ဆုမတောင်းဘဲ ကြိုးစားခဲ့သူ

ဆုမတောင်းဘဲ ကြိုးစားခဲ့သူ - Property Knowledge in Myanmar from iMyanmarHouse.com
2 Aug 2017 11:48 am တွင် တင်ခဲ့သည်
1444 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

“လုပ်ငန်းလုပ်ရင် ဆုတောင်းသူမဖြစ်စေနဲ့”

ပေါလ်တပ်စ်တင် (Paul Tustain) သည် BullionVault ဆိုသည့် ကုမ္ပဏီကို ထူထောင်ထားသူဖြစ်သည်။ သူ့လုပ်ငန်းမှာ အွန်လိုင်းကတစ်ဆင့် ရွှေချောင်း၊ ငွေချောင်းနှင့် ပလက်တီနမ်များကို ရောင်းချခြင်းဖြစ်သည်။ သူက ရွှေငွေရောင်းချလိုသူများကို အွန်လိုင်းကတစ်ဆင့် ရောင်းချ အကျိုးဆောင်ပေးသည့် လုပ်ငန်းကို လုပ်ဆောင်သူလည်းဖြစ်သည်။

အွန်လိုင်းကတစ်ဆင့် ရွှေငွေရောင်းချခြင်း လုပ်ငန်းကို လုပ်ဆောင်ရာတွင် သူသည် “Betfair” ဆိုသည့် နည်းပညာကို အသုံးပြုသည်။ နည်းပညာဖြင့် ရောင်းလိုသူ ဝယ်လိုသူများကို တိုက်ရိုက် ဆက်သွယ်ပေးကာ အွန်လိုင်းကသာ အရောင်းအဝယ် လုပ်ဆောင်နိုင်ရန် ဝန်ဆောင်ပေးခြင်းဖြစ်သည်။

BullionVault ကုမ္ပဏီအနေနှင့် အရောင်းအဝယ် လုပ်ပြီးလျှင် ကော်မရှင်အနေနှင့် ဝ.၈% သာ ယူလေ့ရှိသည်။ ကော်မရှင်ယူသည့် ပမာဏမှာ များလှသည်ဟု မဆိုသာသော်လည်း သူ၏ အဆက်အသွယ်များ ကောင်းမှုကြောင့် တစ်လသူ၏ ကော်မရှင်ခရငွေမှာ စတာလင်ပေါင် ၂ သန်းကျော်ရှိကြောင်း သိရသည်။ သို့သော် သူ့တွင် ရှိသည့်ဝန်ထမ်းက ၈ ဦးသာဖြစ်သည်။

သူ့လုပ်ငန်းအားလုံးက ကွန်ပျူတာနှင့်သာ လုပ်ဆောင်သည်။ ငွေအများကြီး ရှာနိုင်သည့် လုပ်ငန်းဆိုသော်လည်း သူ့ရုံးခန်းထဲတွင် ဝန်ထမ်းကတစ်ယောက်မှမရှိ။ သို့သော် သူ့ဝန်ထမ်းတွေက တစ်ကမ္ဘာလုံးတွင် ရှိနေသည်။ တစ်ပတ် ၇ ရက် လုပ်သည်။ တစ်နေ့လုံး၊ တစ်ညလုံး အလုပ် လုပ်နေကြသည်။ သို့သော် သူ့ရုံးခန်းထဲတွင် ဝန်ထမ်းရှိချင်မှရှိသည်။

တပ်စ်တင်သည် Betfair ဆိုသည့် ကွန်ပျူတာ ပရိုဂရမ်ကြီး တစ်ခုလုံးကို နောက်ကွယ်က ထိန်းချုပ်ထားပြီး လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်သည်။ နောက်ပိုင်းသူက အခြား ကုမ္ပဏီတစ်ခုကို ထူထောင်ပြန်သည်။ ထိုကုမ္ပဏီသည် ဆော့ဖ်ဝဲရေးသည့် ကုမ္ပဏီဖြစ်ပြီး ဗြိတိန်နှင့် နိုင်ငံတကာမှ ရှယ်ယာရှင်များကို အချိန်နှင့်တစ်ပြေးညီ သိလိုသည်များကို ဖြေရှင်းပေးနေသည်။တစ်နည်းအားဖြင့် ဗြိတိန်အစိုးရ၏ စာချုပ်များ၊ အခြားလုပ်ငန်းကြီးများ၏ ရှယ်ယာများ အရောင်းအဝယ်တို့ကိုလည်း သူက အကျိုးဆောင်ပေးနေသည်။

