ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာတစ်စုလျှင် အမြင့်ဆုံး ကျပ် ၄၄၀၀၀၊ အနိမ့်ဆုံးဈေး ကျပ် ၃၄၀၀၀ နှင့် ကြမ်းခင်းဈေးအဖြစ် ရှယ်ယာတစ်စု ကျပ် ၃၉၀၀၀ သတ်မှတ်

ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာတစ်စုလျှင် အမြင့်ဆုံး ကျပ် ၄၄၀၀၀၊ အနိမ့်ဆုံးဈေး ကျပ် ၃၄၀၀၀ နှင့် ကြမ်းခင်းဈေးအဖြစ် ရှယ်ယာတစ်စု ကျပ် ၃၉၀၀၀ သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
24 Jan 2017 11:02 am တွင် တင်ခဲ့သည်
821 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့ အိတ်ချိန်း၏ စတုတ္ထမြောက် စာရင်းဝင် ကုမ္ပဏီဖြစ်လာခဲ့သည့် ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာတစ်စုလျှင် အမြင့်ဆုံးဈေးအဖြစ် ကျပ် ၄၄၀၀၀၊ အနိမ့် ဆုံးဈေး ကျပ် ၃၄၀၀၀ နှင့် ကြမ်းခင်းဈေးအဖြစ် ရှယ်ယာတစ်စု ကျပ် ၃၉၀၀၀ သတ်မှတ်လိုက်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ဇန်န၀ါရီ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ရန်ကုန်စတော့ အိတ်ချိန်းတွင် ပထမ ဆုံး စတင်ရောင်းချခဲ့သည့် FMI ရှယ်ယာသည် ကြမ်းခင်းဈေး ကျပ် ၂၆၀၀၀ ဖြင့်စတင်ခဲ့ပြီး အမြင့်ဆုံးဈေးတွင် ကျပ် ၃၁၀၀၀ နှင့် အနိမ့်ဆုံးဈေးတွင် ကျပ် ၂၁၀၀၀ သတ်မှတ်ခဲ့ရာတွင် အမြင့်ဆုံးဈေးဖြင့် စတင်ရောင်းချ နိုင်ခဲ့သည်။ ထို့အတူ သီလ၀ါ ရှယ်ယာသည်လည်း အမြင့်ဆုံးဈေးအဖြစ် သတ်မှတ်သည့် ရှယ်ယာတစ်စု ကျပ် ၅၀၀၀၀ ဖြင့် အရောင်းအ၀ယ် ဖြစ်ခဲ့သကဲ့သို့ မြန်မာနိုင်ငံသားများ ဘဏ်သည်လည်း အမြင့်ဆုံးဈေးအဖြစ် သတ်မှတ်သည့်နှုန်းထား ကျပ် ၇၈၀၀ ဖြင့်ပင် စတင်အရောင်းအ၀ယ် ဖြစ်ခဲ့သဖြင့် ပထမ ပုဂ္ဂလိကဘဏ်၏ ရှယ်ယာသည်လည်း စတင်ရောင်းချသည့်နေ့တွင် အမြင့်ဆုံးဈေးဖြစ်သည့် ကျပ် ၄၄၀၀၀ ဖြင့်ပင် အရောင်းအ၀ယ် ဖြစ်ပေါ်နိုင်မည်ဟု ဈေးကွက်အတွင်း ခန့်မှန်းနေသည်။

ရန်ကုန်စတော့ အိတ်ချိန်းသို့ ၀င်ရောက်မည့် ပထမ ပုဂ္ဂလိကဘဏ်၏ ရှယ်ယာတစ်စု တန်ဖိုးမှာ လက်ရှိရောင်းဈေး၏ နှစ်ဆခန့်ရှိနေပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ၀င်ငွေခွန် ကျပ်သန်းပေါင်း ၂၁၃၇ ကျော် ပေးဆောင်ခဲ့ကြောင်း ပထမ ပုဂ္ဂလိကဘဏ်၏ (၉) ကြိမ်မြောက် အထူးအစည်းအဝေးနှင့် (၂၅) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးသို့ တင်သွင်းသည့် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာအရ သိရသည်။ ပြင်ပစာရင်းစစ် အစီရင်ခံစာအရ အစုတစ်စု တန်ဖိုးမှာ ယမန်နှစ် ဘဏ္ဍာနှစ်တွင် ကျပ် ၂၁၉၈၄ ရှိပြီး ဘဏ်ပိုင်မြေနှင့် အဆောက်အအုံများ၏ အသားတင် တိုးလာသည့် ကာလတန်ဖိုးများကို ထည့်သွင်းတွက်ချက်မည် ဆိုပါက အစုတစ်စုတန်ဖိုးမှာ ရှယ်ယာရောင်းဈေး၏ နှစ်ဆခန့် ရှိနေခြင်းဖြစ်သည်။ ပထမပုဂ္ဂလိကဘဏ် အနေဖြင့် ဘဏ်ပိုင်မြေနှင့် အဆောက်အအုံများ၏ ကာလတန်ဖိုးမှာ ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် ကျပ် ၃၁၆၉၉ သန်းကျော် ရှိနေကြောင်း အစီရင်ခံစာအရ သိရသည်။

လက်ရှိအချိန်အထိ ပထမပုဂ္ဂလိက ဘဏ်၏ မတည်ရင်းနှီးငွေမှာ ကျပ် ၇၆ ဘီလျံကျော်ရှိပြီး ဘဏ်ခွဲ ၃၂ ခု ဖွင့်လှစ်ထားကာ လာမည့် ဘဏ္ဍာနှစ်အတွင်း ဘဏ်ခွဲခုနစ်ခု ထပ်မံဖွင့်လှစ်ရန် စီစဉ်ထားသည်။ ဘဏ်၏ ရှယ်ယာတစ်စု တန်ဖိုးကို ၂၀၁၆ ခုနှစ် မေ ၂ ရက်က ကျပ် ၃၀၀၀၀ အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ရှယ်ယာတစ်စုလျှင် ၀င်ငွေ ၂၉၈၄ ကျပ် ရရှိခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း၏ စတုတ္ထမြောက် ကုမ္ပဏီအဖြစ် ပထမပုဂ္ဂလိကဘဏ် စာရင်းဝင်လာပြီး အစုရှယ်ယာများကို ဇန်န ၀ါရီ ၂၀ ရက်တွင် စတင်ရောင်းချမည် ဖြစ်သော်လည်း အစုရှယ်ယာ အမှတ် ၂၉၈၈၉ မှ ၃၁၄၃၉ အထိ အစုရှယ်ယာများမှာ လာမည့် ဧပြီ ၂၀ ရက်တွင်မှ ရန်ကုန်စတော့ အိတ်ချိန်းတွင် စတင်ရောင်းချနိုင်မည်ဟု ပထမပုဂ္ဂလိကဘဏ်က ထုတ်ပြန်ထားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service