်မီ စတင်ငှားရမ်းဖွယ်ရှိဟုဆို

စစ်ကိုင်းတန်ဖိုးနည်းအိမ်ရာ ယခုနှစ်မကုန်မီ စတင်ငှားရမ်းဖွယ်ရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
27 Nov 2017 10:46 am တွင် တင်ခဲ့သည်
4376 ကြိမ် ကြည့်ရှု့ပြီး
စစ်ကိုင်းမြို့တွင် တည် ဆောက်ပြီးဖြစ်သည့် တန်ဖိုးနည်း အငှားအိမ်ရာများကို ယခုနှစ် မကုန်မီ စတင်ငှားရမ်းဖွယ်ရှိကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။

‘‘တန်ဖိုးနည်း အိမ်ရာက အားလုံးပြီးသွားပြီ။ လျှပ်စစ်မီးက ချိတ်ခွင့်မရသေးတဲ့အတွက် မလွှဲ သေးတာ။ ငှားတာက ဒီနှစ်မကုန် လောက်ဘူး။ ၁၂ လပိုင်းထဲဖြစ်ဖို့ များတယ်။ မီးချိတ်ခွင့်ရတာနဲ့ငှား လို့ရပါပြီ’’ဟု ဦးဝင်းနိုင်က ပြော သည်။

လျှပ်စစ်မီးသွယ်တန်းပြီးစီးပါက လျှောက်လွှာစတင်ခေါ်ယူ မည်ဖြစ်ပြီ ဆိုင်ကယ်၊ ကားမရှိ သည့် မပြည့်စုံသူများကို ဦးစား ပေးငှားရမ်းမည်ဟု ၎င်းကပြော သည်။

တန်ဖိုးနည်းအငှားအိမ်ရာ အိမ်ခန်းများကို ပျမ်းမျှတစ်လ လျှင် ကျပ်သုံးသောင်းခန့်ဖြင့် ငှား ရမ်းမည်ဖြစ်ပြီး အခန်းငှားရမ်း လိုသူများအား လျှောက်လွှာခေါ်ယူမည်ဖြစ်ကြောင်း၊ လျှောက်ထားသူများပြားပါက မဲစနစ်ဖြင့် နေရာချထား ငှားရမ်းမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

စစ်ကိုင်းတန်ဖိုးနည်း အငှားအိမ်ရာကို စစ်ကိုင်းမြို့ ဆွမ်းချက် ရပ်ကွက် နွားပွဲဈေးအနီး ၁ ဒသမ ၁ ဧကကျယ်သည့်မြေပေါ်တွင် တည်ဆောက်ထားသည်။ အိမ်ရာသည် ၁၂ ခန်းတွဲလေးထပ် အ ဆောက်အအုံ နှစ်လုံးဖြစ်ပြီး အခန်း ၉၆ ခန်းပါဝင်ကာ ကျပ်သန်း ၄၈၀ ကျော် အကုန်ကျခံ တည် ဆောက်ခဲ့သည်။

အိမ်းခန်းတစ် ခန်းလျှင် ၄၄၁ စတုရန်းပေကျယ်ဝန်းပြီး၊ ရေချိုးခန်း၊ အိမ်သာပါဝင်ကာ ရေ၊ မီးအပြည့်အစုံရရှိမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service