သြစတေးလျတွင် မလေးရှား၊ တရုတ်၊ အိန္ဒိယနိုင်ငံသားများ ဝယ်ယူထားသည့် နေအိမ် ၁၅ လုံးကို အစိုးရက ဖိအားပေးကာ ပြန်လည်ရောင်းချခိုင်းခဲ့

သြစတေးလျတွင် မလေးရှား၊ တရုတ်၊ အိန္ဒိယနိုင်ငံသားများ ဝယ်ယူထားသည့် နေအိမ် ၁၅ လုံးကို အစိုးရက ဖိအားပေးကာ ပြန်လည်ရောင်းချခိုင်းခဲ့ - Property News in Myanmar from iMyanmarHouse.com
9 Feb 2017 11:43 am တွင် တင်ခဲ့သည်
1166 ကြိမ် ကြည့်ရှု့ပြီး
သြစတေးလျနိုင်ငံတွင် မလေးရှား၊ တရုတ်နှင့် အိန္ဒိယတို့အပါအဝင် နိုင်ငံခြားဝယ်လက်တို့က တရားမဝင် ဝယ်ယူထားသည့် နေအိမ် ၁၅ လုံးကို ဖိအားပေးကာ ပြန်လည်ရောင်းချခိုင်းခဲ့ကြောင်း မလေးရှားအခြေစိုက် အိမ်ခြံမြေဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

သြစတေးလျတွင် ယခင်ကမူ ပြည်ပရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းများကို တင်းကျပ်စွာကိုင်တွယ်ခြင်း မရှိချေ။
သို့ရာတွင် ပြည်ပဝယ်လက်တို့ အလုံးအရင်းဝင်ရောက်မှုကြောင့် အိမ်ခြံမြေဈေးများ အလွန်မြင့်တက်ကာ နိုင်ငံသားများ၏ လူနေမှုစရိတ် အလွန်ကြီးမြင့်လာခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းမှ စတင်ကာ စည်းမျဉ်းများတင်းကျပ်လာခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစည်းမျဉ်းများ တင်းကြပ်လိုက်ပြီးနောက်ပိုင်း အရောင်းအဝယ် ၆၁ ခု ဖြစ်ပေါ်ခဲ့ရာတွင် သြစတေးလျဒေါ်လာ ၁၀၇ သန်းဖိုးသာ ရှိခဲ့ကြောင်း သြစတေးလျဘဏ္ဍာရေးဝန်ကြီး စကော့ မောရစ်ဆန်က ပြောကြားသည်။

ယခုပြန်လည်ဝယ်ယူသိမ်းဆည်းလိုက်သော အိမ်ခြံမြေ ၁၅ ခုမှာ မလေးရှား၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဂျာမနီ၊ ဗြိတိန်နှင့် အီရန်နိုင်ငံသားတို့ ပိုင်ဆိုင်သော နေအိမ်များ ဖြစ်ကြသည်။

ယင်းနိုင်ငံသားများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစိစစ်ရေးဘုတ်အဖွဲ့မှ ခွင့်ပြုချက်မရခဲ့သောကြောင့် နေအိမ်များ ပြန်လည်ရောင်းချရန် ဖိအားပေးခံခဲ့ရခြင်းလည်း ဖြစ်သည်။

သြစတေးလျနိုင်ငံတွင်ရှိသော နာမည်ကျော်မြို့ကြီးများ၏ အိမ်ခြံမြေဈေးနှုန်းများမှာ အလွန်မြင့်တက်လာခဲ့ကြောင်း Demographia မှ ပြုလုပ်သည့် စစ်တမ်းတစ်ရပ်တွင် ဖော်ပြသည်။

ဆစ်ဒနီသည် ကမ္ဘာပေါ်တွင် အိမ်ခြံမြေဈေးနှုန်းအမြင့်မားဆုံးမြို့ကြီးများစာရင်းတွင် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service