ပင့်ကူအကောင်ရေ သန်းနဲ့ချီရောက်လာပြီး မိုင်ဝက်ခန့် ပင့်ကူအိမ်ကြီး ဖုံးလွှမ်းသွားတဲ့ အမေရိကန်က မြို့လေး (ထူးခြားဆန်းပြား ကမ္ဘာ့အိမ်ခြံမြေလောကအဖြစ်သနစ်များ -၄ )

ပင့်ကူအကောင်ရေ သန်းနဲ့ချီရောက်လာပြီး မိုင်ဝက်ခန့် ပင့်ကူအိမ်ကြီး ဖုံးလွှမ်းသွားတဲ့ အမေရိကန်က မြို့လေး (ထူးခြားဆန်းပြား ကမ္ဘာ့အိမ်ခြံမြေလောကအဖြစ်သနစ်များ -၄ ) - Property News in Myanmar from iMyanmarHouse.com
16 Jan 2017 11:58 am တွင် တင်ခဲ့သည်
2675 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၊ မန်းဖစ်စ်မြို့ကလေးသို့ ပင့်ကူအကောင်ရေ သန်းနှင့်ချီ၍ ရောက်ရှိလာကာ မိုင်ဝက်ခန့် ကြီးမားသည့် ပင့်ကူအိမ်ကြီး ဆောက်လုပ်ခဲ့သည့်သတင်းမှာ မန်းဖစ်စ်မြို့သူမြို့သားများကိုပါ ခြောက်ခြားစေရုံမကဘဲ ကမ္ဘာ့အိမ်ခြံမြေ ဝက်ဘ်ဆိုက်များတွင်လည်း တဟုန်ထိုး ပျံ့နှံ့ခဲ့သည့် ဖြစ်ရပ်ဖြစ်ခဲ့သည်။

အဆိုပါဗွီဒီယိုဖိုင်ကို https://goo.gl/0lXUCV အင်တာနက်လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။ပင့်ကူများသည် မြက်ခင်းများပေါ်တွင် ကြီးမားကျယ်ပြန့်လှသော
ပင့်ကူအိမ်ကြီး တည်ဆောက်ထားရာ အဝေးမှလှမ်းမျှော်ကြည့်ရှုလျှင် မြူနှင်းများ ဖုံးလွှမ်းနေသကဲ့သို့ မှတ်ထင်ရသည်ဟု ဆိုသည်။

“အဲဒီဖြစ်ရပ်ကတော့ သဲထိတ်ရင်ဖိုရုပ်ရှင်ကားတွေထဲကလို ကြုံခဲ့ရတာပါ။ နေရာတိုင်းမှာ ပင့်ကူတွေ ဝဲနေတယ်။ ထိုင်စရာနေရာတောင် မရှိအောင်ပါပဲ” ဟု ဒေသခံတစ်ဦးဖြစ်သူ ဒီဘရာ လူးဝစ်က ပြောကြားခဲ့ဖူးသည်။

“အဲဒီမနက်ခင်း ကျွန်တော်အိပ်ယာထလာပြီး တံခါးဖွင့်လိုက်တော့ တံခါးပေါ်မှာ ပင့်ကူတွေမည်းနေတာ အပြည့်အနှက်ပဲ။ ပြီးတော့ အကုန်အိမ်ထဲဝင်လာကြတယ်” ဟု အခြားအိမ်ရှင်တစ်ဦးက ပြောကြားသည်။

တင်နက်ဆီတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ ဆူဇန် ရီချာ့ထ်က ပြောကြားရာတွင် ရာသီဥတုပူနွေးမှုကြောင့် ပင့်ကူများ ရောက်ရှိလာခြင်းဖြစ်ကြောင်းနှင့် အဆိုပါပင့်ကူမျိုးမှာ အန္တရာယ်မပြုတတ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ပင့်ကူများသည် နောက်ပိုင်းတွင် အလိုအလျောက် ပြန်လည်ပျောက်ကွယ်သွားကြသည်။
အထက်ပါဖြစ်ရပ်ဖြစ်ပွားခဲ့သည်မှာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ လကုန်ပိုင်းကဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service