BullionVault ကို တပ်စ်တင်သည် ၂၀ဝ၅ ခုနှစ်ကတည်းက စတင် ထူထောင်ထားခြင်းဖြစ်သည်။ သူ့တွင်ရှိသော ရွှေချောင်း သုံးချောင်း၊ ငွေသား အနည်းငယ်ဖြင့် မိဘလုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်ရင်းက ကြီးပွားအောင်မြင်လာခဲ့ရသူ ဖြစ်သည်။

သူကိုင်တွယ်လုပ်ဆောင်ရသည့် လုပ်ငန်းကြီးမှာ ပေါ့သေးသေးမဟုတ်။ ဘဏ်များနှင့်လည်း ချိတ်ဆက်ရသည်။ အစိုးရနှင့်လည်း ယုံကြည်မှုများ တည်ဆောက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူကိုင်တွယ်ကစားနေရသည်မှာ “ရွှေ” ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။

သူပထမဆုံး တည်ထောင်လိုက်သည့် Website မှာ www.galmarley.com ဖြစ်သည်။ ထို Website မှာ ပညာရေးအတွက် ပညာပေးရန်ဖြစ်သည်။ ရွှေနှင့် ငွေသမိုင်းများ၊ ခေတ်သစ် ရွှေနှင့်ငွေ အသုံးပြုမှုများ၊ ကမ္ဘာတစ်ဝန်းလုံးတွင် ရွှေကို ကုန်သွယ်နေကြသည့် သမိုင်းများကို သူက ရေးသားပြီး Website ပေါ် တင်ထားပေးသည်။ ဤသို့သော အနေအထားမှ ရွှေဝယ်ယူရောင်းချရေး ဈေးကွက်လိုင်းပေါ် ရောက်သွားခဲ့ရခြင်း ဖြစ်သည်။

၂၀ဝ၅ ခုနှစ် မတ်လက တပ်စ်တင်သည် သူ့လုပ်ငန်းကို စတာလင်ပေါင် ၂ သန်းဖြင့် မတည်ကာ ထူထောင်နိုင်ခဲ့သည်။ ရွှေကို အချောင်းများ၊ အတုံးများ ပြုလုပ်ထားပြီး ရောင်းဝယ်ရေးဆိုသည့် လုပ်ငန်းမှာ အွန်လိုင်းပေါ်တွင် ထိုစဉ်က စိတ်ပင်မကူးမိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

ရွှေကို လှောင်ချင်သူ၊ ဈေးကစားချင်သူတိုင်းအတွက် ကြားခံတစ်နေရာ ရှိမှဖြစ်မည်ကို တပ်စ်တင်က သိမြင်လာသည်။ သူ့အိမ်က တားမြစ် ကန့်ကွက်နေသည့်ကြားက သူသည် အွန်လိုင်း ရွှေချောင်း၊ ငွေချောင်း ရောင်းချရေး လုပ်ငန်းကို မရမက စတင် လုပ်ဆောင်ခဲ့သည်။ ယနေ့ဆိုလျှင် သူ့ဖောက်သည်တွေက နိုင်ငံပေါင်း ၈၅ နိုင်ငံတွင် ရှိနေသည်။ ရွှေချောင်း တစ်ချောင်းလျှင် ဒေါ်လာ ၅၀ဝ တန်အထိ သိမ်းဆည်းပေးထားပြီး အရောင်းအဝယ်များ လုပ်ပေးနေသည်။

