ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ကမ္ဘာ့တတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဘေးဇော့စ်သည် သတင်းထောက်တစ်ဦးဖြစ်သူ လော်ရန်ဆန်းချက်ဇ်နှင့် အီတလီနိုင်ငံ၊ ဗင်းနစ်မြို့တွင် ထိမ်းမြားမင်္ဂလာပွဲ ကျင်းပလျက်ရှိသည်။
ဇွန်လ ၂၈ ရက်အထိ ကျင်းပမည့် အခမ်းအနားအစီအစဉ် အသေးစိတ်ကို လျှို့ဝှက်ထားကာ လုပ်ဆောင်လျက်ရှိခြင်း ဖြစ်သည်။
ဂျက်ဘေးဇော့စ်၏ မင်္ဂလာပွဲကြောင့် ဗင်းနစ်၏ အခြေအနေများ ကသောင်းကနင်းဖြစ်မည်ကို စိုးရိမ်သော ဒေသခံအချို့က ဆန္ဒပြနေကြသောကြောင့် ယခုကဲ့သို့ အခမ်းအနားအစီအစဉ်များ လျှို့ဝှက်လုပ်ဆောင် ခြင်းလည်း ဖြစ်သည်။
မင်္ဂလာပွဲ စီစဉ်သူ party planner တို့ကမူ မိမိတို့အနေဖြင့် ဗင်းနစ်နှင့် ဒေသခံတို့ကို လေးစားမှုထားကြောင်း ပြောသော်လည်း ဆန္ဒပြသူတို့က လက်မခံကြဘဲ လူအများအပြားရောက်ရှိလာခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ကြောင်း ပြောဆိုကြသည်။
တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသည်ပေါင်း သန်း ၃၀ ခန့် လာရောက်လည်ပတ်သည့်မြို့ဖြစ်သော်လည်း ဂျက်ဘေးဇော့စ်တို့စုံတွဲနှင့် မင်္ဂလာပွဲတက်မည့် ဧည့်သည်တော် ၂၀၀ ဦးကို မြို့ခံအချို့က ဆန္ဒပြနေခြင်း ဖြစ်သည်။
သို့သော် ဗင်းနစ် မြို့တော်ဝန်၏ ထောက်ခံအားပေးမှုဖြင့် မင်္ဂလာပွဲကြီး ဆက်လက်ကျင်းပလျက်ရှိပြီး ဖိတ်ခေါ်ထားသည့် အထူးဧည့်သည်တော်များလည်း တဖွဲဖွဲရောက်ရှိလာနေကြသည်။
(အီဗန်ကာ ထရမ့် (ဒေါ်နယ်ထရမ့်၏ သမီး) နှင့် ခင်ပွန်းဖြစ်သူ ဂျရက် ကွတ်ရှ်နာတို့ လှေဖြင့် ရောက်ရှိလာပုံ)
(ဗင်းနစ်မြို့၊ Gritti Palace ဟိုတယ်ထဲမှ ထွက်လာသော လီယိုနာဒို ဒီကာပရီယို)
(လှေတစ်စင်းဖြင့် ရောက်ရှိလာသော R&B အဆိုတော် Usher)
(ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ ဗင်းနစ်ရှိ ဟိုတယ်တစ်ခုသို့ လှေတစ်စင်းဖြင့် ရောက်လာပုံ။ ဓာတ်ပုံ-Luca Bruno/AP)
(ဗင်းနစ်ရှိ Gritti Palace ဟိုတယ်ထဲမှ ထွက်လာသော နာမည်ကြီးမော်ဒယ် Vittoria Ceretti )
(Gritti Palace ဟိုတယ်ထဲမှ ကင်မ် ကာဒါရှီယန် ထွက်လာပုံ)
(အမေရိကန်သရုပ်ဆောင် Corey Gamble နှင့် ခရစ္စဂျင်းနာတို့စုံတွဲကို ဗင်းနစ်တွင် လှေတစ်စင်းပေါ်၌ တွေ့ရပုံ)
(ဖယ်ရီလှေတစ်စင်းပေါ်သို့ တက်နေသော ခလို ကာဒါရှီယန်)
(သတင်းထောက်များကို လက်ပြနေသော လော်ရန် ဆန်းချက်ဇ်)
(Gritti Palace ဟိုတယ်ထဲမှ ထွက်လာသော အမေရိကန်ဘောလုံးသမားဟောင်း Tom Brady)
(Gritti Palace ဟိုတယ်ထဲမှ ထွက်လာပြီးနောက် လက်ပြနှုတ်ဆက်နေသော အော်ပရာ ဝင်းဖရေး)
(ဖက်ရှင်ဒီဇိုင်နာ Sarah Staudinger ကို ဖယ်ရီလှေတစ်စင်းပေါ်တွင် တွေ့ရပုံ)
(သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတို့က ဂျက်ဘေးဇော့စ်၏ မင်္ဂလာပွဲကို ဆန္ဒပြခဲ့ကြပုံ)
(ကင်မ် ကာဒါရှီယန်၊ ခလို ကာဒါရှီယန်နှင့် အော်လန်ဒို ဘလွန်းတို့ကု ဗင်းနစ်တွင် တွေ့ရပုံ)
(ဖယ်ရီလှေတစ်စင်းဖြင့် လိုက်ပါသွားသော အော်ပရာ ဝင်းဖရေး)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: In pictures: Lauren Sanchez and Jeff Bezos’ Venetian wedding Photo Credit- Andrea Pattaro/AFP/Getty Images, Luca Bruno/AP, Guglielmo Mangiapane/Reuters, Yara Nardi/Reuters, Matteo Chinellato/IPA/Sipa USA, Manuel Silvestri/Reuters, DKPAR/KCS Presse/MEGA