ပြည်ပမှာ အောင်မြင်ရင် ပြည်တွင်းမှာ ထိပ်တန်းဖြစ်ပြီးသာပဲ-ဟွန်ဒါထူထောင်သူ ဆိုအိချိရိုဟွန်ဒါ

ပြည်ပမှာ အောင်မြင်ရင် ပြည်တွင်းမှာ ထိပ်တန်းဖြစ်ပြီးသာပဲ-ဟွန်ဒါထူထောင်သူ ဆိုအိချိရိုဟွန်ဒါ - Property Knowledge in Myanmar from iMyanmarHouse.com
9 Aug 2017 12:12 pm တွင် တင်ခဲ့သည်
1239 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

‘ ဟွန်ဒါဟေ့ ‘ ဆိုရင် ကားတွေရော စူပါကက်ဆိုင်ကယ်တွေပါ မြန်မာတွေရဲ့ မျက်လုံးထဲမှာ ပြေးမြင်လာစမြဲပါ ။ဟွန်ဒါကားတွေဟာ အမေရိကန်အပါအဝင် တစ်ကမ္ဘာလုံးကို ပထမဆုံးထိုးဖောက်နိုင်ခဲ့တဲ့ ဂျပန်ကားတွေဖြစ်သလို စူပါကတ် ဆိုင်ကယ်တွေဟာလည်း သမိုင်းမှာ ထုတ်လုပ်ရောင်းချမှုအများဆုံးဆိုင်ကယ် တွေဖြစ်ပါတယ် ။အမေရိကန်မှာ စူပါကက်ရဲ့ ကြော်ငြာဖြစ်တဲ့ ‘ ဟွန်ဒါပေါ်မှာ သဘောအကောင်းဆုံးလူနဲ့ တွေ့တယ် ‘ ဆိုတဲ့ စကားဟာ ဟွန်ဒါဘရန်ကို အကြီးအကျယ်အားပေးထောက်ပံနိုင်ခဲ့ပြီး အမေရိကန်တွေရဲ့ ဆိုင်ကယ်အမြင်အပေါ်လည်း သြဇာညောင်းခဲ့ပါတယ်။ သည်လိုကြီးမာခိုင်ခံ့တဲ့ဘရန်းတစ်ခုကို ထူထောင်ခဲ့သူကတော့ ဂျပန်လူမျိုးဆိုအိချိရိုဟွန်ဒါ ဖြစ်ပါတယ်။

ဆိုအိချိဟွန်ဒါကို ၁၉၆၀ ခုနှစ် ၊ နိုဝင်ဘာလ ၁၇ မှာ မွေးပါတယ်။ ၁၉၄၆ မှာ ထူထောင်တဲ့ ကုမ္ပဏီမှာ သူဟာ ပင်စင်ယူချိန် ၁၉၇၄ ခုနှစ်အထိဥက္ကဌ အဖြစ် တာဝန်ယူခဲ့ပါတယ်။

သူဟာ ပန်းပဲဆရာဖခင်နဲ့ ရက်ကန်းရက်လုပ်တဲ့မိခင်တို့ရဲ့ အကြီးဆုံးသားပါ။ သူ့ အသက်ရှစ်နှစ်သားမှာ မြင်ခဲ့ရတဲ့ ပထမဆုံးကားကြောင့် အံ့သြဘနန်းဖြစ်ခဲ့ရပြီး ကားရဲ့ ဆီနံ့ကို ဘယ်တော့မှ မမေ့နိုင်တော့ဘူးလို့ သူ့အတ္ထုပ္ပတ္တိထဲမှာ ပြောခဲ့ပါတယ်။

သူဟာ ဟွန်ဒိုကို မထူထောင်ခင် ၁၉၃၇ ခုနှစ်မှာ ပစ္စတင်ကွင်းတွေကို ထုတ်လုပ်ပြီး တိုယိုတာကို သွင်းခဲ့ပါသေးတယ်။တိုကိုင်းဆဲကိအမည်နဲ့ ကုမ္ပဏီဟာ စစချင်းမှာ နည်းပညာအခက်ခဲတွေနဲ့ ရင်ဆိုင်ရလို့ ကွင်း ၅၀ ထုတ်လုပ်ရင် စံမီတဲ့ ကွင်းသုံးကွင်းပဲရတယ် ။ဒါပေမဲ့ သူ့ရဲ့ အပတ်တကုတ်လေ့လာကြိုးစားမှုကြောင့် နောက်နှစ်ကြာတဲ့အခါ ကွင်းအများအပြားထုတ်လုပ်နိုင်တဲ့ အဆင့်ရောက်ပြီး ကုမ္ပဏီအတိုးတက်ဆုံးအချိန်မှာ ဝန်ထမ်း ၂၀၀၀ ကိုတောင် ခန့်ထားနိုင်ပါတယ်။

သူဟာ ၁၉၉၁ သြဂုတ် ၅ ရက်နေ့မှာ အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့အတွက် သည်ဆောင်းပါးဖော်ပြခံရတဲ့နေ့ဟာ သူကွယ်လွန်တဲ့ ၂၆ နှစ်မြောက် နှစ်ပတ်လည်ပြီးနောက်တစ်ရက်ဖြစ်ပါလိမ့်မယ်။ သူနဲ ပတ်သက်ပြီး လူသိနည်းတဲ့အချက်တွေကို ဖော်ပြရရင်

၁။ သူဟာ စာကို ကျောင်းမှာ အသေအချာမသင်ခဲ့ရဘဲ တိုကျိုမှာရှိတဲ့ ကားဝပ်ရှော့တစ်ခုမှာ အသက် ၁၅ နှစ်ကတည်းက ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

