နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
3 May 2024 3:03 pm တွင် တင်ခဲ့သည်
5419 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဈေးသက်သာသည့် နေအိမ်တစ်လုံး ရှာဖွေနေပါသလား။
ယင်းသို့ဆိုလျှင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ် Syracuse မြို့တွင် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ စံအိမ်ကြီးတစ်လုံး သင့်အတွက်ရှိနေသည်။
မယုံနိုင်ဖွယ် ဈေးနှုန်းဖြစ်သော ဒေါ်လာ ၄၀၀၀ မျှဖြင့် ရရှိနိုင်မည် ဖြစ်သည်။
သို့သော် ထိုသို့ ဈေးနှုန်းနည်းပါးရခြင်းတွင် အကြောင်းတစ်ခု ရှိနေသည်။
သမိုင်းဝင်စံအိမ်တွင် သံဖြူဖြင့် ပြုလုပ်ထားသော မျက်နှာကြက်များ၊ မီးလင်းဖိုများအပြင် ရှေးဟောင်း ဒေါက် ၄ ချောင်းပါ ရေစိမ်ကန်တစ်ခုလည်း ပါဝင်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။
ဤစံအိမ်ကို ဝယ်ယူကာ ပြုပြင်မွမ်းမံမှု လုပ်လိုသည်ဆိုပါက သိထားရမည့် အချက်များ ရှိနေသည်။
စံအိမ်မှာ ရေဝင်မှုကြောင့် ထိခိုက်ပျက်စီးမှု များစွာ ရှိနေပြီး ပြန်လည်ပြုပြင်မွမ်းမံပါက ဒေါ်လာ ၁၃၆,၀၀၀ ခန့် ကုန်ကျဖွယ်ရာ ရှိသည်။
(အိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၂၆၀၀ ကျော်ရှိသည်။ ဓာတ်ပုံ-Greater Syracuse Land Bank)
ထိုမျှမကသေး။
ဝယ်ယူမည့်သူအနေဖြင့် နေအိမ်မွမ်းမံရန် ဒေါ်လာ ၁၄၀,၀၀၀ ရှိကြောင်း သက်သေပြရမည်ဟု ဆိုသည်။
အင်စတာဂရမ်တွင် SyracuseHistory အကောင့်မှတင်လာသော ဗွီဒီယိုဖိုင်တစ်ခုအရ Syracuse မြို့၊ Merriman Ave လမ်း၊ အမှတ် ၁၀၆ တွင် တည်ရှိသော ဤစံအိမ်သည် ထိခိုက်ပျက်စီးမှုများရှိနေသော်လည်း အလားအလားကောင်းများစွာရှိကြောင်း ဖော်ပြထားသည်။
ဝိတိုရိယဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၂ ခန်း ပါဝင်သည်။
၁၈၉၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သောစံအိမ်ဖြစ်ပြီး ခြံနောက်ဘက်တွင် စည်းရိုးခတ် ခြံဝန်းရှိသည်။
လက်ရှိအားဖြင့် မိသားစု ၂ စုနေထိုင်နိုင်သောအိမ်ဝန်းဖြစ်သော်လည်း မိသားစုတစ်စုနေသောအိမ်အဖြစ် ပြောင်းလဲနိုင်သည်။
မူရင်းလက်ရာများဖြစ်သော မီးလင်းဖိုအပေါ်ဘောင်တန်းများ၊ မျက်နှာကြက်အခုံးများနှင့် နံရံကပ်စက္ကူများမှာ မူရင်းအတိုင်း ရှိသေးသည်။
အိမ်ရှေ့ခြံဝန်းအတွင်း ယာဉ်မောင်းလမ်းနှင့် ကားဂိုဒေါင်တစ်ခုလည်း ပါဝင်သည်။
နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းအတွင်း ဤအိမ်ကြီးတွင် မိသားစုပေါင်းများစွာ နေထိုင်ခဲ့ကြပြီး နောက်ဆုံး နေထိုင်ခဲ့သူမှာ Arthur Grummons အမည်ရှိ အမျိုးသားတစ်ဦး ဖြစ်သည်။
(ညစာစားနေရာ။ ဓာတ်ပုံ-Greater Syracuse Land Bank)
(နေအိမ်ခေါ်ဈေးမှာ ဒေါ်လာ ၄၀၀၀ ဖြစ်သော်လည်း ပြုပြင်မွမ်းမံရာတွင် ဒေါ်လာသိန်းချီ ကုန်ကျမည် ဖြစ်သည်။ ဓာတ်ပုံ-Greater Syracuse Land Bank)
(သမိုင်းဝင်စံအိမ်ကြီးမှာ နှစ်ပေါင်းများစွာကာလအတွင်း ရေကြောင့် ထိခိုက်ပျက်စီးနေမှုများ ရှိသည်။ ဓာတ်ပုံ-Greater Syracuse Land Bank)
Arthur Grummons သည် နယူးယောက်ပြည်နယ် Cortland မြို့မှဖြစ်ပြီး ဤအိမ်တွင် တသက်တာလုံး နေထိုင်သွားခဲ့သည်။
ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး Grummons Service ကို တည်ထောင်ထားသည်။
(ဧည့်ခန်း။ ဓာတ်ပုံ-Greater Syracuse Land Bank)
(သစ်ကို အသုံးပြုကာ ဆောက်လုပ်ထားသော လှေကား။ ဓာတ်ပုံ-Greater Syracuse Land Bank)
(ခြံဝန်းအတွင်း ဂိုဒေါင်တစ်ခု ပါဝင်သည်။ ဓာတ်ပုံ-Greater Syracuse Land Bank)
(ခြံစည်းကာရံထားသော အိမ်နောက်ဘက်ကွက်လပ်။ ဓာတ်ပုံ-Greater Syracuse Land Bank)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Historic New York home lists for just $4,000 — if you can renovate it yourself (nypost)
Photo Credit: Greater Syracuse Land Bank
[Zawgyi]
ထိုမျှမကသေး။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service