ဂရန်ကြောင့် တိုင်ပတ်ကြသူများ...

ဂရန်ကြောင့် တိုင်ပတ်ကြသူများ... - Property Knowledge in Myanmar from iMyanmarHouse.com
31 Jan 2017 12:20 pm တွင် တင်ခဲ့သည်
2362 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ခွဲခြမ်းပြီး ရောင်းချတဲ့ မြေကွက်တွေနဲ့ အကွက်သစ် ရိုက်ပြီး ရောင်းချတဲ့ မြေ ကွက်တွေ ဝယ်ယူထားတဲ့ သူတချို့မှာ ဂရန်အမည်(ခြံအမှတ်) လွဲမှားကြ တာတွေ ရှိ သလို အကွက်ကျယ်ဖြစ်ဖို့ ပြန်ဝယ်ရာမှာ လည်း ခြံတစ်ကွက် တည်း မရရှိတဲ့ ပြဿသာနာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

‘ဝယ်တုန်းကတော့ ဂရန်ရော၊ စာချုပ်ရော အမှန်ပဲ၊ ကိုယ်တွေက အိမ်ပြန်ပြင် လို့ ခြံခတ်တော့မှ စည်ပင်ကို မြေအကျယ်အဝန်း တိုင်းခိုင်းတော့မှ
ကိုယ့်အိမ်က ဂရန်က ဘေးအိမ် နံပါတ်မှန်း သိရတယ်။ ဘေးအိမ်နဲ့က ခင်နေတော့ ဒီအတိုင်းပဲ အရောင်းအဝယ် စာချုပ်နဲ့ အကုန်လုံးကို မူလ ဝယ်ထားတဲ့ ပိုင်ရှင်နဲ့ ပြန်ရှင်းရတယ်’ လို့ တောင်ဒဂုံ(၂၀)(က) ရပ်ကွက် မှာ ပေ၂၀ x ပေ ၆၀ အိမ်ဝယ်ယူတဲ့ မတင်အေးကြည်က သူ့အဖြစ်အပျက်ကို ရှင်းပြပါတယ်။


ရှင်းမရလို့ ဖြိုရတယ်။

သည်လို ပြဿနာတွေ ဖြစ်ပေါ်ရတဲ့ မြေတွေကတော့ မြေပိုင်ရှင်တစ်ဦးတည်းက အိမ်ကို အစိုးရက ချပေးတဲ့ ပေ၄၀ xပေ၆၀၊ နှစ်ကွက်ခွဲပြီး (A)(B), (က)(ခ) ခွဲရောင်းတဲ့ အကွက်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရက လယ်ကွင်းနဲ့ မြို့သစ်တည်ဆောက်မှုတွေမှာ အကွက်အများကြီးကို နံပါတ် အစဉ်လိုက် တစ်ခါတည်း ဝယ်ယူထားပြီးတစ်ကွက်ချင်း ပြန်ရောင်းတဲ့ အခါမှာလည်း မြေ ကွက်အမှတ်နဲ့ ဂရန်ပေါက်မြေကွက် နံပါတ် လွှဲမှားနေတဲ့ပြဿ နာတွေ ရှိနေပါတယ်။

တချို့အကွက်သစ်ချတဲ့ မြေကွက်တွေမှာ အဆောက်အအုံ မှားယွင်းဆောက် လုပ်မိတဲ့ ပြဿနာတွေမှာတော့ တကယ်မြေပိုင်ရှင်က ငွေကြေးအဆမတန်
တောင်းဆိုမှုကြောင့် တစ်တိုက်လုံး ဖြိုဖျက်ပေးလိုက်ရ တဲ့ ပြဿနာတွေ လည်း ဖြစ်ပေါ်ခဲ့ပါတယ်။ သည်လို ပြဿနာနေတွေမှာ ပျဉ်ထောင်အိမ်ဆောက် လုပ်ထားသူတွေအတွက် အရွှေ့အပြောင်းက ပြဿနာမရှိပေမဲ့ တိုက်အိမ်ပတ် ကား ဆောက်လုပ်သူတွေ အတွက်တော့ ဆုံးရှုံး နစ်နာမှုကြီးတယ်လို့ သိရ ပါတယ်။