၂။ သူဟာ ဂျပန်ထုံးစံအတိုင်း သူ့သားကိုသူ့လုပ်ငန်းမှာ အောက်ခြေအရာရှိအဖြစ်လုပ်ခိုင်းတာမျိုး၊ ကုမ္ပဏီကို ဆက်ခံခိုင်းတာမျိုး မလုပ်ခိုင်းခဲ့ပါဘူး ၊ သူနဲ့သူ့ သူငယ်ချင်း ဖူဂျိဆာဝါတို့ဟာ သူတို့သားအရင်းတွေကို ကုမ္ပဏီထဲ အတင်းအကျပ်မဝင်ခိုင်းဖို့ သဘောတူညီချက်တောင်လုပ်ထားပါသေးတယ် ။သူဟာ ဟီရိုတိုရှိဟွန်းဒါဟာ မူဂန်ပြိုင်ကားလုပ်ငန်းကို ထူထောင်သူနဲ့ စီအီးအိုဖြစ်လာခဲ့ပါတယ်။

၃ ။သူဟာ သူ့ရဲ့ပထမဆုံးပြိုင်ကားကို လေယာဉ်အင်ဂျင်အဟောင်းနဲ့ တည်ဆောက်ခဲ့ပါတယ်။

၎။ ၁၉၃၆ မှာ လုပ်တဲ့ ဂျပန်တစ်ဝန်း ပြိုင်ကားမောင်းပြိုင်ပွဲမှာ သူဟာ တစ်နာရီ ၇၈ မိုင်နှုန်းနဲ့ စံချိန်တင် မောင်းနှင်ခဲ့ပါတယ်။

၅။ သူ့အသက် ၃၀ မှာတော့ ဆိုးရွာတဲ့ ယာဉ်တိုက်မှုဖြစ်ပြီး ပြိုင်ကားမောင်းတာကို စွန့်လွှတ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဟွန်ဒါကား မော်ဒယ်လ်အသစ်အားလုံးကို အသက် ၆၅ ခုနစ်အထိ ကိုယ်တိုင်မောင်းနှင်းစမ်းသပ်တုန်းပါပဲ။

၆။ သူ့ကို အင်ဂျင်ငယ်တွေ ထီထွင်မှုအတွက် အမေရိကန်စက်မှုအင်ဂျင်နီယာမှားအဖွဲ့အစည်းက ၁၉၈၀ မှာ Holley Medal ဆုချီးမြှင့်ခဲ့ပါတယ်။

၇။ ၁၉၄၉ မှာ သူဟာ အိပ်မက်လို့ အမည်ပေးထားတဲ့ ပထမဆုံးဆိုင်ကယ်ကို မိတ်ဆက်ခဲ့ပါတယ်။

၈။ သူဟာ ကားဈေးကွက်ထဲကို ၁၉၅၇ မှာ စတင်ဝင်ရောက်ပါတယ်။

၉ ။ဟွန်ဒါရဲ့ အောင်မြင်တဲ့ Civic မော်ဒယ်လ်ဟာ ၁၉၇၂ ခုနှစ်မှာ CCVC အင်ဂျင်နဲ့ ထွက်လာပါတယ်။ သည်ကားဟာ မီးခိုးသတ် ဓာတ်ငွေ့ပြောင်းမပါဝင်ဘဲ အမေရိကန်ပတ်ဝန်းကျင် မညစ်ညမ်းရေ စံချိန် စံညွန်းတွေနဲ့ ကိုက်ညီတဲ့ ပထမဆုံး ကားဖြစ်ပါတယ်။

၁၀ ။ သူဟာကားတွေနဲ ဆိုင်ကယ်တွေအပြိုင်အဆိုင်မောင်းနှင်ရတာကို စွဲလမ်းပါတယ်။

၁၁ ။ ဒုတိယ ကမ္ဘာစစ်မှာတော့ ပစ္စတင်ကွင်းတွေထုတ်လုပ်တဲ့ သူ့ရဲ့ တိုကိုင်းဆဲကိ စက်ရုံဗုံးကြဲခံခဲ့ရပါတယ်။ ဒါတင်မက ၁၉၄၅ မီကာဝါငလျင်ကြီးမှာလည်း သူ့ရဲ့ အိုင်တာဝါစက်ရုံ ပြိုလဲပျက်စီးခဲ့ပါတယ်။

သည်လိုအခက်အခဲအများကြီးကြုံခဲ့ရပေမဲ့ ဟွန်ဒို လုပ်ငန်းဟာ ကမ္ဘာမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ဆဲ့ဖြစ်ပါတယ် ။ထူထောင်သူကြီး ဟွန်ဒါကိုယ်တိုင်က သူ့လုပ်ငန်းကို ပြည်တွင်မှာ နာမည်ကျော်ကြားဖို့ မလုပ်ခဲ့ပါဘူး။အမျိုးသာရေးဝါဒ အမြင့်ဆုံးအချိန်မှာတောင် သူကခေတ်မှီမှီ ကမ္ဘာကြည့် ကြည့်မြင်နိုင်စွမ်းရှိခဲ့ပါတယ်။ ‘ တကယ်လို့ ကျွန်တော်သာ ကမ္ဘာ့ဈေးကွက်မှာ အောင်မြင်ရင် ဂျပန်ဈေးကွက်မှာလဲ ကျွန်တော်တို့အလိုလိုဦးဆောင်ပြီးသားပဲ ‘ လို့ သူက ပြောခဲ့ပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service