မန္တလေးတောင် အရှေ့ဘက် မဲကင်းကုန်းလယ်မြေတွေ အရောင်းအ၀ယ် သွက်

မန္တလေးတောင် အရှေ့ဘက် မဲကင်းကုန်းလယ်မြေတွေ အရောင်းအ၀ယ် သွက် - Property News in Myanmar from iMyanmarHouse.com
17 Nov 2017 11:25 am တွင် တင်ခဲ့သည်
4899 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတောင် အရှေ့ဘက် မဲကင်းကုန်းကျေးရွာက လယ်မြေကွက်တွေ အခုလပိုင်းအတွင်း အရောင်းအ၀ယ်သွက်နေတယ်လို့ သိရပါတယ်။

အဆိုပါနေရာက ၀န်ထမ်းအိမ်ရာ ဖော်ဆောင်နေတဲ့ နေရာနဲ့လည်းနီးပါတ်ယ။ မန္တလေးကျုံးကိုလည်း ဆိုင်ကယ်နဲ့ ၁၀ မိနစ်ခန့်သာ သွားရတာကြောင့် လမ်းပန်းသာတဲ့အပြင် ဈေးနှုန်းလည်း သင့်တာကြောင့် ၀ယ်ယူကြတာဖြစ်တယ်လို့ သိရပါတယ်။

‘ သိန်း ၁၀၀ အောက် မြေကွက်တွေ အရောင်းအ၀ယ် ပိုသွက်တယ်၊ ၁၀ ပေ×ပေ ၄၀၊ ၁၅ ပေ×ပေ ၄၀ လဲဝယ်ကြတယ်၊ ပုံမှန်အများဆုံးကတော့ ပေ ၂၀× ပေ ၄၀ ၀ယ်ကြတာများတယ် ’ လို့ အိမ်ခြံမြေ အကျိုးဆောင် ကိုစည်သူဇော်က ပြောပါတယ်။

လယ်မြေတွေကို နောက်အရှည်ပေ ၄၀၊ မျက်နှာပွင့် ကြိုက်သလောက်ယူလို့
ရပြီး ၁ ပေ×ပေ ၄၀ ဆိုရင် ၂၅၀,၀၀၀၊ ၂ ပေ×ပေ ၄၀ ဆိုရင် ငါးသိန်း၊ ၁၀ ပေ×ပေ ၄၀ ဆိုရင် ၂၅ သိန်း၊ ၁၅ ပေ×ပေ ၄၀ ဆိုရင် ၃၇ သိန်း ငါးသောင်း၊ ပေ ၂၀×ပေ ၄၀ ဆိုရင် သိန်း ၅၀ စသဖြင့် အစားစားဝယ်ယူလို့ရပါတယ်။

အခြေခံ လူတန်းစားတွေအတွက် ရည်ရွယ်တာကြောင့် ကျသင့်ငွေ သုံးပုံတစ်ပုံကို စရန်အဖြစ်ပေးလို့ရပြီး ကျန်ငွေကို သုံးလဆိုင်း၊ လေးလဆိုင်းအထိ ပေးချေလို့ ရတယ်လို့ သိရပါတယ်။

‘ အငှားနေတဲ့သူတွေ ရေရှည်မှာ မတတ်နိုင်ကြတော့ သူတို့အတွက် အဆင်ပြေတဲ့ ဒီဘက်မှာ ၀ယ်ကြတယ်၊ ပြောရရင် သိန်း ၅၀၊ ၆၀ လောက်နဲ့ မြေကွက်တစ်ကွက် ရတာဆိုတော့ ဒီမှာ မြေကွက်ဝယ်ပြီး အိမ်ဆောက်နေကြတယ် ’ လို့ ကိုစည်သူဇော်က ရှင်းပြပါတယ်။

ပတ်ဝန်းကျင် လူနေအိမ်တွေ လည်း များစွာရှိတဲ့အပြင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဈေးနဲ့လည်း နီးတာကြောင့် ၀ယ်ယူကြတယ်လို့ သိုရပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service