Pirates of the Caribbean သရုပ်ဆောင် ဂျွန်နီဒက်ပ် လော့စ်အိန်ဂျလိ တိုက်ခန်းအားလုံးရောင်းထုတ်နေရာ နောက်ဆုံးကျန်သည့်အခန်း ဝယ်လက်တွေ့ပြီ

Pirates of the Caribbean သရုပ်ဆောင် ဂျွန်နီဒက်ပ် လော့စ်အိန်ဂျလိ တိုက်ခန်းအားလုံးရောင်းထုတ်နေရာ နောက်ဆုံးကျန်သည့်အခန်း ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
17 Nov 2017 11:08 am တွင် တင်ခဲ့သည်
3132 ကြိမ် ကြည့်ရှု့ပြီး
Pirates of the Caribbean သရုပ်ဆောင် ဂျွန်နီဒက်ပ်သည် လော့စ်အိန်ဂျလိမြို့ လယ်ရှိ နာမည်ကျော် Eastern Columbia အဆောက်အအုံကြီးတွင် ကွန်ဒိုခန်း ၅ ခန်းပိုင်ဆိုင်ထားခဲ့ပြီး အားလုံးကို အရောင်းဈေးကွက်တင် ရောင်းထုတ်လျက်ရှိပြီး ယခုနှစ်အစောပိုင်းတွင် အခန်း ၄ ခန်းရောင်းထွက်ခဲ့ကာ ယခုအခါတွင်လည်း နောက်ဆုံးကျန်ရှိသည့်အခန်းအတွက် ဝယ်လက်ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း သြစတေးလျအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယခုရောင်းချလိုက်သည့်အခန်းမှာ အိပ်ခန်းတစ်ခန်းသာ ပါဝင်ပြီး ကန်ဒေါ်လာ ၁ ဒသမ ၄၂၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်သွားကြောင်း ဈေးကွက်တင်သည့်အကျိုးဆောင် ကီဗင်ဒီးစ်က ပြောကြားသည်။

ဂျွန်နီဒက်ပ်သည် လော့စ်အိန်ဂျလိအခန်း ၅ ခန်းလုံး ရောင်းထွက်ရန် တစ်နှစ်ခန့် အချိန်ယူခဲ့ရသည်။ဂျွန်နီဒက်ပ်၏ အခန်း ၅ ခန်းတွင် လေးခန်းမှာ အိပ်ခန်း ၂ ခန်းပါ အခန်းများဖြစ်ပြီး ယခုနောက်ဆုံးရောင်းချလိုက်သည့်တစ်ခန်းမှာ အိပ်ခန်းတစ်ခန်းပါ အခန်းဖြစ်သည်။

အခန်း ၅ ခန်း ရောင်းချခဲ့ရာတွင် ဂျွန်နီဒက်ပ်သည် စုစုပေါင်း ကန်ဒေါ်လာ ၁၀ ဒသမ ၉ သန်းနီးပါး ရရှိခဲ့ကြောင်း ဒီးစ်က ပြောကြားသည်။

Eastern Columbia အဆောက်အအုံကြီးကို ၁၉၃၀ ပြည့်လွန်နှစ်များတွင် အာ့ထ်ဒက်ကို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဂျွန်နီဒက်ပ်က လွန်ခဲ့သောဆယ်စုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။၂၀၀၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အကြား အခန်း ၅ ခန်းကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကန်ဒေါ်လာ ၇ ဒသမ ၂ သန်းခန့် ပေးခဲ့ရသည်ဟု အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတစ်ဦးအနေဖြင့် ကြည့်မည်ဆိုလျှင် ကောင်းစွာမြတ်စွန်းခဲ့သည်ဟု ဆိုနိုင်သည်။ဂျွန်နီဒက်ပ်သည် ပြင်သစ်နေအိမ်ကြီးတစ်လုံးလည်းပိုင်ဆိုင်ခဲ့ဖူးပြီး ကန်ဒေါ်လာ ၃၉ သန်းဖြင့် ဈေးကွက်တင်ထားသည်။

