မလေးရှားအိမ်ခြံမြေဈေးကွက်တွင် ဝယ်လိုအားနှင့် ရောင်းလိုအား မျှခြေမညီဖြစ်နေကြောင်း မလေးရှားအာဏာပိုင်တို့ သတိပေး

မလေးရှားအိမ်ခြံမြေဈေးကွက်တွင် ဝယ်လိုအားနှင့် ရောင်းလိုအား မျှခြေမညီဖြစ်နေကြောင်း မလေးရှားအာဏာပိုင်တို့ သတိပေး - Property News in Myanmar from iMyanmarHouse.com
24 Nov 2017 11:18 am တွင် တင်ခဲ့သည်
3143 ကြိမ် ကြည့်ရှု့ပြီး
မလေးရှားနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်တွင် ဝယ်လိုအားနှင့် ရောင်းလိုအား မျှခြေမညီဖြစ်နေကြောင်း မလေးရှားအာဏာပိုင်တို့က သတိပေးလိုက်ကြောင်း ဂျပန်အခြေစိုက် စီးပွားရေးသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အာရှ၏ ဘဏ္ဍာရေးအကျပ်အတည်းကြုံတွေ့နေရစဉ်ကာလအတွင်း ရောင်းမထွက်သည့် နေအိမ်ခန်းပမာဏ မြင့်တက်လာခြင်းမှာ မလေးရှား၏ စီးပွားရေးအတွက် ကြီးမားသည့်အန္တရာယ်တစ်ရပ်ဖြစ်လာနိုင်ကြောင်းလည်း သတိပေးထားသည်။

မလေးရှားအိမ်ခြံမြေဈေးကွက်တွင် ဝယ်လိုအားနှင့် ရောင်းလိုအားမျှခြေမညီခြင်းမှာ လွန်ခဲ့သော ၂၀၁၅ ခုနှစ်အတွင်း စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း နီဂါရာမလေးရှားဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အိမ်ခြံမြေဈေးကွက်သည် အခြားစီးပွားရေးလုပ်ငန်းနယ်ပယ် ၁၂၀ ခန့်နှင့် ချိတ်ဆက်လျက်ရှိသည်ဖြစ်ရာ အိမ်ခြံမြေဈေးကွက် အခြေအနေမကောင်းခြင်းသည် စီးပွားရေးကဏ္ဍကြီးတစ်ရပ်လုံးအပေါ် ကြီးမားသည့်ဆိုးကျိုးများ ရိုက်ခတ်လာနိုင်ကြောင်းလည်း မလေးရှားဗဟိုဘဏ်က သတိပေးထားသည်။

“ကျွန်တော်တို့ ဒါကို အလေးမထားဘူးဆိုရင် အိမ်ခြံမြေဈေးကွက်အတွင်း ရောင်းလိုအားလွန်ကဲနေခြင်းဟာ အခြားစီးပွားရေး ကဏ္ဍတွေအပေါ်ကိုလည်း ထိခိုက်လာနိုင်ပါတယ်” ဟု နီဂါရာမလေးရှားဘဏ် အကြီးအကဲ မူဟာမက် အီဘရာဟင်က ပြောကြားသည်။

အိမ်ခြံမြေကဏ္ဍ စုစုပေါင်းအရောင်းအဝယ်ပမာဏမှာ ယခုနှစ် ပထမ ၆ လတာကာလအတွင်း ၆ ဒသမ ၀ ရာခိုင်နှုန်းကျဆင်းသွား ခဲ့ကြောင်း အမျိုးသားအိမ်ခြံမြေသတင်းအချက်အလက်စင်တာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဆောက်လုပ်ပြီးစီးသွားသော်လည်း ရောင်းမထွက်ဘဲရှိနေသည့် လူနေခန်းပမာဏမှာ ပြီးခဲ့သော ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ယခုနှစ်ပထမ ၆ လအတွင်း ၅၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

ရောင်းမထွက်ဘဲရှိသည့် ရုံးခန်းနေရာမှာ စတုရန်းမီတာ ၃ ဒသမ ၄ သန်းခန့်အထိ ရှိနေသည်။လက်လီအရောင်းဆိုင်နေရာများသည်လည်း စတုရန်းမီတာ ၂ ဒသမ ၇၉ သန်းခန့် လစ်လပ်လျက်ရှိနေသည်။
မလေးရှားသည် ဆောက်လုပ်ရေးကဏ္ဍအပေါ် အဓိက မှီခိုရပ်တည်နေသည်မှာ ကာလကြာမြင့်ခဲ့ပြီဖြစ်သည်။

ဆောက်လုပ်ရေးကဏ္ဍသည် အလုပ်အကိုင်နေရာများစွာကို ဖော်ဆောင်ပေးရုံမက စတီး၊ ဘိလပ်မြေနှင့် အခြားဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများစွာ၏ လုပ်ငန်းနယ်ပယ်များကိုပါ လွှမ်းမိုးမှုရှိရာ စီးပွားရေးနယ်ပယ်အပေါ် များစွာလွှမ်းမိုးထားသည်ဟု ဆိုနိုင်သည်။

လက်ရှိစီမံကိန်းများအရ လာမည့် ၃ နှစ်အတွင်း မလေးရှားတွင် ဈေးဝယ်စင်တာပေါင်း ၁၄၀ နှင့် ရုံးခန်းနေရာ အကျယ်အဝန်း ၃ ဒသမ ၅၃ စတုရန်းမီတာ ထပ်မံပေါ်ပေါက်လာဦးမည်ဖြစ်ရာ စုစုပေါင်းအားဖြင့် စတုရန်းမီတာ ၆ ဒသမ ၀၈ သန်းခန့်အထိ ရောင်းလိုအားရှိနေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မလေးရှားအိမ်ခြံမြေဈေးကွက်တွင် ဝယ်လိုအားနှင့် ရောင်းလိုအား မျှခြေမညီဖြစ်နေကြောင်း မလေးရှားအာဏာပိုင်တို့ သတိပေး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service