အောင်မြင်လိုတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဆောင်ရွက်သင့်သည့်အချက် ၁၂ ချက် (၁)

အောင်မြင်လိုတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဆောင်ရွက်သင့်သည့်အချက် ၁၂ ချက် (၁) - Property Knowledge in Myanmar from iMyanmarHouse.com
6 Jan 2017 12:01 pm တွင် တင်ခဲ့သည်
1127 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ရေရှည်အောင်မြင်ဖို့ အတွက်အတိတ်ကိုပြန်ကြည့်ပြီး၊ အနာဂတ်အတွက်ပြင်ဆင်ဖို့ ကအရေးကြီးပါသည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ လိုက်နာသင့်တဲ့အချက် ၁၂ချက်ကိုတင်ပြလိုက်ပါသည်။

၁. ရေတိုအတွက်ပဲ မစဉ်းစားပါနဲ့။

စွန့်ဦးတီထွင်လုပ်ငန်းရှင်များရဲ့ အကြီးဆုံးပြသနာသည် လုပ်ငန်းတစ်ခုကို အမြန်ဆောင်ရွက်ခြင်းဖြစ်ပြီး၊အတိတ်က ကိုယ် လုပ်ဆောင်ခဲ့တာတွေရဲ့ အောင်မြင်မှု၊ကျဆုံးမှုတို့ကို ပြန်မသုံးသပ်တာဖြစ်ပါသည်။ ဒီလို လုပ်ငန်းရှင်များသည် နောက်နေ့ဘာလုပ်မယ်ဆိုတာကိုပဲ စဉ်းစားပြီး၊ ရေရှည်ကိုမစဉ်းစားကြပါဘူး။

ဒီဆောင်းပါးရှင်သည်လည်း Christmas မတိုင်ခင်တစ်ပတ်ကို ရုံးကနေအနားယူပြီး၊ မိသားစုနဲ့ခရီးထွက်ကာ ယခုနှစ် ဆောင်ရွက်ချက်များနဲ့၊ နောင်နှစ်လုပ်ဆောင်လိုသည်များကို အစီအစဉ်ရေးဆွဲပါသည်။ရုံးနဲ့ခနကွာဝေးတာဟာအတွေးအခေါ်ကွန့်မြူးဖို့နဲ့ ပြသနာတွေဖြေရှင်းဖို့နည်းလမ်းကောင်းတွေကိုနားလည်စေ ပါသည်။

ဒီတော့ တစ်ရက်လောက်ကို ကိုယ်အယုံကြည်ရဆုံးသူနဲ့ မိမိနဲ့ဆောင်ရွက်ချက်တွေနဲ့ ရေရှည်လုပ်ငန်းဆောင် ရွက်လိုတာတွေကိုဆွေးနွေးသင့်ပါသည်။

၂. စွန့်ဦးတီထွင်သူများဟာ စိတ်ကူးယဉ်သူများဖြစ်ကြပါသည်။ သူတို့ဟာ ကိုယ်တိုင် စီမံခန့်ခွဲနိုင်တာထက်ပိုပြီး တွေးထားတဲ့ လုပ်ငန်းတွေအများကြီးပါပဲ။ ဒီတော့ နှစ်သစ်စပြီဆိုတာနဲ့ ရက် ၉၀ အတွင်း ကိုယ်လုပ်လိုတာတွေကို ချရေးထားပြီး၊ ၃လတိုင်း ပြန်ပြီးဆန်းစစ်ပါ။

ကိုယ်လုပ်ချင်တဲ့ အစီအစဉ်တွေကို စာရွက်တစ်ရွက်ထဲမှာချရေးပါ။ ပြီးတော့ ဒီထဲမှာအရေးအကြီးဆုံးတွေကိုပြန် ရွေးထုတ်ပါ။ ဒီထဲမှာမှ တစ်လအတွင်းရချင်တာ ၃လအတွင်းအကောင်အထည်ဖော်မှာနဲ့ ၆လအတွင်းအကောင် အထည်ဖော်မယ့်အရာတွေကို ရွေးထုတ်ပါ။ ပြီးတော့ဒီလိုချင်တဲ့ ပန်းတိုင်ကိုရရှိဖို့အတွက် ဘာတွေလုပ်ဆောင် ရမယ်၊ ဘယ်သူတွေပါဝင်ရမယ်နဲ့ ဘယ်တော့ပြီးရမယ်ဆိုတာကိုချရေးထားပါ။