‘တချို့မြေပိုင်ရှင်တွေက တိုက်အိမ်ဆောက်ထားတဲ့ ဈေးလောက်ကို လိုချင် ကြတာ၊ အမှန်ဆို မြေကွက်ထက် အမြတ်ကို ကြည့်တော့ ညှိနှိုင်းမရလို့ အဆုံးခံ ဖြိုတာတွေလဲရှိတယ်။ အမှန်ဆို ဘေးချင်းကပ် မြေကွက်ချင်းလဲလို့ အဲဒီလောက်ကြီး မထိခိုက်ဘဲ အမြတ်ရှာကြတာ’ လို့ အိမ်ခြံမြေ အကျိုးေ ဆာင် ကိုသစ္စာက ပြောပါတယ်။

သည်လို မြေကွက်နေရာနဲ့ အမည်ပေါက် နာမည်လွဲခဲ့တဲ့ ပြဿနာတွေဟာ အဆောက်အအုံ ဆောက်လုပ်တဲ့အခါ ပုံစံတင်မှုထက် ခြံစည်းရိုးခတ်ဖို့ ဌာနက မြေလာတိုင်းတဲ့ အခါမှ သိရှိကြတာ များတယ်လို့ သိရတယ်။

ရောင်းပေမဲ့ ဝယ်ဖို့ ခက်နေ

သည်လို(က)(ခ)ခွဲရောင်းတဲ့ မြေကွက်တွေမှာ အိမ်နံပါတ်ကွဲလွဲတာကြောင့် တစ်ခြံတည်း မြေကွက်ကျယ်လိုချင်တဲ့ ဝယ်လက်အနေနဲ့ အခက်ကြုံရ တဲ့ ပြဿ နာတွေလည်း ရှိပါတယ်။

‘ကိုယ့်အိမ်နံပါတ်က ၃(က)ဝယ်ထားလို့ ဘေးက ရောင်းတဲ့အိမ်ကို ဝယ် ချင်ပေမဲ့ ဘေးချင်းကပ်ကို သူက ၂(ခ) ဖြစ်လို့ ဂရန် တစ်ခုတည်း လျှောက်ဖို့ ခက်လို့ မဝယ်ဖြစ်တာ၊ အစက ပေ၂၀ x ပေ ၆၀ ဖြစ်ပေမဲ့ ပေ ၄၀ x ပေ ၆၀ လိုချင်လို့ ချဲ့ဝယ်တဲ့အခါ လိုချင်တာကို ဝယ်မရလို့ ဈေးပိုပေးဝယ်ရတာ’ လို့ တောင်ဒဂုံမြို့နယ် မှာနေတဲ့ ဒေါ်ရင်ရင်သန်းက ပြောပါတယ်။

တချို့မြေကွက်တွေမှာ ဘေးချင်းကပ် အိမ်တွေရောင်းဝယ်ကြပေမဲ့ နံပါတ် မတူညီတဲ့ ပြဿနာတွေကြောင့် သက်ဆိုင်ရာဌာနမှာ ဂရန်အမည်ပြောင်း လုပ် တဲ့အခါ နှစ်ခါပြန် အချိန်ကြာတာတွေ ဖြစ်ပေါ်ရပါတယ်။ ဒါကြောင့် ဂရန်မြေ တစ်ခုတည်းကို (က)(ခ) ခွဲခြမ်းပြီး ရောင်းချတဲ့ အိမ်တွေကို ဝယ်ယူသူတွေ အနေနဲ့ မိမိဝယ်ယူထားတဲ့ မြေစာရင်းကို သက်ဆိုင်ရာဌာနမှာ စစ်ဆေးရုံ သာမက မြေကွက်ကိုပါ ကွင်းဆင်းတိုင်းတာပြီး အမည်နဲ့ မြေကွက် မှန်မမှန် စစ်ဆေးသင့်တယ်လို့ သိရပါတယ်။

သည်လို ပြဿနာတွေဟာ ခိုင်ခန့်ပြီး ရွှေ့ပြောင်းမရတဲ့ အဆောက်အ အုံတွေ ဆောက်လုပ်မိပြီး အကွက်မှန်ကို ပြန်မလဲနိုင်ပါက ဆုံးရှုံးနစ်နာမှု ကြီးနိုင်ပါတယ်။ သည်လို ပြဿနာအများစုကတော့ မြေကွက်ကို ခွဲခြမ်းရောင်း ချတဲ့ မြို့နယ်တွေနဲ့ မြေကွက်အသစ်တွေကို အကွက်ရိုက်ကာ စတင်ပေးတဲ့ မြို့သစ်တွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။


Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service