မြန်မာနိုင်ငံသားများဘဏ်၏ ရှယ်ယာဈေးနှုန်းမြင့်တက်သီလ၀ါဈေးနှုန်းများ ကျဆင်း

မြန်မာနိုင်ငံသားများဘဏ်၏ ရှယ်ယာဈေးနှုန်းမြင့်တက်သီလ၀ါဈေးနှုန်းများ ကျဆင်း - Property News in Myanmar from iMyanmarHouse.com
17 Jan 2017 10:19 am တွင် တင်ခဲ့သည်
1921 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ်ချိန်းတွင် ယခုအပတ် ဈေးကွက်အဖွင့် မြန်မာနိုင်ငံသား
များဘဏ်၏ ရှယ်ယာဈေးနှုန်းမြင့်တက် ခဲ့သော်လည်း သီလ၀ါအများပိုင်ကုမ္ပဏီ (MTSH) ၏ ရှယ်ယာဈေးနှုန်းကျဆင်းခဲ့ကြောင်း စတော့ဈေးကွက်လေ့လာသူများထံမှ သိရသည်။

လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် အများပိုင်ကုမ္ပဏီသုံးခုမှ ယင်းတို့၏အစုရှယ်ယာများအား အရောင်းအ၀ယ်ပြုလုပ်လျက်ရှိပြီး ယခု အပတ် ဇန်န၀ါရီ ၂၀ ရက်တွင် ပထမပုဂ္ဂလိကဘဏ်၏ရှယ်ယာများ အား ရန်ကုန်စတော့အိတ်ချိန်းတွင် စတင်အရောင်းအ၀ယ်ပြုလုပ်မည်
ဖြစ်သော်လည်း ရှယ်ယာဈေးကွက်မှာအေးစက်နေကြောင်း စတော့ဈေး ကွက်လေ့လာသူများထံမှ သိရသည်။

စတော့ဈေးကွက်လေ့လာသူ ဦးမြင့်နိုင်က ""ပုံမှန်ဆိုရင်ကုမ္ပဏီအ သစ်ဈေးကွက်ထဲကိုဝင်မယ့်အပတ်ဆိုရင် ရှယ်ယာဈေးရောအရောင်း အ၀ယ်ပါ သိသိသာသာအပြောင်းအလဲဖြစ်ပေမယ့် ဒီအခါတော့ဈေး ကွက်က တော်တော်လေးနေတယ်။MCB ရဲ့ရှယ်ယာဈေးတက်ပြီး MTSH ဈေးကျတယ်ဆိုပေမယ့် သိပ်မသိသာဘူး""ဟု ဇန်န၀ါရီ ၁၆ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ယခု ဇန်န၀ါရီ ၁၆ ရက် ရန်ကုန်စတော့အိတ်ချိန်းတွင် မြန်မာ နိုင်ငံသား
များဘဏ် (MCB) ရှယ်ယာအဖွင့်ဈေးမှာ ရှယ်ယာတစ်စုလျှင် ကျပ် ၉၁၀၀ ဖြစ်ပြီး မွန်းလွဲ ၁ နာရီ ဈေးကွက်အပိတ် ကျပ် ၉၂၀၀ သို့ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဇန်န၀ါရီ ၁၆ ရက်တွင်
ရှယ်ယာစုစုပေါင်း အရေအတွက် ၁၁၈ ခု၊ စုစုပေါင်းတန်ဖိုး ကျပ် ၁၀၈၅၆၀၀ ဖြစ်သည်။

အလားတူ ဇန်န၀ါရီ ၁၆ ရက်က သီလ၀ါအများပိုင်ကုမ္ပဏီ(MTSH)၏အဖွင့်ဈေး
မှာ ရှယ်ယာတစ်စုလျှင် ကျပ် ၄၅၀၀ မှ ဈေးကွက်အပိတ်တွင်ကျပ် ၄၄၀၀ သို့ကျဆင်းခဲ့ပြီး ရှယ်ယာစုစုပေါင်းအရေအတွက် ၄၃၈၆ ခု၊
စုစုပေါင်းတန်ဖိုး ကျပ် ၁၉၅၁၉၀၀၀ ဖြစ်ကြောင်း သိရသည်။

စတော့ဈေးကွက်လေ့လာသူ ဦးကြည်ရှိန်က ""လက်ရှိ စတော့ဈေး ကွက်ကို ယုံကြည်တဲ့သူနည်းနေပြီး ဈေးကွက်ထဲကို အုံနဲ့ကျင်းနဲ့ဝယ်ယူမယ့်သူတွေ မ၀င်လာသေးဘဲနဲ့တော့ လက်ရှိစတော့ဈေးကွက်က အခြေ အနေကောင်း
ဖို့မမြင်ဘူး""ဟု ဆိုသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service