ကျောက်ဆည်မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် မလွတ်ကင်းသောမြေယာများအတွက် လျော်ကြေးပေး

ကျောက်ဆည်မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် မလွတ်ကင်းသောမြေယာများအတွက် လျော်ကြေးပေး - Property News in Myanmar from iMyanmarHouse.com
23 Nov 2017 10:32 am တွင် တင်ခဲ့သည်
4813 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် အရှည် ၇ မိုင် ၆ ဖာလုံခန့်ရှိသော မြို့ရှောင် လမ်းဖောက်လုပ်ရာ၌ လမ်းဧရိ ယာနှင့် မလွတ်ကင်းသောမြေယာ များအတွက် လျော်ကြေးငွေပေး အပ်ပွဲကို နိုဝင်ဘာ ၂၂ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးရုံးတွင် ပြုလုပ်ခဲ့သည်။

မြို့ရှောင်လမ်းဖောက်လုပ် ရာတွင် ဒေသခံတောင်သူ ၂၀၀ ကျော်၏ လယ်ယာမြေနှင့်လူနေ အိမ်အချို့လမ်းဧရိယာအတွင်း ပါဝင်နေ၍ လျော်ကြေးငွေကျပ်သိန်းတစ်သောင်းခန့် ပေးအပ်ခဲ့ သည်။

ဥယျာဉ်ခြံမြေတစ်ဧကလျှင် ကျပ်သိန်း ၉၀၊ လယ်မြေတစ်ဧက လျှင် ကျပ်သိန်း ၇၀ နှင့် ၀ါစိုက် ခင်းတစ်ဧကလျှင် ကျပ် ၅၅ သိန်း နှုန်းဖြင့်ပေးလျော်ခြင်းဖြစ်ပြီး စုစု ပေါင်း ကျပ်သိန်း ၉၄၀ ကျော် ပေး အပ်ခြင်းဖြစ်ကြောင်း ကျောက် ဆည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးရဲမင်းထွန်းက ပြောကြားသည်။

‘‘မြို့ထဲက စည်ပင်သာယာ လမ်းတွေက ၁၃ တန်ပဲခံနိုင်တဲ့ လမ်းတွေ၊ တန် ၄၀ လောက်ရှိတဲ့ တွဲကားတွေအများအပြားက စက်မှုဇုန်ကို ၀င်ထွက်သွားလာနေ တော့ လမ်းတွေလည်းပျက်စီး တယ်။ ပိတ်ဆို့မှုတွေလည်းဖြစ် တယ်။ ဒီမြို့ရှောင်လမ်းဖောက် လုပ်ပြီးရင် ကျောက်ဆည်ဆင်ပွဲ လိုဟာမျိုးတွေဆို လမ်းပိတ်ဆို့မှု တွေမဖြစ်ဘဲ ပွဲကျင်းပဖို့ အဆင် ပြေသွားတာပေါ့’’ ဟု ၎င်းကပြော သည်။

လမ်းဧရိယာတွင် ပါဝင် သော လူနေအိမ်များအတွက် ဖြိုဖျက်ခပေးချေကာ မြေအစားထိုး ပေးအပ်မည်ဟု ၎င်းကဆိုသည်။

ကျောက်ဆည်မြို့ရှောင် လမ်းကို မြို့တောင်ဘက်ရှိ ပြေ ပန်းကျေးရွာမှ မြို့မြောက်ဘက်ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးအ နီးသို့ ဖောက်လုပ်မည်ဖြစ်ပြီး ကွန် ကရစ်လမ်း အမျိုးအစားဖြစ် သည်။ ၂၀၁၈ ဇန်န၀ါရီတွင်စတင် ဖောက်လုပ်မည်ဖြစ်ပြီး ၂၀၁၉ မတ်လတွင် စတင်သွားလာနိုင် ကာ ၂၀၁၉နှစ်ကုန်၌ လုပ်ငန်းအားလုံး ပြီးစီးမည်ဖြစ်သည်။

ကျောက်ဆည်စက်မှုဇုန်အ တွင်းသို့ မြို့တွင်းလမ်းများမှတစ် ဆင့် နေ့စဉ်တွဲကားများသွားလာ နေရာ လမ်းပျက်စီးခြင်း၊ လမ်းပိတ်ဆို့ခြင်းနှင့် ယာဉ်အန္တရာယ် များဖြစ်ပေါ်ခြင်းတို့ကြောင့် ဒေသခံများက ဝေဖန်နေသည်။

‘‘မြို့ရှောင်လမ်းမရှိတော့ တွဲကားတွေက မြို့တွင်းလမ်းက သွားတယ်လေ။ မိုးတွင်းဆိုဗွက်တွေနဲ့ နွေရာသီဆိုဖုန်တထောင်း ထောင်းနဲ့။ ဖောက်လုပ်ရင် ဒီ ပြဿနာတွေကင်းသွားမှာပါ’’ ဟု ကျောက်ဆည်မြို့ခံဦးစိုးသီဟက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service