၃. ဆင်ခြေတွေကို ခနဖယ်ထုတ်ထားပါ။

ကိုယ်က ကိစ္စတစ်ခုကိုအဖြေရှာဖို့လား၊ ဒါမှမဟုတ် ဘ၀ရဲ့victim (သားကောင်)အနေနဲ့နေမှာလား။ ကိစ္စတိုင်းရဲ့ အဖြေကိုအာရုံစိုက်သူတစ်ယောက်သည် ဆင်ခြေပေးလေ့ပေးထမရှိပါဘူး။ ဒါပေမယ့် ဘ၀ရဲ့ victim အဖြစ်ရပ် တည်သူတစ်ဦးသည် ဆင်ခြေများဖြင့်ရပ်တည်နေတာပါ။

ဒီတော့ ၂၀၁၇ ခုနှစ်မှာ အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်ဖို့အတွက်၊ ဆင်ခြေပေးလွန်းတဲ့ victim အနေနဲ့မနေသင့်တော့ပါဘူး။

၎. ဘယ်လောက်သုံးမယ့်ဆိုတဲ့ Budget ကိုသတ်မှတ်ထားပါ။

ကိုယ်သုံးမယ့်ဘတ်ဂျက်ကို သတ်မှာထားတာဟာ အောင်မြင်ချင်တဲ့လုပ်ငန်းအတွက် အရေးကြီးပါသည်။ ကိုယ် overhead အတွက်ဘယ်လောက်သုံးနေပါသလဲ။ ကိုယ့်လုပ်ငန်းရဲ့ အသားတင်အမြတ်ကဘယ်လောက်ပါလဲ။ ကိုယ်ဘယ်လို ဘတ်ဂျက်ဆွဲရမလဲဆိုတာ မသိရင်၊ အကူအညီယူပါ။ ဒါမှမဟုတ် စာရင်းအင်း software ကိုအသုံးပြုပါ။

၅. ကိုယ့်ကျန်းမာရေးအတွက်လဲ မမေ့ပါနဲ့။

လုပ်ငန်းရှင်တော်တော်များများဟာ ကုမ္ပဏီလုပ်ငန်းအောင်မြင်ဖို့ကိုပဲ အာရုံစိုက်ကြပြီး၊ ကိုယ့်ကျန်းမာရေးကို မေ့နေကြပါတယ်။ ဒီတော့ ကိုယ်လေ့ကျင့်ခန်းလုပ်ဖို့၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေ စားဖို့နဲ့ ကိုယ်ခန္ဓာကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ နဲ့ဘာသာရေးလုပ်ဖို့လည်း မမေ့သင့်ပါဘူး။ ဒီတော့ အချိန်အလိုက် ကျန်းမာရေးကိုဂရုစိုက်ဖို့လည်း မမေ့ပါနဲ့ ။

၆. အမြဲရှေ့ဆက်တိုးနေပါ။

မရပ်တန့်ပါနဲ့။ ၂၀၁၆မှာဘာတွေဘယ်လို ကုန်ဆုံးခဲ့ပါစေ၊ ရှေ့ကိုဆက်တိုးဖို့ကြိုးစားသင့်ပါသည်။ ကိုယ့်လုပ်ငန်း က၂၀၁၆ မှာမကောင်းခဲ့တောင်၊ အခြားစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေရဲ့ အားကျစရာတွေကို အတုယူသင့် ပါသည်။ ဒီလိုအောင်မြင်တဲ့လုပ်ငန်းရှင်များဟာလည်း သူတို့ လုပ်ငန်းအခြေအနေအရမ်းဆိုးဝါးချိန်မှာတောင် သူတို့လုပ်ငန်းကိုယုံကြည်ကြသူတွေဖြစ်ကြပါသည်။



Credit: Myanmar Advertising Directory

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကျောက်ကပ်အတွက် ဘယ်လို အသီးအနှံတွေက အကောင်းဆုံးလဲ။ ။
ကျောက်ကပ်အတွက် ဘယ်လို အသီးအနှံတွေက အကောင်းဆုံးလဲ။ ။
ခရီးသွားရင် အဝတ်အစားတွေကို ဘယ်လိုထုတ်ပိုးသွားသင့်သလဲ
ခရီးသွားရင် အဝတ်အစားတွေကို ဘယ်လိုထုတ်ပိုးသွားသင့်သလဲ
မြေအကြောင်း အသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေအကြောင်း အသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ကုန်သွယ်လုပ်ငန်းခွန်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကုန်သွယ်လုပ်ငန်းခွန်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာ့ဂရန်မြေ လျှောက်ထားရယူခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာ့ဂရန်မြေ လျှောက်ထားရယူခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service