ရှန်ဟိုင်းအိမ်သစ်ရောင်းအား ပြီးခဲ့သည့်သီတင်းပတ်များအနက် အမြင့်ဆုံးဖြစ်ခဲ့

ရှန်ဟိုင်းအိမ်သစ်ရောင်းအား ပြီးခဲ့သည့်သီတင်းပတ်များအနက် အမြင့်ဆုံးဖြစ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
22 Mar 2017 11:34 am တွင် တင်ခဲ့သည်
783 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း အိမ်သစ်ရောင်းအားသည်ယခုနှစ်၏ ကုန်လွန်ခဲ့သော သီတင်းပတ်များအားလုံးအနက် အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊
သို့သော် ပျမ်းမျှဈေးနှုန်းကမူ အခြေခံအားဖြင့် မပြောင်းမလဲတည်ငြိမ်နေခဲ့ကြောင်း ယခုနောက်ဆုံး
ထွက်ရှိလာသည့် ဈေးကွက်အချက်အလက်များအရ သိရသည်။

အစိုးရမတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ ပြီးခဲ့သည့်တနင်္ဂနွေ
(မတ် ၁၉) တွင် ကုန်ဆုံးခဲ့သော ပြီးခဲ့သည့်သီတင်းပတ်တွင် အိမ်သစ်ရောင်းချရမှုဧရိယာသည်
၁၆၃,၀၀၀ စတုရန်းမီတာရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်ကထက်
၃၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai
Centaline Property Consultants Co က တမြန်နေ့ (မတ် ၂၀)
တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

မြို့စွန်ခရိုင်တစ်ခုဖြစ်သော ကျားသင်းခရိုင်တွင် အိမ်သစ်ဧရိယာ
၃ သောင်း ၉ ထောင် စတုရန်းမီတာ ရောင်းချခဲ့ရပြီး ရောင်းအားအကောင်းဆုံးခရိုင်ဖြစ်ခဲ့သည်။

ချင်ပူခရိုင်နှင့် ဆုန့်ကျန်းခရိုင်တို့က ၂ သောင်းခန့်စီဖြင့် ဒုတိယနှင့် တတိယရောင်းအား
အကောင်းဆုံးဖြစ်ခဲ့ကြောင်း Centaline ၏ အချက်အလက်များက ဖော်ပြနေသည်။

"ဒါဟာ ဒီနှစ်ထဲ ကျွန်တော်တို့ တွေ့ဖူးတဲ့ ပထမဆုံးသိသိသာသာပြန်လည်နာလန်ထူလာ
မှုပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပျမ်းမျှစံနှုန်း ၂ သိန်း စတုရန်းမီတာ
ကို မှီဖို့တော့ အတော်လေးလိုပါသေးတယ်" ဟု Centaline မှ အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။

"နောက်ထပ်တစ်ပတ်ပတ်မှာ မှီလာနိုင်တယ် မနိုင်ဘူးဆိုတာကို ခန့်မှန်းဖို့က ခက်ပါတယ်" ဟုလည်း သူက ပြောကြားခဲ့သေးသည်။
ထိုပြီးခဲ့သည့်သီတင်းပတ်အတွင်း ရောင်းချခဲ့ရသည့် အိမ်သစ်များ၏ ပျမ်းမျှဈေးနှုန်းသည်၁ စတုရန်းမီတာလျှင် ၄၅,၈၈၁ ယွမ်
(အမေရိကန်ဒေါ်လာ ၆,၆၄၅) ရှိခဲ့ပြီး ယင်းမတိုင်မီ
သီတင်းပတ်ထက် ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ တန်ဖိုးအလယ်အလတ်မှ အနိမ့်စားစီမံကိန်းများကသာ ဈေးကွက်အား လွှမ်းမိုးခဲ့ဆဲဖြစ်ခဲ့သည်။

ရေပန်းအစားခဲ့ဆုံးစီမံကိန်း ၁၀ ခုအနက် ၂ ခုမှ အိမ်ခန်းများသည် ၁ စတုရန်းမီတာလျှင်
ပျမ်းမျှ ယွမ် ၅ သောင်းကျော် ဈေးနှုန်းရှိခဲ့ပြီး ကျန် ၈ ခုမှ အိမ်ခန်းများသည် ယွမ် ၃ သောင်း ၁ ထောင်မှ ၄ သောင်း ၆ ထောင်အကြား ရှိခဲ့သည်။
ကျားသင်းစီမံကိန်းတစ်ခုက တိုက်ခန်းပေါင်း ၃၂၀ ရောင်းချခဲ့ရပြီး ၁ စတုရန်းမီတာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၃၁,၂၁၉ ယွမ် ရှိခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်၏ အိမ်သစ်ဈေးကွက်တွင် ရောင်းလိုအားသည်လည်း စတုရန်းမီတာ၁ သိန်း ဈေးကွက်ထဲရောက်ရှိလာခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်ထက် ၄၈ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံ
ဆောက်လုပ်ရောင်းချသူ) များအကြား စီမံကိန်းများအား ဈေးကွက်ထဲထုတ်၍ မိတ်ဆက်ရောင်းချလိုစိတ် မြင့်တက်လာသည်ကို မီးမောင်းထိုးပြခဲ့ခြင်းဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
shwe-hninsi
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service