တပ်စ်တင်၏ လုပ်ငန်းသည် အဘယ်ကြောင့် အောင်မြင်ခဲ့ရပါသနည်း။ သူပြောသည်ကတော့ ရှင်းသည်။

“ဘယ်သူမှ ဒီဝန်ဆောင်မှုမျိုးကို မလုပ်နိုင်ကြဘူးလေ”

သူအောင်မြင်ရသည့် အကြောင်းတရားထဲတွင် ကွန်ပျူတာ ဆော့ဖ်ဝဲနှင့် နိုင်အောင် ထိန်းချုပ်လုပ်ကိုင်နိုင်ခြင်းကလည်း ပါဝင်သည်။ ကွန်ပျူတာနှင့် အွန်လိုင်းကတစ်ဆင့် အရောင်းအဝယ် လုပ်နေသည်ဆိုခြင်းမှာ ရွှေလုပ်ငန်းကဲ့သို့ အရောင်းအဝယ်ကိစ္စတွင် မည်သူမျှ စိတ်ကူးယဉ်ခဲ့ရန်ပင် အကြောင်းမရှိပေ။ ဤလုပ်ငန်းသည် ယုံကြည်မှုတစ်ခုတည်းနှင့် လေရောင်း လေဝယ်လုပ်၍မရ။ တန်ဖိုးကို ကြိုတင်သွင်းရသည်များ၊ ကြိုတင်သွင်းထားသည်များ မှန်၊ မမှန်တို့ကို ဆော့ဖ်ဝဲ၏ အထောက်အကူမပါဘဲ လုံးဝ စစ်ဆေးရန်လည်း မဖြစ်နိုင်ပေ။

ဤကဲ့သို့သော လုပ်ငန်းမျိုးကို လုပ်ဆောင်ရန် ဆိုသည်မှာ တော်ရုံကျွမ်းကျင်မှုမျိုးနှင့်လည်း မဖြစ်နိုင်ပေ။ သူအဘယ်ကြောင့် အောင်မြင်ခဲ့ရကြောင်းကို တပ်စ်တင်က ပြောရာတွင် ရောင်းလိုအားနှင့် ဝယ်လိုအားကိုကြားမှ အင်တာနက် နည်းပညာကို အသုံးပြုပြီး ထိန်းညှိပေးလိုက်ရုံသာ ဖြစ်သည်ဟုဆိုသည်။ သို့သော် အပြောလွယ်သလောက် အလုပ်ခက်သည်။

“ကျွန်တော့်အတွက် အခက်ဆုံးကတော့ ဈေးကွက်ကို ချဲ့ရတာပဲ။ ဥပမာ - အမေရိကန် ပြည်ထောင်စုလို နေရာမျိုးမှာ ရွှေချောင်း အမှာမျိုးကို ရဖို့ခက်တယ်။ ဒါကြောင့် ဈေးကွက်သစ်တစ်ခုကို သိမ်းပိုက်ချင်ရင် ဖြည်းဖြည်းမှန်မှန်နဲ့ စိတ်ရှည်ဖို့ လိုတယ်။ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်သွားရင်တော့ အမေရိကလည်း လုပ်ဆောင်ဖို့ မခက်တော့ပါဘူး”

သူကဆက်ပြီး -

“လူတွေက အလုပ် လုပ်ရင် ဆုတောင်းနေကြတာ များတယ်။ သူတို့မှာ စိတ်ကူးကောင်းတွေ ရှိကောင်း ရှိမယ်။ ဒါပေမဲ့ တစ်ခုခုကို ဆုတောင်းပြီးတော့ အားထုတ်ချင်စိတ်ကို ရပ်လိုက်တာဆိုးတယ်။ တစ်ခုခုထဲကို ဝင်ဖို့ အခက်အခဲ ဆိုတာဘာ၊ ဘာကြောင့် မဝင်နိုင်သေးတာလဲ ဆိုတာတွေကိုသိရင် ကျွန်တော်တို့မှာ ဘာပြဿနာမှ မရှိတော့ဘူး”

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service