ထို့အပြင် ကင်တပ်ကီရှိ မြင်းမွေးမြူရေးခြံကြီးကိုလည်း ပြီးခဲ့သော စက်တင်ဘာလအတွင်း လေလံတင်ရောင်းချရန် ကြိုးပမ်းခဲ့သော်လည်း ရောင်းမထွက်ခဲ့ဟု ဆိုသည်။

မြင်းခြံလေလံတင်မည့်သတင်းကို iMyanmarHouse.com တွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/657399 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

ဂျွန်နီဒက်ပ်၏ နောက်ဆုံးအခန်းကို ဝယ်ယူသွားသည့် ဝယ်လက်က အဆိုပါအခန်းကို တစ်လလျှင် ကန်ဒေါ်လာ ၅၅၀၀ ဖြင့် အငှားဈေးကွက်ပင် ပြန်တင်ထားပြီးဖြစ်ကာ အရောင်းအဝယ်ဖြစ်စဉ်က ကိုင်တွယ်ခဲ့သည့် အကျိုးဆောင် ကီဗင်ဒီးစ်ကပင် အငှားဈေးကွက်တင်ပေးထားခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Pirates of the Caribbean သရုပ်ဆောင် ဂျွန်နီဒက်ပ် လော့စ်အိန်ဂျလိ တိုက်ခန်းအားလုံးရောင်းထုတ်နေရာ နောက်ဆုံးကျန်သည့်အခန်း ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
Pirates of the Caribbean သရုပ်ဆောင် ဂျွန်နီဒက်ပ် လော့စ်အိန်ဂျလိ တိုက်ခန်းအားလုံးရောင်းထုတ်နေရာ နောက်ဆုံးကျန်သည့်အခန်း ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
Pirates of the Caribbean သရုပ်ဆောင် ဂျွန်နီဒက်ပ် လော့စ်အိန်ဂျလိ တိုက်ခန်းအားလုံးရောင်းထုတ်နေရာ နောက်ဆုံးကျန်သည့်အခန်း ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
Pirates of the Caribbean သရုပ်ဆောင် ဂျွန်နီဒက်ပ် လော့စ်အိန်ဂျလိ တိုက်ခန်းအားလုံးရောင်းထုတ်နေရာ နောက်ဆုံးကျန်သည့်အခန်း ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
Pirates of the Caribbean သရုပ်ဆောင် ဂျွန်နီဒက်ပ် လော့စ်အိန်ဂျလိ တိုက်ခန်းအားလုံးရောင်းထုတ်နေရာ နောက်ဆုံးကျန်သည့်အခန်း ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
Pirates of the Caribbean သရုပ်ဆောင် ဂျွန်နီဒက်ပ် လော့စ်အိန်ဂျလိ တိုက်ခန်းအားလုံးရောင်းထုတ်နေရာ နောက်ဆုံးကျန်သည့်အခန်း ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
Pirates of the Caribbean သရုပ်ဆောင် ဂျွန်နီဒက်ပ် လော့စ်အိန်ဂျလိ တိုက်ခန်းအားလုံးရောင်းထုတ်နေရာ နောက်ဆုံးကျန်သည့်အခန်း ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
Pirates of the Caribbean သရုပ်ဆောင် ဂျွန်နီဒက်ပ် လော့စ်အိန်ဂျလိ တိုက်ခန်းအားလုံးရောင်းထုတ်နေရာ နောက်ဆုံးကျန်သည့်အခန်း ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com
Pirates of the Caribbean သရုပ်ဆောင် ဂျွန်နီဒက်ပ် လော့စ်အိန်ဂျလိ တိုက်ခန်းအားလုံးရောင်းထုတ်နေရာ နောက်ဆုံးကျန်သည့်အခန်း ဝယ်လက်တွေ့ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service